အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသော မကွေးတိုင်းရှိ မြေလွတ်မြေရိုင်းများကို ပြန်လည်သိမ်းဆည်းမည် - Property News in Myanmar from iMyanmarHouse.com
840 Views

အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသော မကွေးတိုင်းရှိ မြေလွတ်မြေရိုင်းများကို ပြန်လည်သိမ်းဆည်းမည်

မကွေးတိုင်းဒေသကြီး တွင် မြေလွတ်မြေရိုင်းဧကနှစ် သိန်းကျော် လုပ်ကိုင်ခွင့်ရယူထား သော်လည်း အမှန်တကယ် လုပ်ကိုင်သည်မှာ ဧက ငါးထောင်ကျော်သာရှိကြောင်း တိုင်းဒေသ ကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတိုင်းဦးစီးမှူးဦးဇော်ဝင်းက ပြောသည်။

ထို့ကြောင့် လုပ်ငန်းမလုပ်သည့်မြေများကို ပြန်လည်သိမ်းဆည်းကာအမှန်တကယ်လုပ် ကိုင်လိုသူများအား ချထားပေးရန် စီစဉ်နေကြောင်း ၎င်းက ပြောကြားသည်။

မကွေးတိုင်းအတွင်းရှိ မြေလွတ်၊ မြေရိုင်းဧကနှစ်သိန်းကျော် (၂၀၄,၅၃၁ ဧက)ကို လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၆၆ ခုက လုပ်ကိုင်ခွင့်ရယူခဲ့ပြီး စိစစ်သည့်အခါ ၅,၁၇၉ ဧကသာလုပ်ကိုင်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

ထို့ကြောင့် တိုင်းအဆင့်နှင့် အထူးအဖွဲ့တို့ကစစ်ဆေး၍ လုပ်ပိုင်ခွင့်ရယူထားသူများကို ထုတ် ပေးထားသည့် Certificate ပြန်လည်သိမ်းဆည်း၍ လက်ရှိအမှန်တကယ်လုပ်ကိုင်နေ သည့်မြေနေရာများကိုသာ Certificate ပြန်လည်ထုတ်ပေးခြင်း ဖြင့် ကျန်မြေများအလိုအလျောက် သိမ်းဆည်းပြီးဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းမြေများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်မည့်သူများအား ပြန်လည်ချထားပေး မည်ဖြစ်သဖြင့် ၂၀၁၉ မတ်လ ၁၀ ရက်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

ယင်းသို့ချထားပေးမည့်အစီအစဉ်နှင့်ပတ်သက်၍ လျှော်ဖြူ စိုက်ပျိုးရေးလုပ်ကိုင်သူ ဦးဇာနည် က ‘‘မကွေးတိုင်းက မွေးမြူရေး လည်းဖြစ်တယ်။ ခုလို မြေလွတ် မြေရိုင်းဆို စိုက်ပျိုးရေးမှာ လျှော် ဖြူစိုက်ချင်တဲ့သူတွေ တော်တော်ရှိပါတယ်။ ခုလိုလျှောက်လို့ရရင်တော့ ကောင်းတာပေါ့’’ ဟု ပြောသည်။

မြေလွတ်မြေရိုင်း လျှောက် ထားလိုသူများသည် တစ်ဧက လျှင် ပရီမီယံကြေး ကျပ်တစ် သောင်းပေးသွင်းရမည်ဖြစ်သည်။ ထို့နောက်လေးနှစ်အတွင်းလုပ်ငန်းများ အကောင်အထည်ဖော် ပြီးမြောက်ရမည်ဖြစ်ပြီး လုပ်ငန်းအကောင်အထည်မပေါ်ပါက ပရီမီယံကြေးဆုံးရှုံးမည်ဖြစ်သည်။

သို့သော် သုံးနှစ်ကျော်အတွင်းရာသီသီးနှံ စိုက်ပျိုးခြင်း၊ မွေးမြူခြင်း အကောင်အထည်ဖော် အောင်မြင်ပါက ပုံစံ(၇) (လယ် ယာမြေပိုင်ဆိုင်ခွင့် လက်မှတ်) ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမှန်တကယ် လုပ်ကိုင်လိုသူများကို လျှောက်ထားစေလိုကြောင်း ၎င်းကဆိုသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service