ပြင်သစ်ချေးငွေရယူဆောင်ရွက်မည့် ရန်ကုန်စီမံကိန်းများကို လတ်တလောဆိုင်းငံ့ထားသင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ သဘောထားမှတ်ချက်ပေး - Property News in Myanmar from iMyanmarHouse.com
883 Views

ပြင်သစ်ချေးငွေရယူဆောင်ရွက်မည့် ရန်ကုန်စီမံကိန်းများကို လတ်တလောဆိုင်းငံ့ထားသင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ သဘောထားမှတ်ချက်ပေး

ပြင်သစ်ချေးငွေရယူဆောင်ရွက်မည့် ရန်ကုန်စီမံကိန်းများကို လတ်တလောဆိုင်းငံ့ထားသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ၊ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်aတ်ာကိုယ်စားလှယ် ဦးအောင်မင်းက ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။

ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၊ အဌမနေ့သို့ တင်ပြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတထံမှပေးပို့သော ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ချေးယူငွေ ယူရိုသန်း ၇၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ဖတ်ကြားစဉ် အထက်ပါအ တိုင်းတင်ပြခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတစ်လျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းဆောင်ရွက်ရေး မဟာဗျူဟာစီမံကိန်း အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ထံမှ ယူရို သန်း ၇၀ ချေးယူရမည့် အစီအစဉ်ကို လတ်တလောဆိုင်းငံ့ထားသင့်ကြောင်း သုံးသပ်ရရှိပါတယ်”ဟု ဆိုသည်။

အဆိုပါ စီမံကိန်းဖြစ်မြောက်နိုင်မှု လေ့လာသုံးသပ်ချက် အစီရင်ခံစာ Feasibility Study Report ပါ လုပ်ငန်းအချို့နှင့် စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးဆုံးဖြတ်ရန် လိုအပ်သဖြင့် ဆိုင်းငံ့ထားရသည့် လုပ်ငန်းများရှိ နေသည်ကို တွေ့ရကြောင်း၊ ချေးငွေကို စီမံကိန်းမှရရှိသော အကျိုးအမြတ်ရရှိငွေဖြင့် ပြည်လည်ပေးဆပ်ရမည် ဖြစ်သော်လည်း ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိနိုင်မှု ခန့်မှန်းခြေ စာရင်းအပါအဝင် လုပ်ငန်းစီမံကိန်း၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ စိစစ်သုံးသပ်ချက်များမပါရှိကြောင်း အစီရင်ခံစာ၏ အားနည်းချက်များကို လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ပြင် စီမံကိန်း လျာထားမြေနေရာများအတွက် စီမံကိန်းမြေနေရာရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ အချို့မြေနေရာများမှာ ပိုင်ဆိုင်မှု နှင့် စပ်လျဉ်း၍ သတင်းအချက်အလက်မပြည့်စုံ၍ ဆုံးဖြတ်ချက်ချရန် ဆိုင်းငံ့ထားရကြောင်း၊ လုပ်ငန်းစီမံကိန်း ဆောင်ရွက်မည့် အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ရှင်းလင်းဆွေးနွေးမှုများ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များသို့ ပွင့်လင်း မြင်သာစွာရှင်းလင်းဆွေးနွေးမှုများ မပြုလုပ်နိုင်ကြောင်း အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်သို့ တင်ပြခဲ့သည်။

အထူးသဖြင့် စီမံကိန်းလျာထားမြေနေရာများတွင် ကျူးကျော်နေထိုင်သူများရှိနေပြီး ၎င်းတို့အား ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်လျာထားချက်များကို ပွင့်လင်းစွာရှင်းလင်း ဆွေးနွေးမှုများပြုလုပ်ထားရှိမှုမရှိခြင်းနှင့် စီမံကိန်းလုပ်ငန်းပါ ကမ်းထိန်း၊ ကမ်းပတ်စင်္ကြံလုပ်ငန်းများကို ချောင်း၏ အနောက်ဖက်ကမ်းခြေနေရာတွင်သာ အဓိကထားဆောင်ရွက်ရန် လျာထားပြီး အရှေ့ဘက်ကမ်းခြေတွင် လျာထားမှုမရှိ၍ အရှေ့ဘက်ကမ်းခြေတွင် နေထိုင်သော ပြည်သူများအတွက်ထည့်သွင်းစဉ်းစားရန်လိုအပ်ခြင်းများရှိ နေကြောင်း ၎င်းက ပြောသည်။

“ဘယ်စီမံကိန်းပဲလုပ်လုပ် ပွင့်လင်းမြင်သာမှုနဲ့ ဒေသခံပြည်သူများရဲ့အားသာချက်၊ အားနည်းချက် များကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနဲ့ တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက်မယ့်ဌာန၊ အဖွဲ့အစည်းများကပေါင်းစပ်ညှိနှိုင်းပြီးမှ လုပ်သင့်တယ်။ လုပ်ငန်းအောင် မြင်မှုရှိစေရန်အတွက်လုပ်ငန်းမစခင်တည်းက မည်ကဲ့သို့အခက်အခဲများ ရှိနေမည်ကိုအဓိက ထားပြီး စဉ်းစား ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို အကျိုးဖြစ်မည်ဆိုလျှင်တော့ မည်သည့်စီမံကိန်းကိုမဆိုထောက်ခံပါတယ်”ဟု ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စောဝေက သတင်းမီဒီယာများသို့ပြောသည်။

 

Credit:  The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service