ရန်ကုန်မြို့သစ်စီမံကိန်း၏ မဟာဗျူဟာစီမံကိန်း ပထမအဆင့်ပြီးဆုံး၍ သက်ဆိုင်ရာခွင့်ပြုချက်ရပါက တင်ဒါခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
1230 Views

ရန်ကုန်မြို့သစ်စီမံကိန်း၏ မဟာဗျူဟာစီမံကိန်း ပထမအဆင့်ပြီးဆုံး၍ သက်ဆိုင်ရာခွင့်ပြုချက်ရပါက တင်ဒါခေါ်ယူမည်

ရန်ကုန်မြို့သစ်စီမံကိန်း စတင်ရန် မဟာဗျူဟာစီမံကိန်း (Master Plan)ရေးဆွဲမှုပထမအ ဆင့် ပြီးဆုံးပြီဖြစ်ပြီးသက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ရပါက တင်ဒါစတင်ခေါ်ယူမည်ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

NYDC အမှုဆောင်အရာ ရှိချုပ်ရုံးက အပတ်စဉ်ထုတ်ပြန်သည့်စာစဉ်တွင် အမှုဆောင်အ ရာရှိချုပ်နှင့်ဒုတိယဥက္ကဋ္ဌဦးသိမ်း ဝေ(ခ)ဆာ့ခ်ျပန်းက ရေးသားထား ပြီး အဆိုပါ Master Plan အတွက် ဒီဇင်ဘာ ၇ ရက်၌ အင်ဂျင်နီယာအသင်း၊ ဗိသုကာပညာရှင် များအသင်းတို့မှပညာရှင်များနှင့် သက်ဆိုင်သူများကို ဖိတ်ကြားကာအကြံဉာဏ်များရယူမည်ဟု ဦးသိမ်းဝေက ပြောသည်။

ထိုဆွေးနွေးမှုကို နေရာအကန့်အသတ်ကြောင့် လူနည်းစုကိုသာ ဖိတ်ကြားနိုင်မည်ဖြစ်ပြီး ဇန် န၀ါရီတွင် Master Plan ဒုတိယအဆင့် ပြုလုပ်မည်ဟုဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် နိုဝင်ဘာလကုန်တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့က အလုပ်သဘော လာရောက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့သည်။

‘‘ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ စပ်လျဉ်းပြီး ပြီးခဲ့တဲ့လအတွင်းမှာ ကျေနပ်အားရစရာတုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်’’ ဟု ဦးသိမ်းဝေက ဆိုသည်။

လက်ရှိတွင် စီမံကိန်းအတွက် Pre-Project Documents ကို အပြီးသတ်ရေးဆွဲပြီး ဖြစ်ကာ ထိုမူကြမ်းကိုတိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့်တိုင်းဒေသ ကြီးရှေ့နေချုပ်ရုံးသို့ တင်ပြမည် ဟုဆိုသည်။ ယင်းမှခွင့်ပြုချက် ရပါက PPD ကိုကြေညာပြီး NYDC Challenge ဖြင့်တင်ဒါစတင်ခေါ်မည်ဟုဆိုသည်။

NYDC Challenge ဆိုသည် မှာ စီမံကိန်းများကို ကုမ္ပဏီတစ်ခုက ကုန်ကျစရိတ်နှင့်ဒီဇိုင်းများ စတင်ရေးဆွဲ တွက်ချက်ပေးရ သည်။ ဒီဇိုင်းနှင့် ကုန်ကျစရိတ်ထွက်လာပါက ဈေးနှုန်းကိုအခြား ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

ယင်းတို့အနက် ဈေးနှုန်းအနည်းဆုံးကုမ္ပဏီက ထိုဒီဇိုင်းအတိုင်း ဆောက်လုပ်ပေးရသည်။ မူလဒီဇိုင်းရေးဆွဲသည့်ကုမ္ပဏီက ဆောက်လုပ်ခွင့်အောင်မြင်ခြင်းမရှိပါက ဆောက်လုပ်ခွင့်အောင် မြင်သည့် ကုမ္ပဏီကဒီဇိုင်းခကို မူလကုမ္ပဏီထံ ပေးရမည်ဖြစ်သည်။

ရန်ကုန်မြို့သစ်စတင်ရာ တွင် တင်ဒါစတင်ခေါ်မည့်လုပ်ငန်းများသည်ကြည့်မြင်တိုင်မှ ရန်ကုန် မြို့သစ်သို့ ဆက်သွယ်မည့် ခြောက်လမ်းသွားတံတား၊ လှိုင်သာယာမှ ဆက်သွယ်ထားသည့် နှစ်လမ်းသွားတံတားကို လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ၂၆ ကီလိုမီတာ(၁၆ မိုင်)ရှိ သည့်မြို့သစ်လမ်းမကြီးများ၊ ရွာများစုစည်းပေးမည့် ဧက ၄,၂၀၀ ကျော်ရှိမည့်ရွာမြို့ငါးခု၊ ဧက ၃,၂၀၀ ရှိ စက်မှုဇုန်မြေနေရာ၊ ရေသန့်နှင့် ရေဆိုးစနစ်များပါဝင် မည်ဖြစ်သည်။

ထို့အပြင် တိုးမြစ်အနီးမြို့သစ်နှင့် ၃၂ ကီလိုမီတာ အကွာတွင်တည်ဆောက်မည့် ရေပေးဝေရေးပင်မအဆောက်အအုံနှင့် အဓိကရေဖြန့်ဝေရေးပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကွန်ရက်တို့ တည်ဆောက်ရန်တင်ဒါခေါ်ယူမည်ဟု ဖော်ပြထားသည်။

မြို့သစ်စီမံကိန်းတွင် အလုပ်အကိုင်အသစ်နှစ်သန်း ဖန်တီးရန်တာဝန်ရှိသည်ဟု ဦးသိမ်း ဝေကဆိုသည်။ ရန်ကုန်မြို့သစ်စီမံကိန်းတစ်ခုလုံးကို လေ့လာဆန်းစစ်ရန် တရုတ် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်းအစိုးရတို့ ပဏာမမူဘောင်သဘောတူညီမှု စာချုပ် (Framework Agreement)ကို ဧပြီ ၃၀ ရက်တွင်လက်မှတ်ရေးထိုးခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို မြေဧက ၂၀,၀၀၀ ကျော်တွင် ပထမအဆင့်စတင်အကောင်အ ထည်ဖော်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံထက်နှစ်ဆကျယ်ဝန်းမည် ဟု တိုင်းအစိုးရက ဆိုထားသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
area-one-business-complex
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service