Local Property News | Posted by Zarni Kyaw
ဂျပန်အစိုးရထံမှ ODA ချေးငွေရယူထားသော ကျပ်သိန်း ( ၃၆ ဒသမ ၅)သန်းကို လာမည့်နှစ်ဆန်းတွင် ရရှိမည်ဖြစ်ရာ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဘဏ် (CHID)မှ ထုတ်ချေးသည့် အိမ်ရာချေးငွေ၏ အတိုးနှုန်းကို (၈ ဒသမ ၅)အထိ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချေးငွေမှာ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးလုပ်ဆောင်ရန်အတွက် ပြည်တွင်း၌ Two Step Loan အနေဖြင့် ပြန်လည်ချေးပေးရန် ရယူထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ချေးငွေကို ချေးယူရာတွင် ဂျပန်ယမ်းငွေစုစုပေါင်း (၁၅)ဘီလျံအထိ အပိုင်းလိုက်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရမှ အဆိုပါချေးငွေအားပေးအပ်ရာတွင် လာမည့် (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်အထိ အပိုင်းအလိုက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ CHID ဘဏ်မှလည်း အဆိုပါ ချေးငွေများအား အိမ်ရာချေးငွေအပြင် အိမ်ရာတည်ဆောက်ရေး လုပ်ငန်းများအတွက်ပါ ချေးပေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
Credit: အကျိုးဆောင်ဂျာနယ်