စစ်ကိုင်းတိုင်းရှိ မြို့ကြီးများတွင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့်ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1744 Views

စစ်ကိုင်းတိုင်းရှိ မြို့ကြီးများတွင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့်ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းအတွင်း မြို့ကြီးများတွင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင် ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

မုံရွာမြို့တွင် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ခရီးသည် တင်ကားကြီးကွင်း တည်ဆောက် ရေး၊ ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ပြည်သူ့ဥယျာဉ် တည်ဆောက်ရေးလုပ်ငန်း စသည်တို့ကို ဒီဇင်ဘာ ၁ ရက်က စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ် ဆေးခဲ့သည်။

‘‘မုံရွာမြို့နယ်ရဲ့ အားသာ ချက်က ၀န်ထမ်းတွေ စွမ်းဆောင် ရည်လေ့ကျင့်ပေးတဲ့ သင်တန်း တွေ လေးခု၊ ငါးခုလောက် ပို့ချခဲ့ တယ်။ ၀န်ထမ်းပိုင်း စီမံခန့်ခွဲမှုအတွက် အိုင်တီနည်းပညာရော၊ အမှိုက်ကားတွေဆိုရင် GPS တွေတပ်ပြီး ဆောင်ရွက်တယ်။ မုံရွာ က သင်တန်းတွေ အများဆုံးပေးသလို ၀န်ထမ်းတွေ ပံ့ပိုးမှုလည်း ကောင်းတယ်။ သန့်ရှင်းရေးအ ပိုင်းမှာလည်း တော်တော်လုပ်နေ တယ်။ ရေကိစ္စမှာဆိုရင် နည်းပညာပိုင်း စနစ်တကျလုပ်လို့ တ ခြားမြို့တွေကလည်း လာလေ့လာတယ်။ မြို့ကြီးတွေမှာရတဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီး လမ်းမီးစနစ်တွေ၊ ရေစီးရေလာကောင်း မွန်ရေးစနစ်တွေ ဆောင်ရွက်မယ်’’ဟု ဦးမြင့်ကြည်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနှင့် ကလေးစသည့် မြို့များတွင် မြို့ပြ ဖွံ့ဖြိုးရေးစံပြမြို့များအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး ကျန်မြို့များ၌ ခေတ်နှင့် လျော်ညီသော မြို့များအဖြစ် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးမြင့်ကြည်က ဆက်လက်ပြောကြား သည်။

‘‘မုံရွာမြို့အဆင့်မြှင့်တင် ရေးလုပ်ငန်းဆောင်ရွက်ဖို့ မန္တလေးမြို့ကို သွားရောက်လေ့လာ တာ ရှိတယ်။ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းတူးဖော်တာတွေ လုပ်နေတယ်။ ဈေးတွေလုံခြုံရေးကအစ စည်ပင်လုပ်ငန်းတွေ စောင့်ကြည့်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထောက်ပံ့မှုနဲ့ စီစီတီဗီအလုံး ၁၅၀ကို တပ်ဆင်ဖို့ စီစဉ်ထားတယ်’’ ဟု မုံရွာမြို့နယ် စည်ပင်သာယာတာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၇ အတွင်း မုံရွာမြို့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ကိုးခု အကောင်အထည်ဖော်ဆောင်ရွက် ရန် စီစဉ်ခဲ့သော်လည်း သုသာန်နှစ်ခုပြောင်းရွှေ့ခြင်းနှင့် ညဈေးတန်း ပြောင်းရွှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်ရေရှည်စီမံကိန်းလုပ်ငန်းများ ဖြစ်သော ညောင်ကိုင်းအင်း တူးဖော်ခြင်း၊ ကန်သာယာရေကန် အဆင့်မြှင့်တင်ခြင်း၊ ပြည်သူ့ဥယျာဉ်တည်ဆောက်ခြင်း၊ ကားကြီးကွင်းတည်ဆောက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဦးမြင့်ကြည်က ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service