အိမ်ရာချေးငွေများကို အွန်လိုင်းမှ လျှောက်ထားနိုင်ရန် iMyanmarHouse.com မှ မြန်မာပြည်တွင် ပထမဆုံး စမ်းသစ်ထုတ်လွှင့်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
37303 Views

အိမ်ရာချေးငွေများကို အွန်လိုင်းမှ လျှောက်ထားနိုင်ရန် iMyanmarHouse.com မှ မြန်မာပြည်တွင် ပထမဆုံး စမ်းသစ်ထုတ်လွှင့်လိုက်ပြီ

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အိမ်ရာချေးငွေများကို အွန်လိုင်းတွင် လျှောက်ထားနိုင်ရန် မြန်မာပြည်တွင် ပထမဆုံး စမ်းသစ်ထုတ်လွှင့်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါကဏ္ဍအသစ်တွင် အိမ်ရာပိုင်ဆိုင်လိုသူများအတွက် ဆောက်လုပ်ပြီးစီးထားသည့် မည့်သည့်အိမ်ရာအမျိုးအစားမဆို အွန်လိုင်းတွင် အလွယ်တကူ လျှောက်လွှာတင်နိုင်မည်ဖြစ်သည်။ အမည် ၊ ဖုန်းနံပါတ် ၊ အလုပ်အကိုင် ၊ လစဉ်ဝင်ငွေ ၊ ဝယ်ယူလိုသည့်အိမ်တန်ဖိုး စသည့် အခြေခံ အချက်အလက်များသာ ဖြည့်စွက်ရန် လိုအပ်သဖြင့် အွန်လိုင်းတွင် စတင်ထုတ်လွှင့်ပြီး ရက်ပိုင်းအနည်းငယ်အတွင်း လျှောက်လွှာတင်သူ ရာဂဏာန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

" ကျွန်တော်တို့ iMyanmarHouse.com ဟာ ဈေးကွက်လိုအပ်ချက်အရ ပြီးခဲ့တဲ့နှစ် ၂၀၁၇ ဇွန်လမှာ Home Loan Calculator ကို အွန်လိုင်းမှာ စတင်လွှင့်တင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း ဒီ Home Loan Calculator ကို အသုံးပြုပြီး ချေးယူလိုသော ပမာဏ နှင့် နှစ်ကာလ တို့ကို ရိုက်ထည့်ပြီး လစဉ်ဘဏ်သို့ ပြန်ဆပ်ရမည့် ပမာဏ ၊ စုစုပေါင်း အတိုးပမာဏတို့ကို တွက်ချက်နိုင်တာကြောင့် သုံးစွဲသူတွေအတွက် အကျိုးများခဲ့ပါတယ်။ ယခုအခါမှာတော့ အိမ်ရာဝယ်ယူလိုသူများအတွက် မိမိစိတ်ကြိုက်အိမ်ရာကို ရှာဖွေပြီး ကျွန်တော်တို့ရဲ့  iMyanmarHouse.com မှာ လျှောက်လွှာတင်လိုက်တာနဲ့ အဲ့ဒီအိမ်ကို ဘဏ်ချေးငွေဖြင့် ဝယ်လို့ရမရဆိုတာ အလွယ်တကူ သိရှိနိုင်မှာဖြစ်ပါတယ် " ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။

ယခုအချိန်တွင် KBZ ဘဏ် ၊ AYA ဘဏ် ၊ YOMA ဘဏ် ၊ CB ဘဏ်များနှင့် ချိတ်ဆက်ထားပြီး စုဆောင်းငွေမည်မျှရှိရုံဖြင့် အိမ်ရာချေးငွေဖြင့် ဝယ်ယူနိုင်မည့် အချက်အလက်များကို အိမ်ရာပိုင်ဆိုင်လိုသူများမှ သိရှိနိုင်မည် ဖြစ်သည်။

လျှောက်ထားလိုသူတွေအနေဖြင့် ၀န်ထမ်းဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်စေ iMyanmarHouse.com ၀ဘ်ဆိုက်မှတစ်ဆင့် (သို့) iMyanmaeHouse.com မိုဘိုင်ဖုန်း အပ်ပလီကေးရှင်းမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ iMyanmarHouse.com ရဲ့ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည် ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ မြန်မာနိုင်ငံသားတိုင်း မိမိလိုချင်တဲ့ အိမ်ကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ဘဏ်ကြီးတွေနဲ့ ချိတ်ဆက်ပြီး အလွယ်တကူ လျှောက်ထားနိုင်ဖို့ တီထွင်ဖန်တီးလိုက်တာပါ။ နောက်ထပ်လည်း အိမ်ခြံမြေလောကအတွက် အကျိုးရှိစေမယ့်ကဏ္ဍတွေကို ဆက်လက်ဖန်တီး ထုတ်လုပ်ပေးသွားမှာပါ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

အိုင်မြန်မာဟောက်စ်၏ အိမ်ရာချေးငွေလျှောက်ထားနိုင်သော ကဏ္ဍအသစ်ကို အောက်ပါလင့်ခ်တွင် ကြည့်ရှု့ နိုင်ကြောင်း သိရသည်။

www.imyanmarhouse.com/home-loan-application

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service