ဥရောပမှ ရန်ကုန်လေဆိပ်သို့ တိုက်ရိုက်ပျံသန်းနိုင်ရေး ဆွေးနွေးနေ - Property News in Myanmar from iMyanmarHouse.com
966 Views

ဥရောပမှ ရန်ကုန်လေဆိပ်သို့ တိုက်ရိုက်ပျံသန်းနိုင်ရေး ဆွေးနွေးနေ

ဥရောပနိုင်ငံများက ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ရန် ရန်ကုန်-ဥရောပ တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲနိုင်ရေးအတွက် Yangon Aerodrome ကုမ္ပဏီသည် ဂျာမနီအခြေစိုက် Lufthansa လေကြောင်းလိုင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်နေသည်ဟု အဆိုပါကုမ္ပဏီ၏ chief operating officer မစ္စတာ Jose Angeja က မြန်မာတိုင်း(မ်)ကို ပြောသည်။

''Lufthansa လေကြောင်းလိုင်းနဲ့ဆွေးနွေးနေတာ ကိုးလလောက်ရှိပါပြီ။ သူတို့အနေနဲ့ တိုက်ရိုက်ပျံသန်းဖို့ဆိုရာမှာ မြန်မာနိုင်ငံရဲ့ ဈေးကွက်အခြေအနေကို နားလည်ဖို့လိုအပ်ပါတယ်။ ဆွေးနွေးမှုရလဒ်အနေနဲ့ နောက်ဆုံးဖြစ်လာနိုင်ခြေရှိတာက ရန်ကုန်နဲ့ Frankfurt airport လေဆိပ်ကို တိုက်ရိုက်ပျံသန်းဖို့ အဆင်မပြေဘူးဆိုရင်တောင် ဗီယက်နမ်မှာ တစ်ထောက်နားပြီးမှ ပျံသန်းမယ့်အခြေအနေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်- Frankfurt ပျံသန်းဖို့က ခရီးသည်အလုံအလောက်မရဘူးဆိုရင် လေကြောင်းလိုင်းက တွက်ခြေမကိုက်ဘူး''ဟု ၄င်းက ပြောသည်။

Yangon Aerodrome ကုမ္ပဏီက လေဆိပ်စီမံခန့်ခွဲရေး တာဝန်ယူထားသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၃၁ လိုင်းက ပြည်ပခရီးစဉ် နေရာ ၂၉ ခုကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာခရီးသွား ၅ ဒသမ ၉၂ သန်း ဝင်ရောက်ခဲ့ပြီး ယခုနှစ်ကုန်တွင် ပြည်ပခရီးသွား ခြောက်သန်းဝင်ရောက်ရန် မျှော်မှန်းထားသည်။

Yangon Aerodrome Company သည် ရန်ကုန်နှင့် ဥရောပနိုင်ငံများသို့ တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းနိုင်ရေးအတွက် အလားအလာရှိသော လေကြောင်းလိုင်းများဖြစ်သည့် ဂျာမနီလေကြောင်းလိုင်း Lufthansa၊ တူရကီလေကြောင်းလိုင်း Turkish Airlines နှင့် သြစတြေးလျလေကြောင်းလိုင်း Qantas Airways တို့ကို အဓိကထားကာ ဆွေးနွေးနေသည်။ အထူးသဖြင့် ဂျာမနီနိုင်ငံ Frankfurt airport လေဆိပ်သို့ တိုက်ရိုက်ပျံသန်းနိုင်မည့် Lufthansa လေကြောင်းလိုင်းနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

''ကျွန်တော်တို့က အမှန်တကယ်ဖြစ်လာဖို့ ဆွေးနွေးညှိနှိုင်းရာမှာ ကူညီဆောင်ရွက်ပေးနေပါတယ်။ လေကြောင်းလိုင်းအနေနဲ့ တစ်နှစ်လုံးမှာ ပျံသန်းရမယ့်ကာလက ခြောက်လအနည်းဆုံးရှိတာကို သိထားပြီးသားဖြစ်ပြီး ကျွန်တော်တို့မှာ အထူးအခြေအနေတွေရှိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ရမှာကတော့ လေကြောင်းလိုင်းကပဲ ဖြစ်ပါတယ်''ဟု မစ္စတာ Angeja က ပြောသည်။

လွန်ခဲ့သည် ငါးနှစ်ကစပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြည်ပခရီးသွားဧည့်သည် နှစ်စဉ် ၈ ဒသမ ၆ ရာခိုင်နှုန်း တိုးတက် ဝင်ရောက်ခဲ့ပြီး ယခုနှစ် ခရီးသည်ဝင်ရောက်မှု တိုးတက်နှုန်းမှာ ၂ဝ၁၇ ခုနှစ် ဧည့်သည်ဝင်ရောက်နှုန်းနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၅ ရာခိုင်နှုန်း သာရှိသည်ဟု Yangon Aerodrome Company အရ သိရသည်။

''ဥရောပလေကြောင်းလိုင်းတွေက မြန်မာနိုင်ငံဈေးကွက်ပေါ်မူတည်ပြီး ကောင်းမွန်တဲ့ဝန်ဆောင်မှု၊ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်အနေအထားပေါ်မှာ ကမ်းလှမ်းမှုတွေရှိလာနိုင်ပါတယ်။ ဥရောပငွေကြေးတန်ဖိုးက မြန်မာနိုင်ငံနဲ့ ကွဲပြားခြားနားတာမို့ ခရီးသွားတွေ များများလာမယ်၊ ကောင်းတဲ့ဟိုတယ်တွေမှာ တည်းမယ်ဆိုရင် ခရီးသွားလုပ်ငန်းတွေ ကောင်းမွန်လာမှာပဲ။ ဒါဆိုရင် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာမယ်''ဟု ၄င်းက ပြောသည်။

ဥရောပလေကြောင်းလိုင်းတစ်ခုဖြစ်သည့် အီတလီနိုင်ငံ၊ မီလန်အခြေစိုက် နီရို (Neos) လေကြာင်းလိုင်းသည် အောက်တိုဘာ ၁ ရက်ကစပြီး မီလန် ဗီယက်နမ် ရန်ကုန် မီလန် ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တိုင်း ဘိုးရင်း ၇၆၇ လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန စာရင်းများအရ စက်တင်ဘာလကုန်အထိ နိုင်ငံတကာခရီးသွား ၂ ဒသမ ၅ သန်းကျော်ဝင်ရောက်ခဲ့ပြီး အဆိုပါအရေအတွက်သည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဝ ဒသမ ဝ၃ ရာခိုင်နှုန်း တိုးတက်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ အများဆုံးဝင်ရောက်လာသည့် ခရီးသွားများမှာ ထိုင်းနှင့် တရုတ်နိုင်ငံသားများဖြစ်ပြီး ထိုင်းခရီးသွား ၁၁ ဒသမ ၁၆ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသားခရီးသွား ၃၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံသား ခရီးသွား ၅ ဒသမ ဝ၂ ရာခိုင်နှုန်းနှင့် မလေးနိုင်ငံသား ၈ ဒသမ ၂၈ ရာခိုင်နှုန်းကလွဲ၍ ကျန်အာရှ၊ အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံသားခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ကျဆင်းလျက်ရှိသည်ဟု ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနထံမှ သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service