သိန်းနှစ်ရာဝန်းကျင်မျှတိုက်ခန်းအရောင်းအ၀ယ်ရှိနေသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
5781 Views

သိန်းနှစ်ရာဝန်းကျင်မျှတိုက်ခန်းအရောင်းအ၀ယ်ရှိနေသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်

မြို့တွင်းဆက်စပ်မြို့နယ်နှင့်ဆင်ခြေဖုံးမြို့နယ်များတွင် ကျပ်သိန်းထောင်ကျော်သည့် အိမ်ခြံမြေတိုက်ခန်းများအရောင်းအဝယ်မရှိဘဲ ကျပ်သိန်းနှစ်ရာဝန်းကျင်အိမ်ခြံမြေတိုက်ခန်းများသာ အရောင်းအ၀ယ်ရှိကြောင်း အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူများထံမှသိရသည်။

ဝါဝင်ကာလကတွင်အိမ်ခြံမြေတိုက်ခန်းများအား ကာလပေါက်ဈေးထက် ထက်ဝက်ခန့်လျှော့ကာ ရောင်းချနေသော်လည်း ၀ယ်ယူသူလုံးဝမရှိဘဲ ယခုလစတင်ကာ သာကေတ၊ဒေါပုံ၊ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒလ၊ သင်္ယန်းကျွန်း၊လှိုင်၊မရမ်းကုန်း၊အင်းစိန်၊စသည့် မြို့နယ်များတွင် ကျပ်သိန်းနှစ်ရာမှ ကျပ်သိန်းလေးရာဝန်းကျင် အိမ်ခြံမြေ၊တိုက်ခန်းများ အရောင်းအ၀ယ်ရှိလာကြောင်း ယင်းမြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများထံမှ သိရှိရသည်။

“ အခုတလောမှာတော့ ဒလအိမ်ခြံမြေဈေးကွက်ကတံတားလဲဒီဇင်ဘာ(၁)ရက်နေ့ ပန္နရိုက်မယ်ဆိုတော့ ပြီးခဲ့တဲ့လတွေကထက်ဆိုရင် မဆိုးဘူးပြောရမယ်။အရောင်းကတော့ ထောင်ဂဏန်းတွေတော့ မလှုပ်သေးဘူး။ သိန်း ၂၀၀၊၃၀၀၊၅၀၀တန်လောက်ကအရောင်းအဝယ်ဖြစ်နေတယ်။အငှားကတော့ တစ်သိန်းဝန်းကျင်တွေ ငှားတာများတယ် ” ဒလအိမ်ခြံမြေ မှ မန်နေဂျင်းဒါရိုက်တာ ကိုဇော်ကဆိုသည်။

ယခုလက်ရှိတွင် ၀ါကျွတ်ကာလဖြစ်သောကြောင့် အိမ်ခြံမြေ၊တိုက်ခန်းများကို အမှန်တကယ်ဝယ်ယူနေထိုင်လိုသူများ၊စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် နေရာလိုအပ်နေသူများနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့က ၀ယ်ယူမှုများရှိလာကြောင်း အိမ်ခြံမြေဈေးကွက်မှ စုံစမ်းသိရှိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service