သီလဝါ အထူးစီးပွားရေးဇုန်တွင် (၂၀၁၈)ခုနှစ် မတ်လကုန်အထိ ကုမ္ပဏီ (၉၃)ခုမှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ (၁,၃၅၂)သန်းကျော် ရင်းနှီးမြှုပ်နှံထား - Property News in Myanmar from iMyanmarHouse.com
853 Views

သီလဝါ အထူးစီးပွားရေးဇုန်တွင် (၂၀၁၈)ခုနှစ် မတ်လကုန်အထိ ကုမ္ပဏီ (၉၃)ခုမှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ (၁,၃၅၂)သန်းကျော် ရင်းနှီးမြှုပ်နှံထား

သီလဝါ အထူးစီးပွားရေးဇုန်တွင် (၂၀၁၄)ခုနှစ် နိုဝင်ဘာ (၂၅)ရက်မှ (၂၀၁၈)ခုနှစ် မတ် (၃၁)ရက်အထိ ကုမ္ပဏီ (၉၃)ခုမှ ရင်းနှီးမြှုပ် နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ (၁,၃၅၂ ဒသမ) (၅၃၄)သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၌ ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သီလဝါ အထူးစီးပွားရေးဇုန် လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမှု အခြေအနေ (ဇုန်အလိုက်)တွင် (၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ် နိုဝင်ဘာမှ (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်အထိ လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် လုပ်ငန်း (၅၆)ခု အမေရိကန်ဒေါ်လာ (၁၀၀၄ ဒသမ) (၇၃၇)သန်း၊ ကင်းလွတ်ဇုန်တွင် လုပ်ငန်း (၃၇)ခု အမေရိကန်ဒေါ်လာ (၃၄၇ ဒသမ) (၇၉၇)သန်း၊ စုစုပေါင်း လုပ်ငန်း (၉၃)ခုအတွက် အမေရိကန်ဒေါ်လာ (၁,၃၅၂ ဒသမ) (၅၃၄)သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန် လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမှု အခြေအနေတွင် စင်ကာပူနိုင်ငံသည် လုပ်ငန်းပေါင်း (၂၄)ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄၈၃ ဒသမ) (၉၁၄)သန်း၊ ဂျပန်နိုင်ငံမှ လုပ်ငန်း (၃၂)ခုအတွက် အမေရိကန်ဒေါ်လာ (၄၂၅ ဒသမ) (၅၃၈)သန်း၊ ထိုင်းနိုင်ငံမှ လုပ်ငန်း (၁၃)ခုအတွက် အမေရိကန်ဒေါ်လာ (၁၆၈ ဒသမ) (၅၀၃)သန်း၊ ကိုရီးယားနိုင်ငံမှ လုပ်ငန်း လေးခုအတွက် အမေရိကန်ဒေါ်လာ (၅၄ ဒသမ) (၆၀၂)သန်း ရင်းနှီးမြှုပ်နှံထားကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။

ထို့အတူ ဟောင်ကောင်မှ လုပ်ငန်းငါးခုအတွက် အမေရိကန်ဒေါ်လာ (၄၇ ဒသမ) (၁၅၀)သန်း၊ မြန်မာနိုင်ငံမှ လုပ်ငန်းသုံးခုအတွက် အမေရိကန်ဒေါ်လာ (၃၆)သန်း၊ ယူနိုက်တက် ကင်းဒမ်းမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ သန်း (၂၀)၊ ယူအေအီးနိုင်ငံမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၁၉ ဒသမ) (၁၆၀)သန်း၊ ထိုင်ဝမ်နိုင်ငံမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၁၆)သန်း၊ မလေးရှားနိုင်ငံမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၁၅ ဒသမ) (၉၂၉)သန်း၊ သြစတြီးယားနိုင်ငံမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၁၅ ဒသမ) (၃၅၀)သန်း၊ ပနားမားနိုင်ငံမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၁၂)သန်း၊ တရုတ်နိုင်ငံမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၁၂)သန်း၊ ဘရူနိုင်းဒါရုဆာလမ်နိုင်ငံမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၈ ဒသမ) (၅၀၀)သန်း၊ ဗီယက်နမ်နိုင်ငံမှ လုပ်ငန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ (၇ ဒသမ) (၅၈၀)သန်း၊ သြစတြေးလျနိုင်ငံမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၇)သန်း၊ နယ်သာလန်နိုင်ငံမှ လုပ်ငန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ (၁ ဒသမ) (၄၀၀)သန်း ရင်းနှီးမြှုပ်နှံထားကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် စက်မှုကဏ္ဍတွင် လုပ်ငန်းအရေအတွက် (၇၀)ခု အမေရိကန်ဒေါ်လာသန်းပေါင်း (၁,၀၃၉ ဒသမ ၃၄၆)၊ ကုန်စည်ရောင်းဝယ်ရေး ကဏ္ဍတွင် လုပ်ငန်းအရေအတွက် ခြောက်ခု အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၁ ဒသမ ၃၄၈)၊ ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်းခုနစ်ခု အမေရိကန်ဒေါ်လာသန်းပေါင်း (၈၂ ဒသမ ၅၉၀)၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကဏ္ဍတွင် လုပ်ငန်းရှစ်ခု အမေရိကန်ဒေါ်လာသန်းပေါင်း (၇၇ ဒသမ၂၅၀)၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် လုပ်ငန်းတစ်ခု အမေရိကန်ဒေါ်လာသန်းပေါင်း (၃၀) နှင့် ဟိုတယ်ကဏ္ဍတွင် လုပ်ငန်းတစ်ခု အမေရိကန်ဒေါ်လာ (၁၂)သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service