ကျပ်ငွေ (၁.၇) ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော နဝဒေးလမ်းဆုံးအနီးရှိ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
1607 Views

ကျပ်ငွေ (၁.၇) ဘီလီယံ ကျော်ဖိုး ရောင်းချနိုင်ခဲ့သော နဝဒေးလမ်းဆုံးအနီးရှိ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com မှကြီးမှူး၍ Real Home Residence ကွန်ဒိုအရောင်းပြပွဲကြီးကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ များတွင် မနက်(၉)နာရီမှ ညနေ(၅)နာရီအထိ အဆိုပါကွန်ဒိုတည်ရှိရာ သော်ကလမ်း ၊ ၁ ရပ်ကွက် ၊ မြောက်ဥက္ကလာ (န၀ဒေးလမ်းဆုံအနီး) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အရောင်းပြပွဲအတွင်း အထူးလျှော့ဈေးများ ၊ Yoma Bank ဖြင့် ချိတ်ဆက်ပြီး (၁၅) နှစ်အထိ အရစ်ကျပေးချေနိုင်သည့်စနစ်များဖြင့် ရောင်းချပေးခဲ့ရာ ကျပ်ငွေ (၁.၇) ဘီလီယံကျော်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

“ ဒီကွန်ဒိုအရောင်းပြပွဲအတွက် ကျွန်တော်တို့ iMyanmarHouse.com မှ Site Visit လုပ်တယ်... စီမံကိန်းကို သေချာလေ့လာတယ်... ဈေးနှုန်းတွေ ၊ ငွေပေးချေမှုတွေအတွက် အကြံပေးခဲ့ပါတယ်။ ဈေးကွက်ထိုးဖောက်ရေး မဟာဗျူဟာတွေကို သေသေချာချာ ပြင်ဆင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကို ယုံကြည်ပြီး Developer ဘက်မှ ပြင်ဆင်မှုတွေ စနစ်တကျလုပ်ခဲ့တဲ့အတွက် ရလာဒ်ကောင်းတွေ ရခဲ့ပါတယ်။ ပြပွဲမတိုင်မီတည်းက လာရောက်စုံစမ်းသူ များပြားပြီး ပြပွဲအတွင်း အခုလိုမျိုးရောင်းအားကောင်းအောင် ဝယ်ယူအားပေးကြတာ တွေ့ရပါတယ် " ဟု အရောင်းပြပွဲကိုစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

Real Home Residence ကွန်ဒိုကို Real Home Construction မှ တည်ဆောက်ထားပြီး 700 sqft မှ 1550 sqft အထိ ကျယ်ဝန်းသော အခန်းအမျိုးအစား (၆) မျိုးကို စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်သည်။ ကားပါကင် ၊ ဓာတ်လှေကား ၊ ရေကူးကန် ၊ အားကစားခန်းမ ၊ မီးစက် စသော ကွန်ဒို Facility များပါဝင်ပြီး Living Room ၊ Dinning Room နှင့် အိပ်ခန်းများကို အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စွာ ရရှိရန် ဖွဲ့ စည်းပေးထားသည်။ ကမ္ဘာအေးဘုရားလမ်းနှင့် မြို့ ထဲဘက်သို့ အလွယ်တကူ သွားရောက်နိုင်သည်။

" အခုလိုမျိုးစတင် အရောင်းဖွင့်တဲ့အချိန်မှာ ရောင်းရန်ရှိအခန်းတွေရဲ့  ထက်ဝက်ခန့်ကို (၂) ရက်အတွင်း ရောင်းချပေးနိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဟာ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ ကြီးတွေတင်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ရာစီမံကိန်းက အိမ်ခြံမြေတွေကို ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာအရောင်းပွဲတိုင်း အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာလည်း ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ ပရိသတ်ကြီးအတွက်ကြောင့်ပါ။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ဝဘ်ဆိုက်ကို လစဉ်ဝင်ရောက် အသုံးပြုနေသူပေါင်း (၁.၈) သန်းကျော် ရှိပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါ ဝင်ရောက်အသုံးပြုကာ အိမ်ခြံမြေ ရှာဖွေနေကြပါတယ်။ကျွန်တော်တို့နဲ့ လက်တွဲပြီး အိမ်ခြံမြေကြော်ငြာတွေကို တင်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၂၀၀) ကျော် ရှိပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅၀၀) ကျော်ရှိပါတယ်။ နောက်တစ်ခုက စီမံကိန်းတစ်ခုခြင်းစီကို သေချာလေ့လာမှုတွေပြုလုပ်ပြီး ဈေးကွက်ထိုးဖောက်ပေးတဲ့အတွက်လည်း ရောင်းအားကောင်းတာပါ။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။

Real Home Residence ကွန်ဒိုရှိ ရောင်းရန်ကျန်ရှိသော အခန်းများကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service