ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား သတိထားစရာများ - Property Knowledge in Myanmar from iMyanmarHouse.com
2348 Views

ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား သတိထားစရာများ

Knowledge | Posted by Zarni Kyaw

နည်း(၂)မျိုး

အဆောက်အဦးများကို ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့သည်အောက်ပါနည်း (၂)မျိုးဖြင့် ဆောင်ရွက်တတ်ကြပါသည်။ ၁။ မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ အခန်းပေးအခန်းယူဆောက်လုပ်ခြင်း။ ၂။ မြေပိုင်ရှင်ကမိမိပိုင်မြေပေါ်တွင် မိမိပိုင်အဆောက်အဦးအား မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာ အားငှားရမ်းဆောင်ရွက်ခြင်း၊ (တနည်းအားဖြင့်)P.A.E စနစ်(Per Area Estimation ) အဆောက်အဦး၏တစ်ယူနစ်ဧရိယာခန့်မှန်းတွက်ချက်ပြီးစိစစ်လက်ခံသည့်စနစ်တို့ဖြစ်ပါသည်။

ခံစားခွင့်များ

မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ အခန်းပေးအခန်းယူဆောက်လုပ်ကြရာတွင် အဆောက်အဦးတစ်လုံး အတွက်ကုန်ကျစရိတ်ကို ကန်ထရိုက်တာကအကုန်အကျခံဆောက်လုပ်ရပြီး မိမိခံစားပိုင်ခွင့်ရသည့်အခန်းများကိုကြိုတင်အရစ်ကျရောင်းချခြင်း၊အခန်းဆောက်လုပ်ပြီးမှရောင်းချခြင်းများဖြစ်ပါသည်။

P.A.E စနစ်မှာထိုသို့မဟုတ်ပါ၊မြေပိုင်ရှင်မှ မိမိပိုင်မြေပေါ်တွင် မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာအား အဆောက်အဦး၏တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးကိုကန်ထရိုက်တာမှတွက်ချက်၍အဆောက်အဦးတစ်ခုလုံး အပြီးအစီးငွေကျပ်မည်၍ မည်မျှကုန်ကျမည်၊ရယူမည်ဆိုသည်ကိုမြေပိုင်ရှင်ဘက်မှလက်ခံပြီးအဆောက်ဦးဆောက်လုပ်ခွင့် ပါမစ်ရ၍စတင်မြေတူးသည့်နေ့တွင် %မည်၍မည်မျှကိုလည်းကောင်း၊ပထမထပ်ကြမ်းခင်းပြီးလျှင် %မည်၍မည်မျှကိုလည်းကောင်း၊အဆောက်အဦးအမိုးမိုးပြီးလျှင် %မည်၍မည်မျှကိုလည်းကောင်း၊အဆောက်အဦးအားသတ်မှတ်စံချိန်စံညွှန်း၊ သတ်မှတ်ခွင့်ပြုသည့်ပုံစံအတိုင်း အဆောက်အဦးပြီးဆုံးကြောင်း သက်သေခံလက်မှတ်(ဘီစီစီ)(Building complicateCertificate ) ရလျှငf %မည်၍မည်မျှကို မြေပိုင်ရှင်က ကန်ထရိုက်တာအား ငွေပေးချေရသည့်စံနစ်ဖြင့်အဆောက်အဦးဆောက်လုပ်ခြင်း ဖြစ်ပါသည်။ကန်ထရိုက်တာအနေဖြင့်အဆောက်အဦးနှင့် ပတ်သက်၍ခံစားခွင့်မရှိပါ။

သတိပြုစရာများ

အခန်းပေးအခန်းယူစနစ်ဖြင့်ဆောက်လုပ်ရာတွင် ကန်ထရိုက်တာများသည်ကြိုတင်ငွေပေးချေမှုစနစ်ဖြင့်မိမိရပိုင်ခွင့်ရှိသည့်တိုက်ခန်းများအားလုံးကိုဖြစ်စေ၊ အားလုံးနီးပါးကိုဖြစ်စေ၊ရောင်းချနေပြီဆိုလျှင်မြေပိုင်ရှင်များဘက်မှစာချုပ်များတွင် အသိအမှတ်ပြုလက်မှတ် မထိုးပေးရန်သတိပြုဘို့အထူးလိုအပ်ပါသည်။

ကန်ထရိုက်တာအနေဖြင့်အရောင်းစာချုပ်၊ စရန်ပေးစာချုပ်တို့ချုပ်ပေး၍အတိုးဖြင့်ငွေချေးယူတတ်ခြင်း၊အမှန်ရောင်းချလျှင်လည်းရပိုင်ခွင့်ဆက်လက်မကျန်ရှိ၍ အဆောက်အဦးအားပဋိညာဉ်ပါအတိုင်းပြီးဆုံးအောင်မဆောင်ရွက်ဘဲရှောင်တိန်းထွက်ပြေးနိင်ပါသည်။ မြေပိုင်ရှင်အနေဖြင့်လက်မှတ်ရေးထိုးပေးမိလျှင်ကန်ထရိုက်တာထံမှအခန်းကြိုဝယ်သူများမှ ကန်ထရိုက်တာနှင့်အတူပူးတွဲတရားစွဲဆိုခြင်းခံရမည်ဖြစ်ပါသည်။

ထို့အပြင်ကန်ထရိုက်တာသည်အခန်းတစ်ခန်းတည်းကို နှစ်ဦးသို့မဟုတ်သုံး/လေးဦးတို့ကိုဆင့်ကဲဆင့်ကဲရောင်းချတတ်၍မြေပိုင်ရှင်အနေဖြင့် ကန်ထရိုက်တာအားအားနာမှု ယုံကြည်မှုတို့ဖြင့် လက်မှတ်ထိုးပေးမိပါက ကန်ထရိုက်တာ၏အရှုပ်ထဲ ကိုယ်ပါ "ပဲလှော်ကြားဆားညပ်တတ်ပါသည်"။သက်ဆိုင်ရာYCDC မှဆောက်လုပ်ခွင့်ပါမစ်ကျပြီးနောက် အဆောက်အဦးမဆောက်သေးဘဲအခန်းများကိုကြိုတင်၍အောက်ဈေးဖြင့်ရောင်းချနေသည့်ကန်ထရိုက်တာများဆိုလျှင် သတိနှင့်ကြပ်မှတ်သင့်ပါသည် ထွက်ပြေးတိမ်း ရှောင်နိင်ပါသည်။

တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ လိုင်စင်အငှားဖြင့်ဆောက်လုပ်သည့်ကန်ထရိုက်တာများ လည်း ရှိပါသည်။ထိုသို့ လိုင်စင်အငှားနှင့်ဆောက်မည့်ကန်ထရိုက်တာနှင့်ဆိုလျှင် လိုင်စင်ပိုင်ရှင်ကန်ထရိုက်တာကိုပါစာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားရန်လိုအပ်ပါသည်။

PAE စနစ်ဖြင့်ဆောက်လုပ်သောမြေပိုင်ရှင်များအဖို့ လိုင်စင်ရအင်ဂျင်နီယာတစ်ဦးနှင့်စံချိန်စံညွှန်းများကိုအမြဲမပြတ် စစ်ဆေးသင့်ပါသည်။

ကန်ထရိုက်တာအနေဖြင့်အဆောက်အဦး၏တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးတွက်ချက်ရယူ ဆောက်လုပ်ခြင်း၊ (တနည်းအားဖြင့်) ပုတ်ပြတ်စနစ် ဖြစ်ခြင်း၊(တစ်နည်းအားဖြင့်) မြန်မာအခေါ်တန်စား၊ပေစားစနစ်ဖြစ်သည့်အတွက်ကန်ထရိုက်တာတို့အနေဖြင့်မိမိတို့အတွက် ပိုမိုအကျိုးအမြတ်ရစေရန်အဆောက်အဦးတွင် အသုံးပြုမည့်ပစ္စည်းများ၏ အရည်အသွေးအပေါ်ခို၍ ဆောက်လုပ်တတ်ကြပါသည်။ (မကြာခဏကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြားအထက်ပါအချက်များအပေါ်သတိမထားမိကြဘဲ အမှုများဖြစ်ပွားတတ်သောကြောင့် ဆောင်ရန်၊ရှောင်ရန်တင်ပြရခြင်းဖြစ်ပါသည်။)

 

Credit:  ဥပဒေ ဗဟုသုတ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service