မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်ပြီး နေစရာမရှိသူများသို့ ချပေးသင့်ကြောင်း လွှတ်တော်အမတ်အဆိုတင် - Property News in Myanmar from iMyanmarHouse.com
549 Views

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်ပြီး နေစရာမရှိသူများသို့ ချပေးသင့်ကြောင်း လွှတ်တော်အမတ်အဆိုတင်

နိုင်ငံတစ်ဝန်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို စိစစ်ဖော်ထုတ်ပြီး မြို့ရွာစီမံချက် ချမှတ်ကာ နေထိုင်စရာမရှိသူများအားချပေးသင့်ကြောင်း သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကတိုက်တွန်းသည်။

တိုင်းပြည်၏ လူဦးရေတိုးပွားလာသည်နှင့်အမျှ နေထိုင်စရာအခက်အခဲဖြစ်လာပြီး ကျူးကျော် နေထိုင်မှုများ တစ်နေ့တခြားများပြားလာသည့်ပြဿနာသည် အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ် ၍ ယင်းကဲ့သို့ နေရာချပေးသင့်ကြောင်း ၎င်းက ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။

‘‘ရေမြေတောတောင်တွေ ပေါများလှတဲ့ ကျွန်မတို့နိုင်ငံမှာအိုးမဲ့အိမ်မဲ့ရယ်လို့ ရှိစရာအကြောင်းမရှိတဲ့အတွက် နိုင်ငံတော်ရဲ့အရန်မြေများကို နိုင်ငံတော်အနေနဲ့ လိုအပ်သလို စီမံခန့်ခွဲပိုင် ခွင့်လည်း ရှိနေတာမို့ ဒီနေ့ဒီအချိန်မှာ မလွဲမသွေ ပြည်သူတွေအတွက် လုပ်ဆောင်ပေးရမယ့် အခြေအနေဖြစ်နေပါတယ်’’ဟု ဒေါ်မာမာခိုင်က ပြောသည်။

မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်အပါအဝင် အခြားမြို့ကြီးအချို့တွင် ကျူးကျော်နေထိုင်သူများစွာရှိပြီး အစိုးရအနေဖြင့် ဖြေရှင်းရန် ခက်ခဲနေကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် စားကျက် မြေ ဧကခုနစ်သိန်းကျော်ရှိပြီး မြေလွတ်၊ တောရိုင်းမြေ ဧကများစွာရှိနေသဖြင့် အမှန်တကယ်နေစရာမရှိဘဲ အခက်အခဲဖြစ်နေသည့် နိုင်ငံသားများအတွက် နေရာချ ထားပေးသင့်ကြောင်း အဆိုရှင် က တိုက်တွန်းသည်။

ယင်းအဆိုကို ကျောက်တန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်အေးမြမြမျိုးက ထောက်ခံခဲ့ပြီး လွှတ်တော်၌ ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

နိုင်ငံအတွင်း ကျူးကျော်နေ ထိုင်သူများပြားလာပါက မလိုလားအပ်သည့် တရားဥပဒေချိုး ဖောက်မှုများ၊ မြေယာပြဿနာကို အကြောင်းပြုပြီး သွေးထိုးလှုံ့ ဆော်မှုများ ဖြစ်လာပါက ငြိမ်းချမ်းစွာ နေထိုင်လိုသည့် ပြည်သူများအနှောင့်အယှက်ဖြစ်နိုင်ကြောင်း ဒေါ်အေးမြမြမျိုးက ပြောသည်။ ယင်းအပြင် မြေယာပြဿနာများရှိပါက လုပ်ငန်းရှင်များကလည်း ရင်းနှီးမြှုပ်နှံလိုစိတ်ရှိမည်မဟုတ်ကြောင်း ဆိုသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ခေါ်ထားသည်။

 

Credt: 7Daydaily

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service