ရန်ကုန်မိုးပျံအမြန်လမ်း တင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်းနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ - Property News in Myanmar from iMyanmarHouse.com
5958 Views

ရန်ကုန်မိုးပျံအမြန်လမ်း တင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်းနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်IFCတို့ပူးပေါင်း၍ ရန်ကုန်မိုးပျံအမြန်လမ်း တင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်း နှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ ဆောင်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူ များ၊IFC မှ ကိုယ်စားလှယ်များ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ယနေ့အရည်အချင်းစစ်ဆေးလွှာ (Prequalification Applications)များ လာရောက် တင်သွင်းသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍ တင်သွင်းသည့်ကုမ္ပဏီများ ရှေ့မှောက်တွင်ပင် တင်သွင်းလွှာများကို စစ်ဆေးလက်ခံသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍လည်း လုပ်ငန်းကို အောင်မြင်အောင်အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန တင်ဒါ ကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တင်ဒါကော်မတီနှင့် IFC တို့မှ တာဝန်ရှိသူတို့က အရည်အချင်းစစ်ဆေးလွှာ တင်သွင်းသည့် ကုမ္ပဏီတစ်ခုချင်းစီအလိုက် တင်သွင်းလွှာများ စစ်ဆေး ခြင်းနှင့် တင်သွင်းသည့် အမည်စာရင်း ကြေညာသည်။

၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး ရန်ကုန်မိုးပျံအမြန်လမ်းတင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်း နှင့် ပိတ်ပွဲအခမ်းအနားကို ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော်တွင် မြို့တော် အတွင်းပတ်လမ်း(Inner Ring Road)အား မိုးပျံအမြန်လမ်း(Elevated Expressway)အဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ယခုအခါ East Wingအခြမ်းတွင် PPP အစီအစဉ်ဖြင့်Yangon Elevated Expressway Project Phase(I) အဖြစ် ဦးစွာအကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။

Yangon Elevated Expressway Project Phase (I) ၏ အရည်အချင်းစစ်ဆေးမှုတင်သွင်းလွှာ (Prequalification Application)များ တင်သွင်းရန် အတွက် စက်တင်ဘာလအတွင်း ခေါ်ယူခဲ့သည်။ ဆန်ခါတင် စာရင်းကို နိုဝင်ဘာလကုန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီးRequest for Proposalအဖြစ် ထပ်မံခေါ်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

Credit:   The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service