လိုင်စင်မြေ - Property Knowledge in Myanmar from iMyanmarHouse.com
1437 Views

လိုင်စင်မြေ

Knowledge | Posted by Aye Myat Thu

အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာများ အက်ဥပဒေ ပုဒ်မ ၄(၇) အရ သတ်မှတ်ထားပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးဆွဲခွင့် ပြုထားသောမြေဖြစ်သည်။ လိုင်စဟူသော မြေအမျိုးအစားမှာ မြို့ပြရပ်ကွက် အတည်တကျမရှိသော ရပ်ကွက်များတွင် ယာယီအသုံးပြုသော တစ်နှစ်မှ သုံးနှစ်အထိ ချထားပေးသောမြေမျိုးဖြစ်သည်။ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြို့နှင့် ရွာမြေ အက်ဥပဒေ ပုဒ်မ (၁၆) အရ အစိုးရလက်ဝယ်ရှိမြေများကို မြေငှားချထားရာတွင် နှစ်တိုနှစ်ရှည် မြေငှားစာချုပ်များ ချုပ်ဆို၍ ငှားရမ်းခြင်းရှိသကဲ့သို့ တစ်နှစ်မှ သုံးနှစ်အထိ လိုင်စင်များထုတ်ပေး၍ ငှားရမ်းခြင်းများလည်း ရှိခဲ့သည်။

ရန်ကုန်ဆင်ခြေဖုံးအရာရှိ RSDO ( RANGOON SUBURBAN DEVELOPEMENT OFFICE ) သည် ရန်ကုန်စည်ပင်သာယာရေးအဖွဲ့ (R.D.T) စီမံခန့်ခွဲသော နယ်မြေအပြင်ဘက်တွင်ရှိသော ရန်ကုန်ဆင်ခြေဖုံးဒေသဟု ခေါ်တွင်သည့် သင်္ဃန်းကျွန်း၊ ကံဘဲ့၊ သမိုင်းနှင့် ကမာရွတ် နယ်မြေများတွင်လည်းကောင်း၊ အစိုးရသီးခြားကြေငြာ၍ အာဏာအပ်နှင်းသည့် အင်းစိန်မြို့နယ်အတွင်းရှိ မြေများတွင်လည်းကောင်း ၁၉၆၃ ခုနှစ်မတိုင်မီက အဆောက်အအုံ ဆောက်လုပ်နေထိုင်ရန်အတွက် လိုင်စင်များထုတ်ပေးခဲ့ ဖူးသည်။

တစ်ချိန်က အစိုးရသည် အကြောင်းကြောင်းကြောင့် နှစ်ရှည်မြေငှားစာချုပ်ထုတ်ပေးရန် မသင့်လျော်သေးသည့် မြေများကို လိုင်စင်ရှိသကဲ့သို့ မြေငှားစာချုပ်ဖြင့် နှစ်ရှည်အငှား ချထားနိုင်သည့် မြေများကိုလည်း လိုင်စင်ထုတ်ပေးခဲ့သည်။ နှစ်ရှည်မြေငှားစာချုပ်ထုတ်ပေးနိုင်သော မြေများကိုလည်း ဦးစွာပထမ လိုင်စင်ထုတ်ပေးသည့် ရည်ရွယ်ချက်များ အမှတ်တကယ် အိမ်မဆောက်လုပ်ပဲ မြေကိုရောင်းစား အမြတ်ထုတ်မှုကို ကာကွယ်ရန်ဖြစ်သည်။ တစ်နည်းအားဖြင့် လိုင်စင်ရထားသူက မလွဲမသွေ အိမ်ဆောက်လုပ်နေထိုင်ရန်နှင့် နှစ်ရှည်မြေငှားစာချုပ်ကို ဆက်လက် လျှောက်ထားတောင်းဆိုစေရန် ရည်ရွယ်ထားရှိခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံ ဆောက်လုပ်နေထိုင်ရန်အတွက်လည်းကောင်း၊ သီးပင်နှံပင်များ စိုက်ပျိုးလုပ်ကိုင်ရန်အတွက် လည်းကောင်း၊ တစ်နှစ်သို့မဟုတ် သုံးနှစ်အထိ ထုတ်ပေးခဲ့သော သက်တမ်းကုန်ဆုံးပြီးဖြစ်သည့် လိုင်စင်မြေများကို အစိုးရမြေအဖြစ် သတ်မှတ်ပြီးလျှင် မြေကွက်ပေါ်တွင်ရှိသူအား ကျူးလွန်သူအဖြစ် ၁၉၆၅-၆၆ ခုနှစ်မှစ၍ ကျူးကျော်ခွန်စည်းကျပ်ကောက်ခံရန် အိုးအိမ်ကော်ပိုရေးရှင်းက ၁၉၆၆ ခုနှစ်၊ မေ၊ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြေငှားစာချုပ်နှင့် လိုင်စင်၏ အဓိက ခြားနားချက်မှာ မြေငှားစာချုပ်မြေကို အထူးကန့်သတ်ချက်များ မပါရှိပါက ထပ်ဆင့်လွှဲပြောင်း၊ ပေးကမ်း၊ ပေါင်နှံ၊ ရောင်းချပိုင်ခွင့်ရှိသည့်အပြင် အမွေဆက်ခံခွင့်လည်း ရှိ၍ လိုင်စင်မြေမှာ ပုဂ္ဂိုလ်စွဲအနေဖြင့် ပေးထားသော အခွင့်အရေးတစ်ရပ် (PERSONAL RIGHT) သာဖြစ်၍ မြေကို တစ်ဆင့်လွှဲပြောင်း၊ ပေးကမ်း၊ ပေါင်နှံ၊ ရောင်းချပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့် မရှိချေ။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် အဆောက်အအုံဆောက်လုပ်၍ လူနေထိုင်ရန် လိုင်စင်ပေးထားသော မြေများကို မူလအမည်ဖြင့်ပင် လိုင်စင်မြေအဖြစ် ဆက်လက် အသိအမှတ်ပြုခဲ့ပြီး ဂရန်ထုတ်ပေးရန် စီစဉ်ဆောင်ရွတ်ခဲ့သည်။

အိမ်ဆောက်လုပ်နေထိုင်ခွင့်ပြုခဲ့သော သက်တမ်းကုန်၍ အစိုးရမြေအဖြစ် ပြန်လည်သတ်မှတ်ခြင်းခံရသော မြေများနှင့်ပတ်သက်၍ ပိုင်ဆိုင်မှု မှန်ကန်ပြီး အိမ်ဆောက်လုပ်နေထိုင်သူများကို မြေငှားစာချုပ် အသစ်ထုတ်ပေးခဲ့သည်။

အိမ်စောင့်အစိုးရလက်ထက် မြို့သစ်များပေါ်ပေါက်ခဲ့ရာတွင် မြေကွက်များကိုချထားပေးရာ၌ လိုင်စင်မြေနှင့် ပါမစ်မြေ (ချထားမြေ) အဖြစ်သတ်မှတ်ပေးခဲ့သည်။

Credit: ဦးဇော်မြင့်ဦး

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service