ကမ္ဘာ့ရွှေဈေး ၁၂၂၈ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၁၀၄၀၀၀၀ ဝန်းကျင်ဖြစ်ပေါ် - Property News in Myanmar from iMyanmarHouse.com
1192 Views

ကမ္ဘာ့ရွှေဈေး ၁၂၂၈ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၁၀၄၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်

ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၇ ရက်တွင် ၁၂၂၈ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၁၀၄၀၀၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်း ရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်၍ ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင် ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် တင်ထားသော စံချိန်ကို သြဂုတ် ၂၃ ရက်မှ စတင် ကျော်လွန်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅၀၀၀ အထိ အမြင့်ဆုံး ဖြစ်ပေါ်သည်။ ထို့နောက် သြဂုတ် ၃၀ ရက် တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည် ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှစတင်၍ ရွှေဈေးနှုန်း စံချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံး စံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင် ဖြစ်ပေါ်နေသော ပြည်တွင်း ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင် ကျပ် ၉၃၈၀၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ် ၉၅၀၅၀၀၊ သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅၀၀၀ ၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀ ဖြင့် ဈေးကွက် သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးအဖြစ် စံချိန်သစ် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၄၇၃၀၀ (သြဂုတ် ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၈၅၀၀၀ (သြဂုတ် ၂၈ ရက်)၊ စက်တင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၆၅၀၀၀ (စက်တင်ဘာ ၂၈ ရက်)၊ အမြင့်ဆုံး ဈေးနှုန်း ကျပ် ၁၀၄၇၇၀၀ (စက်တင်ဘာ ၂၀ ရက်)၊ အောက်တိုဘာလအတွင်း ပြည်တွင်း ရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၆၉၀၀၀ (အောက်တိုဘာ ၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၀၄၀၀၀၀ (အောက်တိုဘာ ၃၁ ရက်) တို့ ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်တွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃ -၁၃၅၄၊ မေ တွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂- ၁၂၉၉၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၈၊ သြဂုတ်တွင် ၁၁၇၄- ၁၂၂၁ ၊ စက်တင်ဘာတွင် ၁၁၈၂-၁၂၀၆၊ အောက်တိုဘာတွင် ၁၁၈၅-၁၂၃၅ ဒေါ်လာ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၅၀ ကျော်အထိ ရှိခဲ့သည်။

Credit: Eleven Media Group

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service