နေအိမ်အဆောက်အအုံနှင့်ပတ်သက်၍ သိထားသင့်သော ရှောင်ရန်၊ ဆောင်ရန်များ - Property Knowledge in Myanmar from iMyanmarHouse.com
1764 Views

နေအိမ်အဆောက်အအုံနှင့်ပတ်သက်၍ သိထားသင့်သော ရှောင်ရန်၊ ဆောင်ရန်များ

Knowledge | Posted by Si Thu Aung

တချို့သည် အိမ်ဝယ်၊ အိမ်ဆောက်၊ အိမ်ငှါးရာတွင် အောက်ပါအိမ်များကို ရှောင်းရှားကြသည် ။ နေရမည်ဆိုပါက ဆောင်ရန်နည်းလမ်းများလည်း ရှိသည် ။

၁ ။ လမ်းဦးတိုက်အိမ် ။ ။ လမ်းနှင့်ထိပ်တိုက်တည့်တည့် ကျနေသော အိမ်ဖြစ်သည်။

ဆောင်ရန်မှာ မိမိအိမ်ဘက်မှ ဦးတိုက်သည့် လမ်းဘက်သို့ကျားရုပ်လုပ်၍ လှည့်ထားရမည်။ အိမ်ရှေ့တွင် အများသုံး သောက်ရေအိုးစင်ဆောက်ပါ ။ သံပန်းများတပ်ဆင်၍ အချွန်ကို အပြင်ဘက် လှည့်ပေးထားပါ။

၂ ။ လှည်းဦးတိုက် ။ ။ လှည်းများသွားလာသည် လမ်းကြောင်းနှင့် မလွတ်ကင်းသော နေရာရှိအိမ်။

ဆောင်ရန်မှာ- ကျားရုပ်ပြုလုပ်ရန်။

၃ ။ လှေဦးတိုက် ။ ။ ရေလမ်းမှာသွားလာနေသော ရေယာဉ်များ ထိပ်တိုက်ဝင်ရောက် ဆိုက်ကပ်သောနေရာ။

ဆောင်ရန်မှာ- ကျားရုပ်ပြုလုပ်ရန်။

၎ ။ ရေဦးတိုက် ။ ။ ရေကြောင်းနှင့် မိမိအိမ်ထိပ်တိုက်တွေ့ပြီးရေ စတင်စီးဆင်းသောနေရာ၊ ရေစီးဆုံသည့်နေရာတွင် ရှိသောအိမ်။

ဆောင်ရန်မှာ- ကျားရုပ်ပြုလုပ်ရန်။

၅ ။ အိမ်တံစို့ ။ ။ မိမိအိမ်ကို တခြားတစ်အိမ်က အလည်တည့်တည့် ကန့်လန့်ဆောက်ထားခြင်း။

ဆောင်ရန်မှာ- မိမိအိမ်ဘက်မှ တံစို့ကိုထားသောအိမ်ဘက်သို့မှန်တစ်ချပ်ထောင်ထားရန်။

၆ ။ နို့ညုပ် ။ ။ မိမိအိမ်သည် ညီအစ်ကိုကြား ၊ သို့မဟုတ် သားအဖကြား ရောက်ရှိနေသောအိမ်။

ဆောင်ရန်မှာ-အိမ်တစ်ဖက်တစ်ချက်တွင် ထညပ်( ငါးကင်ရာတွင် သုံးသောဝါးညှပ်) ထားရမည်။

၇ ။ စေတီဦးတိုက် ။ ။ စေတီပုထိုး ဘုရားကျောင်းများကမိမိအိမ်ထက်နိမ့်ပြီး ကပ်လျက်တည်ရှိသောအိမ်ကို ဆိုလိုသည်။ အဓိကအားဖြင့်ချွန်ထက်သည့်အရာများက မိမိနေအိမ်နှင့် မျက်နှာချင်းဆိုင်ဖြစ်နေခြင်းမျိုးဖြစ်သည်။

ဆောင်ရန်မှာ- အနီးရှိ ဘာသာရေးအဆောက်အဦး တစ်ခုခုတွင် ကော်ဇော်ခင်းခြင်း၊ ကျောက်ပြားခင်းခြင်း ၊ နဝကမ္မလှူဒါန်းခြင်း ၊တံမြက်လှည်းခြင်း စသည့်တို့ပြုပေးရန်။

၈ ။ ကြမ်းဦးတိုက် ။ ။ အဆင့်ပေါ်ဖြစ်စေ ၊ အထပ်ပေါ်ဖြစ်စေ တက်ရာတွင် ခြေဖဝါးချ လျှင်ကြမ်းအလျားလိုက်အတိုင်း မိမိခြေချောင်းမှာတည်နေခြင်းဖြစ်သည်။

ဆောင်ရန်မှာ- ဖယောင်းပုဆိုး၊ ကော်ဇောခင်းပေးပါ။

နေအိမ်အတွင်း ခြ၊ တောင်ပို့ရှိနေလျှင်လည်း အရောင်းအဝယ်ပျက်သည်များ ရှိပါသည်။

မိမိနေအိမ်မျက်နှာစာသည် တခြားအိမ်၏ နောက်ဖေးဘက်ကျနေလျှင် ရောင်းလျှင် လူကြိုက်နည်းသည်။

 

Credit : Winningland

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service