ဒူဘိုင်းတော်ဝင်မင်းသား ပိုင်ဆိုင်သည့်စံအိမ်ကြီးများနှင့်အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
3285 Views

ဒူဘိုင်းတော်ဝင်မင်းသား ပိုင်ဆိုင်သည့်စံအိမ်ကြီးများနှင့်အခြားပိုင်ဆိုင်မှုများ

ဒူဘိုင်းတော်ဝင်မင်းသား ရှိတ်ခ် ဟမ်ဒန်ဘင်မိုဟာမက်ဘင်ရာရှစ်အယ်လ်မက်ခ်တိုအမ်ကို “ဖက်ဇာ” ဟုလည်း လူသိများကြသည်။

ဖက်ဇာဟူသည့်အမည်မှာ ခေါ်ဝေါ်ရ ၊ အသံထွက်ရလွယ်ကူသဖြင့်ထိုသို့သာ ခေါ်ဝေါ်ကြလေ့ရှိသည်။

တော်ဝင်မင်းသား အယ်လ်မက်ခ်တိုအမ်သည်ကဗျာ ၀ါသနာထုံသည့် ကဗျာဆရာတစ်ဦးလည်းဖြစ်ပြီး “ဖက်ဇာ” ဟူ သည်မှာသူ၏ ကလောင်အမည်ဖြစ်ကာပုံနှိပ်စာအုပ်များတွင်သူ၏ကဗျာများ မကြာခဏ ဖော်ပြပါဝင်လေ့ရှိသည်။

သူသည်ယောက်ျားပီသခန့်ညားသူ၊ တိရစ္ဆာန်ချစ်မြတ်နိုးသူ၊ ဓာတ်ပုံပညာရှင်တစ်ဦးလည်း ဖြစ်နေသေးသည်။အာရပ်နိုင်ငံများရှိမင်းသားများအားလုံးသည် ၎င်းတို့၏ကြွယ်ဝ ချမ်းသာမှုများကိုလှစ်ဟပြသကြွားဝါကြလိမ့်မည်ဟု လူအများ စုကမှတ်ထင်ကြသည်။ စင်စစ်ကား အဆိုပါထင်မြင်ချက်မမှန်ကန်ချေ။

များစွာသောအာရပ်မင်းသားတို့မှာပိုင်ဆိုင်မှုများ ကို ၀င့်ကြွားဂုဏ်ယူချပြလေ့မရှိကြ။ ထိုအထဲတွင်ဖက်ဇာသည် ကြွားဝါမှု မရှိဆုံးသူတစ်ဦး ဖြစ်၏။

ဖက်ဇာသည်တန်ဖိုးကြီးဇိမ်ခံပစ္စည်းများစွာပိုင်ဆိုင်ထားသော်လည်း သူ၏ အင်စတာဂရမ်အကောင့်တွင်လွှင့်တင် ကာ ကြွားဝါလေ့မရှိ။ သူ၏လူမှုကွန်ရက်အကောင့်မှာနာမည်ကျော်သည့်အကောင့်တစ်ခုဖြစ်သော်လည်း ဓာတ်ပုံများတင်ရာတွင်မျက်နှာနှင့်မျက်လုံးမျှသာ ဓာတ်ပုံရိုက်တင်လေ့ရှိသည်။

ယခုအခါဖက်ဇာ၏ ကြွယ်ဝမှုကို သိရှိလိုသောသတင်းမီဒီယာတို့၏ လေ့လာစုံစမ်းမှုကြောင့်သာမည်သည့်အရာများ ပိုင်ဆိုင်ထားသည်ကိုသိရှိလာရခြင်းလည်း ဖြစ်၏။

မယုံကြည်နိုင်ဖွယ်အချက်တစ်ခုမှာသူ၏ ၀ယ်ယူမှုအများစုမှာ ကမ္ဘာ့စံချိန်တင်ဈေးနှုန်းများဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ဖက်ဇာ ၏ ပိုင်ဆိုင်မှုများကိုဖော်ပြလိုက်ပါသည်။

ကမ္ဘာ့ဈေးအကြီးဆုံး ကုလားအုတ်

ဖက်ဇာသည်ကုလားအုတ်များကိုအလွန်ချစ်မြတ်နိုး သူတစ်ဦးဖြစ်ပြီး ပုံတွင်တွေ့ရသည့်ကုလားအုတ်ကိုကန်ဒေါ်လာ ၂ ဒသမ ၇ သန်း (မြန်မာငွေ ၄ ဒသမ ၂ ဘီလီယံ) ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

ကုလားအုတ်ပေါင်း ၁၇၀၀၀ ၀င်ရောက်ယှဉ်ပြိုင်ကြသည့် ကုလားအုတ်အလှပြိုင်ပွဲတွင်ဆုရခဲ့သည့်ကုလားအုတ်ဖြစ်သည်။

ကန်ဒေါ်လာ ၂ သန်း ဆုချီးမြှင့်သည့်အဆိုပါပြိုင်ပွဲတွင်ဆုရကုလား အုတ် ၃ ကောင်ရှိခဲ့ရာကုလားအုတ်ပိုင်ရှင် ၃ ဦးက ဒေါ်လာ ၂ သန်းကို ခွဲဝေရရှိခဲ့ကြသည်။ ယင်း ဆုရကုလားအုတ် ၃ ကောင်အနက်ဖက်ဇာ က ယခုကုလား အုတ်ကိုပိုင်ရှင်ထံမှ ၀ယ်ယူလိုက်ခြင်း ဖြစ်သည်။

စကော့တလန်ရှိ ဧက ခြောက်သောင်း ကျော် ကျယ်ဝန်းသည့်ခြံကြီး

စကော့တလန်ရှိခြံကြီးကိုဖက်ဇာ၏ ဖခင်ဖြစ်သူက ၀ယ်ယူခဲ့ခြင်းဖြစ် သော်လည်း ဖက်ဇာ၏ ပိုင်ဆိုင်မှုတွင်ထည့်သွင်းဖော်ပြထားပါသည်။

ခြံအကျယ်အ၀န်းမှာ ဧက ၆၃၀၀၀ ကျော်ရှိပြီး ခြံဝန်းအတွင်း နေအိမ်အဆောက်အအုံတစုံတရာဆောက်လုပ်ထားခြင်း မရှိသေးချေ။

ယခုအခါ ခြံဝန်းအတွင်း အိပ်ခန်း ၁၄ ခန်းပါသစ်လုံးအိမ်တစ်ခုဆောက်လုပ်ရန်စီစဉ်နေပြီး ရေကူးကန်တစ်ခုနှင့် ကြီးမားကျယ်ဝန်းသည့် အားကစား လေ့ကျင့်ရေးခန်းမတို့လည်း ပါဝင်မည်ဟု ဆိုသည်။

ယင်းသစ်လုံးအိမ်မှာအမဲလိုက်စခန်းချရာနေရာဖြစ်လာဖွယ်ရှိပြီး မင်းသား နှင့်မိသားစုအမဲလိုက်ချိန်များတွင်အသုံး ပြုကြဖွယ်ရှိသည်။

ဖက်ဇာတို့မိသားစုသည်စကော့တလန်ကုန်းမြင့်ဒေသသို့လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း နှစ်စဉ်အလည်အပတ်ရောက်ရှိကြသည်ဟု ဆိုသည်။

ကုန်းရေနှစ်တန်သွား မော်တော်ကား များ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှမော်တော်ကားကုမ္ပဏီ Water Car သည်ကုန်း ရေနှစ်တန်သွား မော်တော်ကားများကိုစမ်း သပ်နေခဲ့သည်မှာကြာမြင့်ခဲ့ပြီဖြစ်သည်။

မင်းသား ဖက်ဇာက Water Car မှနောက်ဆုံးအဆင့်မြှင့်တင်ထုတ်လုပ်လိုက်သည့် Python အမျိုးအစား မော်တော်ကားများ မှာယူခဲ့သည်။

အဆိုပါမော်တော်ကားများ သည်ကုန်းပေါ်တွင်တစ်နာရီလျှင်မိုင် ၈၀ နှုန်း မောင်းနှင်နိုင်ပြီး ရေတွင်တစ်နာရီလျှင် ၄၅ မိုင်နှုန်း မောင်းနှင်နိုင်သည်ဟု ဆိုသည်။

ဖက်ဇာကဏပအ့သညမော်တော် ကား ၆ စီး ၀ယ်ယူထား သည်။ ဖက်ဇာသည်ခရီးသွားလာရခြင်းကိုနှစ်သက်သူဖြစ်ပြီး ယခုကားများကို ယူဆောင်သွား လေ့ရှိကာကုန်းရေနှစ်တန်ခရီးထွက်လေ့ရှိသည်။

အဆိုပါမော်တော်ကားများ၏ တန်ဖိုးမှာတစ်စင်းလျှင်ကန်ဒေါ်လာ ၁၅၀၀၀၀ ကျော် (မြန်မာငွေသိန်း ၂၃၀၀ ကျော်) တန်ကြေးရှိသည်။ (မှတ်ချက်။ စက်တင်ဘာလ ၂၆ ရက်ငွေလဲနှုန်းဖြစ်သော ၁ ဒေါ်လာလျှင်မြန်မာငွေ ၁၅၇၆ ကျပ်နှုန်းဖြင့်တွက်ချက်ထားပါသည်)

ဒူဘိုင်းရှိ ZABEEL SARAY ဟိုတယ်ကြီး

ဖက်ဇာက Zabeel Invest -ment အမည်ရှိရင်းနှီးမြှုပ်နှံမှုကုမ်္ပဏီတစ်ခုလည်း ပိုင်ဆိုင်ထားသည်။ ZabeelInvestments က ပိုင်ဆိုင်ထားသည့်အိမ်ခြံမြေများအနက်အံ့အားသင့်ဖွယ်အကောင်းဆုံးမှာ JumeirahZabeelSaray အမည်ရှိ ဟိုတယ်ကြီး ဖြစ်သည်။

ဒူဘိုင်းရှိကျွန်းတုတစ်ခုဖြစ်သော Palm Jumeira တွင်တည်ရှိပြီး ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီး ဖြစ်သည်။

ဟိုတယ်ကြီးကိုဆောက်လုပ်ရာတွင်ကုန်ကျစရိတ်မည်မျှရှိသည်ကိုအတိအကျ မသိရသော်လည်း ကန်ဒေါ်လာ ၁၂ ဘီလီယံခန့်ကုန်ကျဖွယ်ရှိကြောင်း ခန့်မှန်းကြသည်။

ကနေဒါတစ်နိုင်ငံလုံးတွင်ဈေးအကြီးဆုံး ကွန်ဒိုခန်း

ကနေဒါနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း တိုင်းပြည်သမိုင်းတစ်လျှောက်ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအ၀ယ် တစ်ခုဖြစ်ပေါ်ခဲ့သည်။

နာမည်ကျော်ဗန်ကူးဗားမြို့Fairmont Pacific Rim ဟိုတယ်၏ penthouse ခန်း အထပ် ၃ ထပ် အရောင်းအဝယ်ဖြစ်သည် ။

ဝယ်လက်၏ အမည်နာမကိုထုတ်ဖော်ကြေညာခြင်းမရှိသော်လည်း ဖက်ဇာဖြစ်ကြောင်း အားလုံးကအတည်ပြုကြသည်။

ဝယ်ယူပြီးနောက်ပိုင်း အဆိုပါအခန်းများတွင်ဖက်ဇာကသွားရောက်နေထိုင်မှုများ ရှိခဲ့သည်။ အရောင်းအ၀ယ်ဖြစ်ခဲ့သည့် ဈေးနှုန်းမှာကန်ဒေါ်လာ ၂၅သန်းဖြစ်ရာကနေဒါတွင်တန်ဖိုးအကြီးဆုံးအဖြစ်စံချိန်တင်ခဲ့သည်။ အခန်း ၃ ခန်းလုံး၏ စုစုပေါင်း တန်ဖိုးမှာကန်ဒေါ်လာ ၅၅ သန်းခန့်ကျသင့်ခဲ့သည်။ ။

 

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service