အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
3279 Views

အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်

Knowledge | Posted by Shwe Zin Win

 "ဝယ်စဉ်ကတော့ ကျွန်မခင်ပွန်းအမည်နဲ့ဝယ်ထားတာပါ။ကျွန်မတို့ကနယ်မှာ တာဝန်ကျ တော့၊ အဲဒီမြေကွက်ကို ပြန် မကြည့်ဖြစ် ခဲ့ဘူးပေါ့။ အခု ခင်ပွန်းသည် ကွယ်လွန်မှ အဲဒီမြေ ကွက်ကို သွားကြည့်ဖြစ်တော့တယ်။ ကျွန်မတို့ဝယ်ထားတယ်ဆိုတဲ့ မြေကွက်မှာ အိမ်လေးတစ်လုံး တွေတာနဲ့ စုံစမ်းကြည်တော့ သူတို့လည်း ဝယ်ထားတာလို့ သိရပါတယ်။ ကျွန်မတို့ဆီမှာ မြေချပါမစ်က ရှေ့စာရွက်နှစ်ရွက် မူရင်းရှိပြီး ဝယ်ထားတယ်ဆိုတဲ့ သူဆီမှာတော့ မြေချပါမစ်ရဲ့ နောက်စာရွက်၊ မိသားစုဓာတ်ပုံနဲ့ အိမ် ဆောက်ခွင့် စာရွက်မူရင်းတွေကို တွေ့ရပါတယ်။ အဲဒါဘယ်လို ဆောင်ရွက်နိုင်သလဲ" လို့ ဆွေးနွေးလာသဖြင့် ဗဟုသုတအဖြစ် ဤ ဆောင်းပါး ကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

မှန်ပါသည်။ယခုအခါ ရန်ကုန်တိုင်း မြို့ပြင်ဒေသများတွင် ကျူးကျော်နေထိုင်ကြ၍ မြေရောင်းစားနေသည်များလည်းရှိနေပေသည်။ မကြာသေးမီကာလက လှိုင်သာယာမြို့နယ် ပန်းလှိုင်တံ တား အောက်ရှိ နွံတော လတာပြင်တွင် အကွက်ရိုက်ကာ တဲများ ဆောက်၍ ကျပ်သုံးသိန်းဖြင့် ရောင်းစားသည်အထိ မြေယာကျူးကျော်ရောင်းချမှုများဖြစ်ပွားခဲ့သည်။ ဂရန်အတု၊ ပိုင်ဆိုင်မှု အတု ဖြင့် ရောင်းချမှုများ လည်းရှိနေသည်။ ယခုလာရောက် ဆွေးနွေး သော မိတ်ဆွေဆိုလျှင် ဒဂုံမြို့သစ် တောင်ပိုင်းက ဖြစ်ပေသည်။

 အဓိကအချက်မှ

* မိမိ ဝယ်ယူထားသော မြေကွက် အဆောက်အအုံကို လက်ဝယ်ရရှိထားရန် အထူးလိုအပ်ပေသည်။

* ဝယ်ထားပြီး မြေကွက်ကို ပစ်ထား၍ မဖြစ်ပါ။ * မြေကွက်ကို ရှင်းလင်း ခြင်း၊

* သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်များထံ မိမိဝယ်ယူ

လက်ရှိ ဖြစ်ကြောင်း အကြောင်းကြားထား ခြင်း၊ * မကြာခဏ သွားရောက်ကြည့်ရှုခြင်း၊

* ဘေးခြံနီးချင်းအား မိမိပိုင်ဖြစ်ကြောင်း အသိပေး၍ စောင့်ရှောက်စေခြင်းများ အမြဲမပြတ်ရှိရန် လိုအပ်ပေသည်။ သို့မှသာ ထပ်မံရောင်းချခြင်း ကိစ္စရပ်များမှ ရှောင်ရှားနိုင် မည်ဖြစ်သည်။

 ထို့ပြင်မိမိဝယ်ယူထား သော မြေကွက်သည် ဂရန်မြေဖြစ်ပါက ဥပဒေနှင့်အညီ စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုကာ အရောင်းအဝယ် ပြုသင့်ပေသည်။ ပါမစ်မြေဆိုလျှင်လည်း စာရွက်စာတမ်းစုံလင်ခြင်းရှိမရှိ၊ မြေကွက်ပါမစ် စာရွက်စာတမ်း များသည် အမှန်အကန် ဟုတ်မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွင် စုံစမ်းပြီးမှ အရောင်းအဝယ်ပြုလုပ်သင့်သည်။

 

" စာချုပ်စာတမ်းများဖြင့် ရောင်းချရာတွင် မြေအဆောက်အအုံ ပိုင်ဆိုင်ခွင့်ကို ဦးစွာပဋိညာဉ်ပြုဝယ်သူအား ဦးစားပေးဆုံးဖြတ်ရမည် " ဟု စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် ဖော်ပြထားပေသည်။

 စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် မှတ်ပုံတင် စာချုပ်တစ်ရပ်၏ အကျိုးသက်ရောက်သော အချိန်မှာ မှတ်ပုံတင်သည့် အချိန်မဟုတ်ဘဲ မှတ်ပုံတင်ရန်လိုအပ်သည့် စာချုပ် စာတမ်းဖြစ်စေ၊ မှတ်ပုံတင်ရန်မလိုအပ်သည့် စာချုပ်စာတမ်းဖြစ်စေ စတင်ချုပ်ဆိုသည့် အချိန်ဖြစ်သည်  ဟုပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဆွေးနွေးရန်လာသော အမျိုးသမီးအား မိမိချုပ်ဆို ထားသော မြေအရောင်းအဝယ် စာချုပ်သည် အခြားသူက ဝယ်ယူ ထားသည်ဆိုသော အရောင်းအဝယ် စာချုပ်ထက် စောသည့်နေ့ရက်၌ အရောင်းအဝယ်ပြု ချုပ်ဆိုထားပါက အခွင့်အရေးရပိုင်ခွင့် ရှိကြောင်း ရှင်းပြခဲ့ပါသည်။

သို့ဖြစ်၍ အိမ်ခြံမြေတိုက်ခန်းဝယ်ရာတွင် အဝယ်ထပ်နေပါက ဦးစွာ စာချုပ်စာတမ်းချုပ်ဆို ဝယ်ယူထားသူကသာ ရပိုင်ခွင့်ရှိကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

 

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service