မန္တလေး ၁၄ မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ (၃၇)လုံး တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1008 Views

မန္တလေး ၁၄ မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ (၃၇)လုံး တည်ဆောက်မည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ ပြင်ပတွင် အိမ်ငှားစရာမလိုရန် ရည်ရွယ်၍ ၁၄ မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ ၃၇လုံး(အခန်းပေါင်း ၅၈၄ခန်း)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူးဦးသက်နိုင်က ပြောသည်။

“ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းဖြင့် ဝန်ထမ်းတွေ ရရှိတဲ့လစာကို ပြည့်ပြည့်ဝ၀ သုံးစွဲနိုင်မယ်။ဝန်ထမ်းတွေ ပြင်ပမှာအိမ်ငှားနေစရာမလိုအောင်ပေါ့။ ပြင်ပမှာ အိမ်ငှားစရာမလိုတော့ဘူး။အဲဒီလိုရည်ရွယ်ချက်နဲ့ ဝန်ထမ်း တွေအတွက်ပါ။ ကျနော်တို့အနေနဲ့ ရရှိတဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီး တိုးချဲ့ဆောက်လုပ်သွားမှာပါ။”ဟု ၄င်းက ပြောသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာများမှာ လေးခန်းတွဲ လေးထပ်အဆောက်အအုံအများဆုံးဖြစ်ပြီး ငွေကျပ်သန်းရှစ်ထောင် ကျော်သုံးစွဲသွားမည်ဖြစ်သည်။

ပုသိမ်ကြီး၊ပြင်ဦးလွင်၊ မြင်းခြံမြိ့နယ်များတွင် တစ်လုံးစီ၊တံတားဦး၊အမရပူရ၊ ချမ်းမြသာစည်၊စဥ့်ကိုင်၊မလှိုင်မြို့နယ်များတွင် နှစ်လုံးစီ၊မြစ်သား၊သာစည်နှင့် ငါန်းဇွန်မြို့နယ်များတွင် သုံး လုံးစီ၊ဝမ်းတွင်းမြို့နယ်တွင် လေးလုံး၊မတ္တရာမြို့နယ်တွင် ငါးလုံး၊ပျော်ဘွယ်တွင် ခြောက် လုံးတည်ဆောက်သွားမည်ဟု ဆိုသည်။

“လေးခန်းတွဲ လေးထပ် RC အဆောက်အအုံတွေဖြစ်ပါတယ်။တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေး ကုမ္ပဏီတွေကို တင်ဒါခေါ်ထားပါတယ်။ဝန်ထမ်းတွေအနေနဲ့ လျှောက်လွှာတွေလျှောက်လို့ရပါပြီ။လျှောက်လွှာက ရုံးမှာရောင်းပါတယ်။လိုအပ်တဲ့ အထောက်အထားတွေပြည့်စုံဖို့လိုပါတယ်။”ဟု အဆိုပါရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါဌာနအနေဖြင့် ပြီးခဲ့သည့် ဘတ်ဂျက်ကာလများတွင် ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၃၀ဝ၆ ခန်းတည် ဆောက်ခဲ့ပြီးဖြစ်သည်။

လျှောက်ထားသူများအနေဖြင့် လျှောက်ထားရန်လိုအပ်ပြီး လျှောက်လွှာများကို တိုင်းဒေသကြီး အစိုးရဖွဲ့ထံတင်ပြကာ ချထားပေးသွားမည်ဖြစ်သည်။

 

Credit:  The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service