အိမ်ခြံမြေမှာ သင် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
1348 Views

အိမ်ခြံမြေမှာ သင် ရင်းနှီးမြှုပ်နှံမယ်ဆိုရင်

Knowledge | Posted by Hnin Ei Khin

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာဈေးကွက်ကို နားလည်ကြပြီး ကျွမ်းကျင်တဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေ ကျင့်သုံးတဲ့ နည်းငါးနည်း ရှိတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ် ။

"အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနဲ့ စီးပွားဖြစ်သူတွေက

- ဈေးကွက်ကို နားလည်ကြတယ် 

- အသစ်ဆောက်မယ့် စီမံကိန်းတွေကို သိရမယ် 

- လမ်းပန်းဆက်သွယ်ရေးနဲ့ သူတို့ရင်းနှီးမြှုပ်နှံမယ့်

နယ်မြေဒေသနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရမယ် ၊ ဒီအချက်တွေအားလုံးကို သိရှိထားရမှာဖြစ်ပါတယ်" လို့အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ် ။

ကျင့်သုံးတဲ့ နည်းငါးနည်းကတော့-

(၁) ဒေသတွင်းဈေးနှုန်း ၊ (၂) တိုးတက်ပြောင်းလဲမှုကို ရှာဖွေရမယ် ၊ (၃) အခွန်သက်သာမယ့် နည်းလမ်းကို ရှာဖွေရမယ် ၊ (၄) ပေါင်နှံရောင်းချခြင်းတွေအတွက် သဘောတူမှုရယူပါ ၊

(၅) ဆင်ခြေဖုံးရပ်ကွက်ကို စောင့်ကြည့်ရမယ် ဆိုတဲ့ အချက်တွေကို ကျင့်သုံးကြတာ ဖြစ်ပါတယ် ။

ဒေသတွင်းဈေးနှုန်း

ပထမဆုံးလေ့လာရမှက လတ်တလောဈေးနှုန်းအခြေအနေဖြစ်ပါတယ် ။ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ ဒေသတစ်ခု အတွင်းရှိအိမ်ဈေးနှုန်းက တခြားနေရာတွေထက် ပိုပြီး မြင့်တက်နေသလားဆိုတာ စုံစမ်းသင့် ပါတယ် ။ နောက်တစ်ချက်က ဒေသတွင်းရှိ အိမ်ခြံမြေဈေးနှုန်းတွေက တခြားသောအိမ်နီးချင်း မြို့တွေထက် ပိုပြီးများသလားဆိုတာ စစ်ဆေးရပါတယ် ။အဲသည်လို စုံစမ်းခြင်းဟာ ဘယ်နေရာမှာ ဈေးကွက်ဝယ်လိုအား အများဆုံးဆိုတာ သိရှိစေနိုင်ပါတယ်။ဒါ့အပြင် အချိန်ကြာလာတာနဲ့အမျှ ဘယ်အိမ်ဈေးနှုန်းကသင့်တယ် ၊ ဘယ်ဈေးနှုန်းက မတန်တဆများတယ်ဆိုတာကိုလည်း သိရှိလာပါတယ်။

တိုးတက်ပြောင်းလဲမှု

တိုးတက်ပြောင်းလဲမှုကို လေ့လာသင့်ပါတယ် ။နယ်မြေဒေသတစ်ခုမှာ အခြေခံအဆောက်အအုံတွေဆောက်လုပ်တာက လူကြိုက်များတဲ့ အရိပ်အခြည်တွေ ဖြစ်ပါတယ်။အဓိက လမ်းမကြီးဝန်းကျင်မှာ အဆောက်အအုံတွေခွာပြီး ဆောက်လုပ်နေတာတွေက သိသာတဲ့ အရိပ်အခြည်တွေ ဖြစ်တယ် ။နောက်တစ်ချက်က စည်ပင်သာယာရုံးကို သွားပြီး လမ်းတံတား ၊ အဆောက်အအုံဌာနက ဝန်ထမ်းတွေနဲ့ စကားပြောဆိုသင့်ပါတယ် ။သူတို့ဆီက ဆောက်လုပ်မယ့် အဓိက စီမံကိန်းတွေ အကြောင်း သိရှိနိုင်ပါတယ် ။ဘာကြောင့်လဲဆိုရင် အိမ်ခြံမြေ အကျိုးဆောင်တွကအသစ်ဆောက်မယ့် စီမံကိန်းတွေအကြောင်းသိရှိထားတဲ့အတွက် ဖြစ်ပါတယ် ။

အခွန်သက်သာမယ့် နည်းလမ်း

အခွန်သက်သာမယ့်နည်းလမ်းတွေ ရှာဖွေရပါမယ် ။ဘေးချင်းကပ်မြို့နှစ်မြို့မှာ တစ်မြို့က အိမ်ခွန်တွေမြင့်တက်ပြီး အခြားတစ်မြို့က အိမ်ခွန်ပေးဆောင်ရတာ နည်းတယ်ဆိုရင် အိမ်ခွန်ပေးဆောင်ရတာ နည်းတဲ့မြို့က အိမ်အဝယ်လိုက်ပါတယ်။ဒါကြောင့် အိမ်ခြံမြေ အကျိုးဆောင်တွေဟာ ဘယ်နေရာကအခွန်စနစ်အကောင်းဆုံးဖြစ်တယ် ။ဘယ်နေရာမှာ အခွန်စနစ်က ဆိုးဝါးနေတယ် ဆိုတာလေ့လာသင့်ပါတယ် ။(မြို့နယ်အလိုက် တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်များမတူညီပါ။)

သဘောတူညီမှုရယူပါ

ပေါင်နှံရောင်းချခြင်းတွေအတွက် ကြိုတင်သဘောတူညီမှုရယူတာက အကျိုးကျေးဇူးတွေ ခံစားရနိုင်ပါတယ် ။ငွေကြေးအကျိုးအမြတ်ကို ခံစားနိုင်မှာ ဖြစ်ပါတယ် ။အဲသည်လိုပေါင်နှံရောင်းချဖို့ သဘောတူပြီးတာနဲ့ ငွေထုတ်ချေးသူအများစုက ပုံသေအတိုးနှုန်းကို သတ်မှတ်ပေးမှာဖြစ်ပါတယ် ။(မြေနဲ့အိမ်အပေါင်ထားခြင်းနှင့် တိုက်ခန်းအပေါင်ထားခြင်းတွင် ကွဲပြားမှု ရှိပါသည်။)

ဆင်ခြေဖုံးကို စောင့်ကြည့်ပါ

ဆင်ခြေဖုံးရက်ကွက်ကို စောင့်ကြည့်သင့်ပါတယ် ။မြို့တော်ကြီးတွေနဲ့ မြို့တွေမှာ အိမ်ခြံမြေဈေးအဆမတန်မြင့်တက်လာတဲ့အခါ မကြာခင်မှာပဲ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အဝယ်လိုက်လာပါမယ် ။အထူးသဖြင့်တော့ ကားလမ်း ၊ ရထားဘူတာ ၊ ကားမှတ်တိုင်ဆောက်လုပ်မယ့် နေရာတစ်ဝိုက်မှာ ဝယ်လိုအား မြင့်တက်နိုင်ပါတယ်လို့ အိမ်ြခံမြေအကျိုးဆောင်တစ်ဦးဆီ ကသိရပါတယ် ။

 

Credit : အိမ်ခြံမြေလမ်းဆုံ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service