Oriental Consultants Japan ကုမ္ပဏီကို ရန်ကုန်မြို့သစ်လမ်းပန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ အကဲဖြတ်ချက် အကြံပေးအဖြစ် ခန့်အပ် - Property News in Myanmar from iMyanmarHouse.com
947 Views

Oriental Consultants Japan ကုမ္ပဏီကို ရန်ကုန်မြို့သစ်လမ်းပန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ အကဲဖြတ်ချက် အကြံပေးအဖြစ် ခန့်အပ်

 ရန်ကုန်မြို့သစ်စီမံကိန်းတွင် လမ်းပန်းသယ်ယူပို့ဆောင်ရေးမူဝါဒ (Transport Policy) မှာ ယာဉ်ကြောပိတ်ဆို့မှုမရှိသည့် အများသုံး သယ်ယူပို့ဆောင်ရေးစနစ် (Mass Transit System) တည်ထောင်နိုင်ရေးဖြစ်ပြီး မြို့သစ်အတွင်းနေအိမ်မှ ငါးမိနစ်၊ ၁၀ မိနစ်အတွင်း လမ်းလျှောက်ရုံနှင့် စီးနင်းနိုင်မည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် ထားရှိနိုင်ရေးကို NYDC ၏ ပန်းတိုင်အဖြစ် ချမှတ်ထားကာ အဆိုပါ ပန်းတိုင်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် Oriental Consultants Japan Co.,Ltd ကို ရန်ကုန်မြို့သစ် လမ်းပန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ အကဲဖြတ်ချက် အကြံပေး (Transport Planner and Traffic Impact Assessment Consultant) အဖြစ် ခန့်အပ်ထားကြောင်း NYDC မှ သိရသည်။

“ကျွန်တော်တို့ဟာ ကျပ်တည်းလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အချိန်နဲ့ငွေ ကြေးဆုံးရှုံးမှုတွေကို ရင်ဆိုင်နေရပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ရှုထောင့်တစ်ခုတည်းကို သက်ရောက်တာမဟုတ်ဘဲ လူနေမှုဘ၀ အရည်အသွေး အပါအ၀င် မြို့ပြလူနေမှုဘ၀တစ်ခုလုံးကိုပါ သက်ရောက်မှု ရှိပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ အဓိက မျှော်မှန်းချက်ကြီးနှစ်ခုဖြစ်တဲ့ ကုန်ထုတ်စွမ်းအားကောင်းတဲ့မြို့နဲ့ နေပျော်ဖွယ်ကောင်းတဲ့မြို့ကို ဖော်ထုတ်နိုင်ဖို့ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ရှိဖို့က အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။ အများပြည်သူ လွယ်ကူစွာ သွားလာနိုင်ရေးနဲ့ ကုန်စည်စီးဆင်းမှု ချောမွေ့မြန်ဆန်ရေးတို့က ကုန်ထုတ်စွမ်းအားကောင်းတဲ့မြို့ ဖြစ်ပေါ်လာဖို့အတွက် အခြေခံကျတဲ့ အချက်တွေပါ။ ရန်ကုန်မြို့သစ်ရဲ့ လမ်းပန်းသယ်ယူပို့ဆောင်ရေး မူဝါဒကတော့ ယာဉ်ကြောပိတ်ဆို့မှုမရှိတဲ့ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို တည်ထောင်နိုင်ဖို့ပါ။ မြို့သစ်အတွင်းမှာ နေအိမ်က ငါးမိနစ်ကနေ ၁၀ မိနစ်အတွင်း လမ်းလျှောက်ရုံနဲ့စီးနိုင်မယ့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ထားရှိနိုင်ရေးက NYDC ရဲ့ပန်းတိုင်ပါ။ ဒီပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ဖို့ Oriental Consultants Japan Co.,Ltd ကို ရန်ကုန်မြို့သစ်ရဲ့ လမ်းပန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲရေးနဲ့ ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ အကဲဖြတ်ချက် အကြံပေးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ Master Plan နဲ့ ဒီဇိုင်းရေးဆွဲခြင်းတွေကို NYDC မြို့ပြစီမံခန့်ခွဲမှုအဖွဲ့ရဲ့ အနီးကပ်ကြီးကြပ်မှုအောက်မှာ Oriental Consultants Japan နဲ့ AECOM Singapore တို့ဟာ ပူးပေါင်းလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်” ဟု NYDC မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

AECOM Singapore သည် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် Urban Master Planning and Design ရေးဆွဲရန် ရွေးချယ်ထားသည့် ကုမ္ပဏီဖြစ်ပြီး အဆိုပါ မြို့ပြစီမံကိန်း စီမံချက်ကို နှစ်လအတွင်း ပြီးစီးအောင် ရေးဆွဲထုတ်ပြန်နိုင်ရေး လုပ်ဆောင်နေသည်။ လက်ရှိစတင်ရန် တာဆူနေသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြန်လည်သုံးသပ်ရန် ပြောကြားထားသော်လည်း ဆက်လက်အကောင်အထည်ဖော်နေပြီး ထိုသို့စတင်အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အနည်းဆုံး ဒေါ်လာငါးဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ သို့သော် NYDC တွင် ကျပ် ၁၀ ဘီလျံသာရှိ၍ အဆိုပါပမာဏမှာ ဒေါ်လာ ခုနစ်သန်းသာရှိသဖြင့် ဒေါ်လာ ၄ ဒသမ ၉၉၃ ဘီလျံရရှိရန် ရှာဖွေရမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဦးသိမ်းဝေက ပြောကြားထားသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service