မန္တလေး အိမ်၊ ခြံ၊ မြေ အငှားဈေးကွက် ယခင်ထက်ပိုသွက်ဟုဆို - Property News in Myanmar from iMyanmarHouse.com
619 Views

မန္တလေး အိမ်၊ ခြံ၊ မြေ အငှားဈေးကွက် ယခင်ထက်ပိုသွက်ဟုဆို

မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်၌ ယခုရက်ပိုင်းအတွင်း နေအိမ်အငှားချုပ်ဆိုမှု ယခင်ကထက် ပိုများလာကြောင်း အိမ် ခြံ မြေ အကျိုးဆောင်အချို့ထံမှ သိရသည်။

အငှားဈေးကွက်တွင် မိသားစုများနေထိုင်ရန် ကျပ်နှစ်သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ တန်ကြေးရှိသောနေရာများတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၂၀ ဝန်းကျင်တန်ကြေးရှိ ဆိုင်ခန်းနေရာများကို နေ့စဉ် ရှာပေးနေရကြောင်း ဖိုးလမင်း အိမ် ခြံ မြေ အကျိုးဆောင်ကုမ္ပဏီပိုင်ရှိ ဦးဝဏ္ဏစိုးက ပြောကြားသည်။

“အငှားဈေးကွက်သွက်ပေမယ့် ဈေးနှုန်းတော့ မပြောင်းဘူး။ မနှစ်ကဈေးအတိုင်း ဆက်ရှိနေတယ်”ဟု ၎င်းကရှင်းပြသည်။

ဝါတွင်းကာလ ပြီးဆုံးချိန်ဖြစ်နေခြင်း၊ လက်ရှိငှားရမ်းနေထိုင်သောနေရာအတွက် ငှားရမ်းထားသည့် ကာလကုန်ဆုံးတော့မည်ဖြစ်ခြင်းတို့ကြောင့် အိမ်ငှားနေထိုင်သူများအနေနှင့် ရှာဖွေမှုများ ပိုများလာခြင်းဖြစ်ကြောင်း မန္တလေးမြို့သစ်ရပ်ရှိ အိမ် ခြံ မြေ အကျိုးဆောင် အသိုင်းအဝိုင်းထံမှလည်း သိရသည်။

သီတင်းကျွတ်ကာလပြီးချိန်မှသာ အပြောင်းအရွှေ့ လုပ်တတ်ကြသည့် မြန်မာတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာကြောင့် ယခုကာလသည် နေအိမ်ရှာဖွေမှု အများဆုံးကာလဖြစ်ကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိတွင် မြို့တွင်းသို့ သွားရလွယ်ကူသော ချမ်းမြသာစည်မြို့နယ် ဈေးကွက်သည် ငှားရမ်းမှု အများဆုံးဖြစ်ကြောင်း ဦးဝဏ္ဏစိုးက ထပ်မံပြောကြားသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း တန်ဖိုးနည်းတိုက်ခန်းများနှင့် တန်ဖိုးမျှတ တိုက်ခန်းများ၏ ငှားရမ်းပေါက်ဈေးမှာ တစ်လျှင် ကျပ်တစ်သိန်းမှ နှစ်သိန်းဝန်းကျင်သာရှိပြီး အခြားနေရာများအနေနှင့် နေရာအကျယ်အဝန်းပေါ်မူတည်၍ ကျပ်နှစ်သိန်းမှ ကျပ်သိန်း ၂၀ ခန့်အထိ ရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service