စံမမီသောချေးငွေသတ်မှတ်ချက်ထက်ကျော်လွန်သည့် ဘဏ်အချို့ကို ဗဟိုဘဏ်က အမြတ်ဝေစုခွဲထုတ်ခွင့်ကန့်သတ် - Property News in Myanmar from iMyanmarHouse.com
711 Views

စံမမီသောချေးငွေသတ်မှတ်ချက်ထက်ကျော်လွန်သည့် ဘဏ်အချို့ကို ဗဟိုဘဏ်က အမြတ်ဝေစုခွဲထုတ်ခွင့်ကန့်သတ်

စံမမီသောချေးငွေ(NPL) အချိုး ၅ ရာခိုင်နှုန်းကျော်လွန်နေ၍ ပြည်တွင်းဘဏ်အချို့ အမြတ် ဝေစုခွဲထုတ်ခွင့်ကို ဗဟိုဘဏ်က ကန့်သတ်ထားကြောင်း ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောသည်။

ဗဟိုဘဏ်က ပြည်တွင်း ဘဏ်များကို စံမမီသောချေးငွေ (NPL- Non Performance Loan)အချိုးကို ၅ ရာခိုင်နှုန်း အောက်သာ ထားရှိရမည်ဟု ၂၀၁၆ က သတ်မှတ်ထားသည်။

‘‘ညွှန်ကြားချက်ထုတ်ပြီး သားပါ။ သတ်မှတ်ထားတဲ့အချိုး အထက်ရှိရင် ဘယ်သူမှထုတ် မပေးဘူး။ ၂၀၁၆ ကတည်းက ထုတ်ထားတဲ့ ညွှန်ကြားချက်ပါ။ တချို့ဘဏ်က မီပါတယ်။ တချို့ က သူတို့ကသာရင်းနှီး မတည်ကို တိုးချင်လို့မထုတ်ပေးတာလည်း ပါတယ်။ ၂၄ ဘဏ်ထဲက ဘဏ် တချို့ထုတ်ခွင့်မရတာပါ’’ ဟု အထက်ပါညွှန်ကြားရေးမှူးချုပ် က ဆက်လက်ပြောသည်။

စံမမီချေးငွေ ဆိုသည်မှာ ပမာဏများပြီး သတ်မှတ်ကာလ အတွင်း ဘဏ်သို့ပြန်လည်ပေး ဆပ်နိုင်ခြင်းမရှိသော ချေးငွေအ မျိုးအစား ဖြစ်သည်။

ကမ္ဘာ့ရတနာဘဏ်သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၆၀၀ ပေးမည်ဟု သတ်မှတ် ခဲ့သည်။ သို့သော် ဗဟိုဘဏ်က သတ်မှတ်ထားသည့် NPL အချိုး ရာခိုင်နှုန်းထက်များနေ၍ ဗဟို ဘဏ်က ရှယ်ယာရှင်များကို အ မြတ်ဝေစုထုတ်မပေးနိုင်ကြောင်း ၎င်း၏ နှစ်ပတ်လည်အစည်းအ ဝေးတွင် ကြေညာခဲ့သည်။

အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB)သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အမြတ်ငွေ ကျပ် ၂ ဒသမ ၉ ဘီလီယံကျော် ရရှိခဲ့သည်။ သို့သော် ဗဟိုဘဏ် ကသတ်မှတ်ထားသည့် NPL အချိုး ၅ ရာခိုင်နှုန်းထက်ကျော် လွန်နေသဖြင့် ယခုဘဏ္ဍာနှစ်တွင် အစုရှယ်ယာရှင်များကို အမြတ် ဝေစုမခွဲပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းဘဏ်၏ နှစ်ပတ်လည် အ စည်းအဝေးတွင် ကြေညာသည်။

အကယ်၍ ဗဟိုဘဏ်၏ ခွင့် ပြုချက်ရရှိပါက တပေါင်းတည်း ပေးအပ်မည်ဟု ယင်းဘဏ်များ က ပြောကြားခဲ့သည်။

ထိုသို့ဘဏ်များ စံမမီသော ချေးငွေအချိုးမြင့်တက်ခြင်းသည် ဘဏ်တစ်ခုချင်းစီတွင် အ ကြောင်းပြချက်ကိုယ်စီ ရှိနိုင်ပြီး ပထမပုဂ္ဂလိကဘဏ်အနေဖြင့် စံ မမီသောချေးငွေမတက်ရန်လည်း ကြိုးစားရကြောင်းနှင့် သို့သော် ခေတ်စီးပွားရေးအခြေအနေအရ ရှောင်လွှဲ၍ မရသောအခြေအနေ များဖြစ်လာတတ်ကြောင်း ပထမ ပုဂ္ဂလိကဘဏ်အမှုဆောင် အရာရှိချုပ် ဦးမြင့်ဇော်က ပြောသည်။

‘‘ဗဟိုဘဏ်ကတော့ ဘဏ် တွေအခြေအနေကို ပိုပြီးခိုင်မာ အောင် သူ့အချိန်ကာလ အ လျှောက်လိုအပ်တဲ့စည်းကမ်း ထိန်းသိမ်းမှုလုပ်တာလို့ မြင်ပါ တယ်’’ ဟု ၎င်းကဆက်လက်ပြော သည်။

ပထမပုဂ္ဂလိကဘဏ်သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုတစ်စုလျှင် ကျပ် ၂,၀၀၀ ကိုရှယ်ယာရှင်များအား ထုတ်ပေးထားသည်။

ဗဟိုဘဏ်သည် ပြည်တွင်း ဘဏ်များကို ခိုင်မာမှုထိန်းချုပ် ရန် စံမမီချေးငွေ (NPL) အချိုး ၅ ရာခိုင်နှုန်းထက်မပိုရန် ၂၀၁၆ ၌လည်းကောင်း၊ စာရင်းပိုထုတ် ချေးငွေများကို ၂၀၁၈ တွင်ဘဏ် ချေးငွေစုစုပေါင်း၏ ၅၀ ရာခိုင် နှုန်းထိလျှော့ချရန်၊ ၂၀၁၉ ဇူလိုင် ၌ ၃၀ ရာခိုင်နှုန်း၊ ၂၀၂၀ ဇူလိုင် တွင် ၂၀ ရာခိုင်နှုန်းထက်မပိုစေ ရဟု ဗဟိုဘဏ်က ၂၀၁၇ ၌ လည်းကောင်းညွှန်ကြားခဲ့သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service