ရွှေဈေးတစ်ကျပ်သား ကျပ်ဆယ်သိန်းသုံးသောင်းကျော် - Property News in Myanmar from iMyanmarHouse.com
1105 Views

ရွှေဈေးတစ်ကျပ်သား ကျပ်ဆယ်သိန်းသုံးသောင်းကျော်

ပြည်တွင်းရွှေဈေးမြင့် တက်၍ တစ်ကျပ်သား ကျပ်ဆယ် သိန်းသုံးသောင်းကျော် ပေါက် ဈေးရှိသော်လည်း ကမ္ဘာ့ဈေးထက် နိမ့်နေ၍ တရုတ်နှင့် အိန္ဒိယသို့ ရွှေတင်ပို့မှုရှိနေကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်များက ပြော သည်။

‘‘ပြည်တွင်းမှာ ဈေးနိမ့်ရင် သူတို့လာဝယ်မယ်။ ဒီဘက်မြင့် ရင် တရုတ်က ပစ္စည်းပြန်ဝင်မယ်။ အိန္ဒိယကတော့ မဝင်ဘူး။ အိန္ဒိယ က အသွားတစ်ခုပဲ။ တရုတ်က မြင့်တာနဲ့ သွင်းတယ်’’ဟု အောင် သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင် ဆန်းဝင်းက ပြောသည်။

ပြည်တွင်း ရွှေဈေးကွက်အ တွင်း တရုတ်ရွှေများ ဝင်ရောက်ရောင်းဝယ်နေခြင်းသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကဖြစ်ပြီး ပြည်တွင်းရွှေ အထွက်နည်းခြင်းကြောင့် တရုတ်ရွှေများ ပြည်တွင်းဈေး ကွက်အတွင်း ပျံ့နှံ့နေကြောင်း ရွှေလုပ်ငန်းရှင် ဦးနေအောင်က ပြောသည်။

လက်ရှိတွင် ပြည်ပသို့ ရွှေ တင်ပို့ခြင်း၊ တင်သွင်းခြင်း တရား ဝင်ခွင့်ပြုထားသော်လည်း ရွှေလုပ်ငန်းရှင်များက တင်ပို့ခြင်း၊ တင် သွင်းခြင်းမလုပ်ဘဲ တရားမဝင် လမ်းကြောင်းကသာ တင်ပို့မှု၊ တင်သွင်းမှုပြုလုပ်နေသည်ဟု ရွှေ လုပ်ငန်းရှင်အချို့က ပြောသည်။

‘‘ကျွန်တော်ကြားတာတော့ ဒီဟာကိုသုံးပြီး ရွှေပို့တာ၊ သွင်း တာ လုပ်တာ မကြားမိသေးဘူး’’ ဟု ရွှေလုပ်ငန်းရှင် ဦးမင်းမင်းက ပြောသည်။ ပွင့်လင်းရာသီဖြစ်သော်လည်း ရွှေဈေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်း၌ ယခင်နှစ်များထက် အရောင်းအဝယ်နည်းပါးကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံတွင် သီတင်း ကျွတ်ကာလသည် ရွှေအရောင်း အဝယ် မြင့်တက်လေ့ရှိသော် လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာ ခြင်းနှင့် ဒေါ်လာလဲနှုန်းမြင့်တက် ခြင်းကြောင့် ပွဲတော်ရက်ဖြစ်သော် လည်း ရွှေအရောင်းအဝယ် အ လွန်နည်းပါးသည်ဟု မန္တလေးရွှေ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

ရွှေဈေးသည် ယမန်နှစ်ထက် ကျပ်တစ်သိန်းမြင့်တက်ခြင်းနှင့် အလုပ်အကိုင်မကောင်း၍ ယခင် သီတင်းကျွတ်ကာလထက် ရွှေ ရောင်းအား ၅၀ ရာခိုင်နှုန်းကျဆင်းသည်ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၂၇ ရက်တွင် တစ်အောင်စ လျှင် ၁,၂၃၃ ဒသမ ၇ ဒေါ်လာ ပေါက်ဈေးရှိသည်။

ပြည်တွင်း၊ ပြည်ပ ငွေကြေး ဈေးကွက်တွင် အောက်တိုဘာ ၂၈ ရက်၌ တစ်ဒေါ်လာလျှင် ၁,၅၇၅ ကျပ်ဖြင့် အမြင့်၌ ဈေး ငြိမ်နေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service