ခန့်မှန်းရခက်ခဲနေသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်များ - Property News in Myanmar from iMyanmarHouse.com
5282 Views

ခန့်မှန်းရခက်ခဲနေသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်များ

ရန်ကုန်မြို့၏အိမ်ခြံမြေဈေးကွက်သည် မြန်မာ့စီးပွားရေးမငြိမ်မသက်မှုများအောက် ခန့်မှန်းရခက်ခဲနေ သည့်အခြေအနေတွင်ရပ်တည်နေသည်ဟုအိမ်ခြံမြေကျွမ်းကျင် ပညာရှင်တချို့ကသုံးသပ်နေကြသည်။

" စက်တင်ဘာလနောက်ဆုံးပတ်အစအထိပြန်လိုက်လာတဲ့သဘောရှိတယ် အခုကြတော့နည်းနည်းပြန်လေးသွားတယ် ဒါကလဲဒေါ်လာဈေးအတက်အကျကအရမ်းကိုကြမ်းလာတော့အကုန်လန့်သွားတယ် ဒါကြတော့အိမ်ခြံမြေတင်မဟုတ်ပဲစီးပွားရေးလုပ်ငန်းရှင်တိုင်းဘာလုပ်လိုလုပ်ရမလဲမသိတဲ့အခြေနေတွေဖြစ်ကုန်တယ်စောင့်ကြည့်ရမဲ့အခြေနေတွေဖြစ်လာတယ် ''ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဌဦးသန်းဦးကသုံးသပ်ပြောကြားသည်။

လက်ရှိအိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့်စက်တင်ဘာလ ဆန်းပိုင်းမှစတင်ကာ အရောင်းအဝယ်များပြန်လည်လှုပ်ခတ်လာခဲ့ပြီးသိန်းရာဂဏာန်းဝန်းကျင် မှ သောင်းဂဏာန်းဝန်းကျင်လောက်အထိဈေးကွက်များအရောင်းအဝယ်ပြန်လည်ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင်လက်ရှိဈေးကွက်မှာလည်းအိမ်ငှါးဈေးကွက်အနည်းငယ်လောက်သာအေးခဲ့ပြီး အရောင်းအဝယ်အများစုမှာအနည်းငယ်ပြန်လည်ဈေးကွက်လိုက်လာခဲ့ခြင်းဖြစ်သည်။

" ပြီးခဲ့တဲ့စက်တင်ဘာလဆန်းလောက်ကစပြီးတော့ အရောင်းအဝယ်နည်းနည်းပြန်လိုက်လာတယ် ဘာကြောင့်ဆိုတော့နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲတဲ့ပေါ်မူတည်ပြီးအိမ်ခြံမြေကတောက်လျှောက်ဈေးကွက်လေးပြန်လှုပ်လာတယ် ၊ဒါကဒေါ်လာဈေးတက်လို့ ထိုင်းဈေး တွေယွမ်ကတော့နောက်မှလိုက်လာတာဒေါ်လာဈေးစတက်တဲ့အချိန်မှာအိမ်ခြံမြေဈေးကွက်နည်းနည်းလှုပ်လာတယ် မြန်မာကျပ်ပေါ်မှာယုံကြည်မှုနည်းတော့ ငွေကိုဘယ်မှာမြှုံနှံမလဲဆိုတာစဉ်းစားလာကြတယ် ဘဏ်မှာထားရင်အလိုလိုနေရင်းငွေထုပ်သေးသွားလို့ ရင်းနှီးမြှပ်နှံလာကြတာ ရွှေကြတော့လည်းတက်မယ်ဆိုပေမဲ့ပြောလို့မရဘူး။သိပ်အာရုံမထားဘူး ။ဒေါ်လာဈေးကြတော့လည်းအတက်ကြီးပဲဖြစ်နေတော့အတက်အကျကြမ်းတော့သိပ်မလုပ်ကြဘူး။ကားဈေးကလည်းကလည်းပျက်နေတော့ အိမ်ခြံမြေဈေးကွက်ထဲပြန်ဝင်လာတဲ့သဘောရှိတယ် ။စက်တင်ဘာလဆန်းကစပြီး ပြန်လှုပ်ချင်လာတယ်။ငါးရာတန်လောက်တွေအရောင်းအဝယ်ဖြစ်တယ်သုံးလေးထောင်တန်လောက်တွေအရောင်းအဝယ်ဖြစ်တယ်။သိန်းသောင်းဂဏန်းတွေကြိုကြားကြိုကြား အရောင်းအဝယ်ဖြစ်တယ်အဲ့လိုဖြစ်လာတာအခုလကုန်အထိပြန်လိုက်လာတဲ့သဘောရှိတယ်''ဟု ဈေးကွက်ဖြစ်ပေါ်ခဲ့ပုံကိုရှင်းပြသည်။

"ဒေါ်လာဈေးတက်လာတော့ မြန်မာငွေကြေးက အလိုလိုနေရင်း တန်ဖိုး ၂၀ ရာခိုင်နှုန်းလောက် ကျသွားပါတယ်။ ဘဏ်တွေမှာ ငွေစုထားတဲ့သူတွေက ဘဏ်ထဲကစုဆောင်းထားတဲ့ ငွေတွေထုတ်ပြီး အိမ်ခြံမြေဘက်မှာ ပြန်လည်ရင်းနှီးမြှုပ်နှံလာကြတာကို တွေ့ရတယ်။သိန်းထောင်ဂဏန်း၊ သောင်းဂဏန်းထိတန်တဲ့ အိမ်ခြံမြေတွေဟာ ရန်ကုန်ရော မန္တလေးမှာပါ ပြန်လည်အရောင်းအဝယ်ဖြစ်လာတာတွေ့ရတယ်။ အခုဝါကျွတ်ကာလရောက်ပြီဆိုတော့ ဈေးကွက်ထဲမှာ အရောင်းရောအငှားပါ ပိုပြီးဖြစ်လာမယ်လို့ သုံးသပ်ပါတယ် " ဟု iMyanmarHouse.com ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service