အရေးမပါသလိုရှိနေသည့် အိမ်၊ခြံ၊မြေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု - Property Knowledge in Myanmar from iMyanmarHouse.com
1465 Views

အရေးမပါသလိုရှိနေသည့် အိမ်၊ခြံ၊မြေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု

Knowledge | Posted by Shwe Zin Win

အိမ်၊ခြံ၊မြေနှင့်ပတ်သက်၍ ရောင်း၊ ၀ယ်၊ ငှား ပြုလုပ် ကြရာတွင် သတိပြုသင့်သော အချက်တစ်ခုကို မိမိကိုယ်တိုင်ပင် တစ်ခါတစ်ရံ မေ့လျော့နေတတ်သည်။ ဤသည် မှာ အိမ်၊ခြံ၊မြေနှင့်ပတ်သက်သော “သန့်ရှင်းမှု” ဆိုသည့်အချက်ပင်ဖြစ်သည်။

ယခင်လွန်ခဲ့သည့်နှစ်များကဆိုလျှင် ဆင်ခြေဖုံးရပ်ကွက်များ၌ဆိုလျှင် အမှိုက်များကို ကြုံလျှင်ကြုံသလို အလွယ်တကူ စွန့်ပစ်ကြရာမှာ ယခု ၂၀၁၀ နောက်ပိုင်းများတွင် မြို့နယ်၊ ရပ်ကွက် အသီးသီးတို့၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ် ပေးထားသော အမှိုက်ပစ်ကန်များအတွင်းသို့ စည်းစနစ်ကျစွာ အမှိုက်များစွန့်ပစ်လာကြသည်ကို တွေ့ရှိရသည်။

အထပ်မြင့်အဆောက်အဦးများအပေါ်၌ နေထိုင်သူများကလည်း အပတ်စဉ် အလှည့်ကျလာရောက်သိမ်းဆည်း သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းခေါင်းလောင်းထိုးသံကြားလျှင်ပင် မိမိနေအိမ် မှအမှိုက်များကို အမှိုက်ပစ်လှည်းများအတွင်းသို့ သွားရောက်စွန့်ပစ်ကြသည့်အတွက် မြို့နေလူမှုအဆင့်အတန်း မြင့်တက်လာသည်ဟု ဆိုနိုင်ပါသည်။

စင်္ကာပူနိုင်ငံများ၌ဆိုလျှင် Condo တိုက်ခန်းများ၌ နေထိုင်သူများသည် မီးဖို ချောင်စွန့်ပစ် အမှိုက်များကို မိမိအိမ်၌ရှိသော အမှိုက်စွန့်ခေါင်းပြွန်ထဲသို့ အလွယ်တကူစွန့်ပစ်လိုက်နိုင်သဖြင့် လူနေမှုအဆင့်အတန်းကို များစွာအထောက်အကူပြုသည်ကိုတွေ့ရှိရသလို မလေးရှားနိုင်ငံများတွင်လည်း လုံးချင်း အိမ်ရာများတွင် နေထိုင်သူဖြစ်ပါက မိမိတို့ မီးဖိုချောင်၏ စွန့်ပစ်အမှိုက်များကို ခြံဝရှေ့တွင်ရှိသော အမှိုက်စွန့်အိမ် ကလေးထဲသို့ ထည့်ထားလိုက်ပါက အမှိုက်သိမ်းဆည်းရေးမှ အပတ်စဉ်အလှည့်ကျ လာရောက်သိမ်းဆည်းခြင်း ကြောင့် အိမ်နှင့်ပတ်ဝန်းကျင် လူနေထိုင်မှု အဆင့်အတန်းများကို ဖော်ပြသလိုဖြစ်သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် လုံးချင်းအိမ်ရာများ၌ နေထိုင်သည်ဖြစ်စေ၊ အထပ်မြင့်အဆောက်အဦးများပေါ်၌ နေထိုင်သည် ဖြစ်စေ အမှိုက်သိမ်းဆည်းရေးကိစ္စကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါသည်။ အမှိုက်သိမ်းဆည်းရေးကိစ္စသည် အိမ်၊ခြံ၊မြေ တစ်ခု၏ သန့်ရှင်းမှုနှင့်သာမက လူကြိုက်များ မများ နှင့် ဈေးနှုန်းတို့ကိုပါ သွယ်ဝိုက်သောနည်းအားဖြင့် ပတ်သက်နေသည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။

ထို့ကြောင့် အမှိုက်သိမ်းဆည်းခြင်းညံ့ဖျင်းပါက သန့်ရှင်းလှပသော မြို့တော်ကြီးကို ရုပ်ဆိုးစေသည့်အပြင် လူ ကြိုက်နှစ်သက်မှု နည်းပါးလာပါက ဈေးကွက်ကိုပါ ထိခိုက်လာနိုင်သဖြင့် မိမိတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာပါမက နေထိုင်မှု အဆင့်အတန်းကိုပါ မြင့်မားပျိုးထောင်ပြီး မိမိပတ်ဝန်းကျင်နှင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးကြ ပါဟု တိုက်တွန်းနှိုးဆော်ချင်ပါသည်။

Credit: Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service