အတိုးနှုန်းမြင့်မားမှုကြောင့် အိမ်ယာချေးငွေ မယူနိုင်ကြခြင်းဖြစ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
11665 Views

အတိုးနှုန်းမြင့်မားမှုကြောင့် အိမ်ယာချေးငွေ မယူနိုင်ကြခြင်းဖြစ်ဟုဆို

လက်ရှိမြန်မာနိုင်ငံရဲ့ အိမ်ယာချေးငွေ အတိုးနှုန်း ဟာ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အရမ်းများနေတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်ယာချေးငွေ မယူနိုင်ကြသေးဘူးလို့ အိမ်ခြံမြေကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူတွေ အိမ်ရာပိုင်ဆိုင်နိုင်ဖို့အတွက် ဘဏ်နဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေ ချိတ်ဆက်ပြီး ဘဏ်ချေးငွေနဲ့ နှစ်ရှည်အိမ်ရာစီမံကိန်းတွေကို ရောင်းချနေတာပါ။

ဘဏ်နဲ့ချိတ်ဆက်ဆောင်ရွက်ရာမှာ အိမ်ယာချေးငွေအတွက် ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းက တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အင်မတန်များနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်ယာချေးငွေမယူနိုင်ကြတာလို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

ဘဏ်တွေအနေနဲ့ကတော့ ကုမ္ပဏီတွေနဲ့ အိမ်ယာချေးငွေအတွက် ချိတ်ဆက်ဆောင်ရွက်ရာမှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ အတိုးနှုန်းကောက်ခံသွားတာဖြစ်ပြီး ပြည်သူအားလုံး အိမ်ရာပိုင်ဆိုင်ခွင့်ရအောင် ဆောင်ရွက်နေတာလို့ ရိုးမဘဏ် အိမ်ယာချေးငွေဌာနကတာဝန်ခံ ကိုကျော်လင်းဦးက ပြောပါတယ်။

ကွန်ဒို၊ လုံးချင်းအိမ်၊ မြေဝယ်ယူခြင်းနဲ့ တိုက်ခန်းဝယ်ယူခြင်းတို့အတွက်ကို အိမ်ယာချေးငွေ အနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ လျှောက်ထားလို့ရပြီး အတိုးနှုန်းက တနှစ်ကို ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်။

ရိုးမဘဏ်အနေနဲ့ အိမ်ယာချေးငွေလျှောက်ထားရာမှာ တိုက်ခန်း တန်ဖိုးကျပ်သိန်း ၃ဝဝ အထက် ရှိရမှာဖြစ်ပြီး ၃ဝ ရာနှုန်းကို လက်ငင်းချေရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၇ဝ ရာခိုင်နှုန်းကို ဘဏ်ကနေ ၁၅ နှစ်အရစ်ကျနဲ့ ချေးပေးသွားမှာပါ။

ကွန်ဒိုနဲ့ လုံးချင်းတွေကတော့ ကျပ်သိန်း ၆၅ဝ နဲ့အထက်ရှိရမှာဖြစ်ပြီး ဘဏ်မှ ၇ဝ ရာခိုင်နှုန်းကို ၂၅ နှစ်ထိ အရစ်ကျ ထုတ်ချေးပေးမှာဖြစ်ပါတယ်။

 

Credit: DVB

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service