ဒေါ်လာဈေးမကစားရန် ဘဏ်နှင့်ငွေလဲကောင်တာများကို ဗဟိုဘဏ်သတိပေး၊ မလိုက်နာလျှင် အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
1742 Views

ဒေါ်လာဈေးမကစားရန် ဘဏ်နှင့်ငွေလဲကောင်တာများကို ဗဟိုဘဏ်သတိပေး၊ မလိုက်နာလျှင် အရေးယူမည်

ဘဏ်များနှင့် ငွေလဲကောင်တာများသည် နိုင်ငံ့စီးပွားရေး ထိခိုက်စေမည့် ဒေါ်လာဈေးကစားခြင်းမပြုလုပ်ရန် ဗဟိုဘဏ်က အောက်တိုဘာ ၁၈ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်သည်။

အကယ်၍ ဈေးကစားမည်ဆိုပါက ၂၀၁၂ တွင် ပြဋ္ဌာန်းခဲ့သောနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူအပြစ်ပေးခြင်းခံရမည်ဟု ဗဟိုဘဏ်ကထုတ်ပြန်ချက်၌ သတိပေးထားသည်။

‘‘လိုင်စင်ကိုင်ထားတဲ့သူတွေလည်း ဈေးကစားလို့မရဘူးဆိုတာ ထပ်ပြီးသတိပေးတာ။ ဥပဒေအရ လိုင်စင်ကိုင်တဲ့သူလည်း ကျူးလွန် ရင် အရေးယူလို့ရတယ်၊ လိုင်စင်မကိုင်တဲ့သူရော ကျူးလွန်ရင် အရေးယူလို့ရတယ်ဆိုတာ သတိပေးချင်တာ’’ဟု ဗဟိုဘဏ်ညွှန်ကြားရေးမှူး ချုပ် ဒေါ်မေတိုးဝင်းက ပြောသည်။ဒေါ်လာဈေး ကစားမှုများ တွင် ဘဏ်များနှင့် ငွေလဲကောင် တာများပါဝင်ခြင်းရှိ၊ မရှိ အတည် မပြုသော်လည်း ယခုထုတ်ပြန် ချက်သည် ဘဏ်နှင့်ငွေလဲကောင် တာများအတွက် ဒေါ်လာဈေးက စားမှုများနှင့်ပတ်သက်၍ သီးသန့် ထုတ်ပြန်ချက်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဗဟိုဘဏ်၏ တားမြစ်သတိ ပေးချက်တွင် နိုင်ငံခြားငွေလုပ် ငန်းဆိုင်ရာ လိုင်စင်ရရှိထားသူ များသည် နိုင်ငံစီးပွားရေးစနစ် တည်ငြိမ်မှုကို ထိခိုက်စေခြင်း၊ နိုင်ငံငွေကြေးစနစ်ကို ပြည်သူများ ယုံကြည်မှု ပျက်ပြားစေခြင်းနှင့် နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်စေ ခြင်း စသည့် ငွေကြေးဈေးကစား မှုနှင့် အခြားမည်သည့်နည်းလမ်း တစ်ခုခုကို အသုံးပြု၍ ဆောင်ရွက် ခြင်းမပြုရဟု ဖော်ပြထားသည်။

သတိပေး ညွှန်ကြားချက် သည် နိုင်ငံခြားငွေဝယ်ယူရောင်း ချလဲလှယ်ခွင့်ရထားသည့် ငွေလဲ ကောင်တာ (Money Changer) နှင့် နိုင်ငံခြားသုံးငွေရောင်းဝယ် ရေး လုပ်ငန်းလိုင်စင် ရရှိသည့် ဘဏ်အားလုံးကို ရည်ညွှန်းကြောင်း ဒေါ်မေတိုးဝင်းက ပြောသည်။

၂၀၁၂ နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုဥပဒေအရ ဗဟိုဘဏ်ညွှန် ကြားချက်ကို ငွေလဲကောင်တာများနှင့် နိုင်ငံခြားသုံးငွေရောင်း ဝယ်ခွင့်ရရှိထားသည့် ဘဏ်များ က လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါကထောင်ဒဏ်တစ်နှစ်(သို့မ ဟုတ်) ငွေဒဏ်(သို့မဟုတ်) ဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

၂၀၁၈ ဇွန်လကစတင်ပြီး ပြည်တွင်းဈေးကွက်၌ ဒေါ်လာ တန်ဖိုးဆက်တိုက်မြင့်တက်လာ ပြီး စက်တင်ဘာ ၂၀ ရက်နောက် ပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၆၃၀ အထက်ရှိခဲ့သည်။

ထို့ကြောင့် ပြည်ထဲရေးဝန် ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနက ဒေါ်လာဈေး ကစားသူများကို ဖမ်းဆီးစစ်ဆေး ခဲ့သည်။ ဒေါ်လာဈေးကစားသူ စုစုပေါင်း ခြောက်ဦး ဖမ်းဆီးထား ကြောင်း အထက်ပါဌာနညွှန်ကြား ရေးမှူး ဦးအောင်မျိုးကပြော သည်။ ထို့အပြင် အောက်တိုဘာ ၁၇ ရက်က ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်း တွဲဖက် စာရင်းစစ် ညီညီဦး (ခ) လှလေး စိန်ကို ဒေါ်လာဈေးကစားမှုဖြင့် ထပ်မံဖမ်းဆီးခဲ့သည်။

၎င်းတို့သည် နိုင်ငံခြား သုံး ငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ လုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားခြင်းဖြစ်သည်။ ထိုဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက ထောင်ဒဏ် အများဆုံးသုံးနှစ် (သို့မဟုတ်) ငွေ ဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

Upcoming Property Events

The Rich Villa
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service