ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းဆောက်လုပ်ရန် ၀င်ငွေကျပ် ငါးဘီလီယံအထက်ရှိကုမ္ပဏီများကို ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
1398 Views

ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းဆောက်လုပ်ရန် ၀င်ငွေကျပ် ငါးဘီလီယံအထက်ရှိကုမ္ပဏီများကို ဖိတ်ခေါ်

နှစ်စဉ်ဝင်ငွေပျမ်းမျှအနည်းဆုံးကျပ်ငါးဘီလီယံအထက်ဝင်ငွေရှိသည့် ကုမ္ပဏီများကို ပုဇွန်တောင်မြို့နယ်ရှိ ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း ဆောက်လုပ်ရန် Yangon Metropolitan Development ကုမ္ပဏီက အောက်တို ဘာ ၁၇ ရက်တွင်ဖိတ်ခေါ်ခဲ့သည်။

‘‘အဆောက်အအုံက အမြင့် ၁၂ ထပ်ပါ။ အခုတင်ဒါခေါ်တာ အဆောက်အအုံ တစ်ခုလုံးကို ဆောက်ဖို့တင်ဒါခေါ်တာပါ’’ ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြည်တော်သစ် လူနေအထပ်မြင့် အိမ်ရာနှင့် ကားရပ်နားရန် အဆောက်အအုံအတွက် မြို့ပြတည်ဆောက်ရေး၊ ရေသန့်နှင့် ပိုက်ဆက်လုပ်ငန်း၊ ဘိုးပိုင်လုပ်ငန်းများ တာဝန်ယူနိုင် သော ကုမ္ပဏီများလျှောက်ထားနိုင်ပြီး လျှောက်ထားသည့်ကုမ္ပဏီသည် ၀င်ငွေကျပ်ငါးဘီလီယံနှင့် အထက်ကို အနည်းဆုံးသုံးနှစ်မှ ငါးနှစ်ကြား ဆက်တိုက်ရရှိထားရ မည်ဟုဆိုထားသည်။

ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွင်လည်း အတွေ့အကြုံငါးနှစ်ရှိရမည်ဖြစ်ပြီး အထပ် မြင့်ရှစ်ထပ်၊ မြေအောက်ထပ်၊ ဘိုးပိုင်လုပ်ငန်းနှင့် အခန်း ၂၀ တွဲ ဆောက်ဖူးရမည်ဖြစ်သည်။

‘‘အစိုးရက ခိုင်မာတဲ့ကုမ္ပဏီ ကို တင်ဒါပေးချင်တဲ့သဘောပါ။ ဒါကြောင့် အခုလိုကန့်သတ်တာ လို့ မြင်ပါတယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ကိုထွန်းအောင် က ပြောသည်။

ပြည်တော်သစ် အိမ်ရာစီမံကိန်းသည် တိုင်းအစိုးရက အကောင်အထည်ဖော်မည့် ကျပ်ဘီ လီယံ ၁,၀၀၀ တန် အိမ်ရာစီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။

တိုင်းအစိုးရက အကောင်အထည်ဖော်မည်ဟု လွှတ်တော်သို့ တင်ပြထားသည့် စီမံကိန်းများ သည် ဒဂုံဆိပ်ကမ်းအိမ်ရာ၊ ပုဇွန်တောင်ရှိ ပြည်တော်သစ်အိမ်ရာ၊ အင်းစိန်မြို့နယ်ရှိ ကြို့ကုန်းအိမ်ရာ၊ ရန်ကင်းအိမ်ရာနှင့် စမ်းချောင်းမြို့နယ် ဝေဠုဝန်အိမ်ရာ စီမံကိန်းတို့ဖြစ်သည်။

Yangon Metropolitan Development ကုမ္ပဏီသည် ရန်ကုန်တိုင်းအစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီက ၄၉ ရာ ခိုင်နှုန်းပိုင်ဆိုင်ထားသည်။ ယင်း ကုမ္ပဏီသည် အိမ်ရာစီမံကိန်း ခြောက်ခု အကောင်အထည် ဖော်မည်ဖြစ်ပြီး တိုင်းအစိုးရက ကျပ် ၅၄ ဘီလီယံရင်းနှီးမြှုပ်နှံထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service