သင္ ၏ ေနအိမ္ မ်က္ႏွာလွည့္ေသာ အရပ္ကို ၾကည့္၍ လာဘ္လာဘ ပြင့္လန္းေစေသာနည္း - Property Knowledge in Myanmar from iMyanmarHouse.com
30331 Views

သင္ ၏ ေနအိမ္ မ်က္ႏွာလွည့္ေသာ အရပ္ကို ၾကည့္၍ လာဘ္လာဘ ပြင့္လန္းေစေသာနည္း

Knowledge | Posted by Shwe Zin Win

#Zawgyi#

လာဘ္ပြင့္ေစေသာ ယၾတာ မ်ိဳးစံု ရွိပါသည္။ ထို ယၾတာ နည္းမ်ားစြာတြင္ လူတစ္ဦး တစ္ေယာက္ ၏ ေမြးေန႔ေမြးရက္ ေမြးသကၠရာဇ္ မ်ားကို အဓိကထား၍ ေဆာင္ရြက္ျခင္း မ်ားကိုသာ တင္ထားတာ မ်ားပါတယ္။

အခုေျပာမွာ ကေတာ့ မိမိေနအိမ္ ၏ မ်က္ႏွာလွည့္ရာ အရပ္ ကို အဓိကထား၍ လာဘ္ပြင့္ေအာင္ လာဘ္လာဘ ရႊင္လန္းေအာင္ေဆာင္ရြက္ရေသာ နည္းကို ေျပာျပပါမည္။

အဲဒီလို ေဆာင္ရြက္တဲ့ အတြက္ ဘာအက်ိဳးေက်းဇူးေတြ ကို ရရွိႏိုင္သလဲ ဆိုေတာ့ အဲဒီေနအိမ္ မွာ ေနထိုင္တဲ့ လူသားအားလံုး မိမိ တို႔၏ လုပ္ငန္းေဆာင္တာ မ်ားမွာ ထူးထူး ကဲကဲ ေအာင္ျမင္ျခင္း၊ ေအးေအး ခ်မ္းခ်မ္း ျဖတ္သန္းႏိုင္ျခင္း၊ စီးပြားေရး မ်ား ေအာင္ျမင္ႏိုင္ျခင္း ႀကံဳေတြ႕ရမယ့္ အခက္အခဲေတြ ျပႆနာေတြ အဆင္ မေျပမႈ႔ေတြ အတိုက္အခို္က္ေတြ ကေန လြတ္ေျမာက္ႏိုင္ပါတယ္။

မိမိတို႔ေနအိမ္ သယာေစရန္ တိုးတက္ေစရန္ အက်ိဳးျပဳေစပါတယ္။ ဒီနည္း ကို ေဆာင္ရြက္မယ့္ သူေတြ က ေမြးေန႔ေမြးရက္ ေမြးသကၠရာဇ္ တိတိ က်က် သိစရာ မလိုပါဘူး။ မိမိေနအိမ္ က ဘယ္ဘက္ ကို မ်က္ႏွာ မူသလဲ။ အဲဒီ မ်က္ႏွာမူရာ အရပ္ေဒသ ကို အဓိက ထားၿပီး ေဆာင္ရြက္ရတဲ့ နည္းျဖစ္ပါတယ္။

အေရွ႕အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္မ်ား တြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေရွ႕ အရပ္ ကို မ်က္ႏွာ လွည့္ေသာ အိမ္ကို တနလၤာၿဂိဳဟ္မင္း က စိုးမိုး အက်ိဳးျပဳေသာ အိမ္ဟု သတ္မွတ္ သည္။ ထို အိမ္တြင္ ေနထိုင္သူ အေပါင္း တို႔သည္ ႀကံရည္ လွဴဒါန္းျခင္း ျပဳလုပ္သင့္သည္။ ရဟန္း သံဃာေတာ္ မ်ားကို ႀကံရည္ ကပ္လွဴႏိုင္သည္။

ႀကံေခ်ာင္း ကို ကိုးဆစ္ျဖတ္၍ အိမ္ တံခါးတြင္ ေထာင္ထားႏိုင္ပါသည္။ ဘုရား တစ္ဆူဆူ ၏ တနလၤာေဒါင့္ တြင္လည္း လွဴဒါန္းႏိုင္ပါသည္။ ႀကံပန္းခုိင္ တို႔ ႀကံသကာ တို႔ လွဴဒါန္းႏိုင္ပါသည္။

အေရွ႕ေတာင္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္ မ်ားတြင္ ေနထိုင္ သူမ်ားလာဘ္ပြင့္ေစရန္

အေရွ႕ေတာင္ အရပ္ ကို မ်က္ႏွာလွည့္ေသာအိမ္ကို အဂၤါၿဂိဳဟ္မင္း က စိုးမိုးေစာင့္ေရွာက္ျခင္းကို ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ ဘုရားတြင္ စံပယ္ပန္း မၾကာခဏ လွဴဒါန္း ဆက္ကပ္ႏိုင္ပါသည္။ ဆပ္သြားဖူး လွဴ၍လည္း ရပါသည္။ ဆီးယိုလည္း မၾကာခန ဒါနျပဳႏိုင္ပါသည္။

သံဃာေတာ္မ်ား အား ဆပ္ျပာ အလွဴ ဒါနျပဳႏိုင္ပါသည္။ ထို ယၾတာ ကိုျပဳလုပ္ျခင္းအားျဖင့္ ထိုေနအိမ္ တြင္ ေနထိုင္သူမ်ားသည္ စြမ္းအားေကာင္းျခင္း ၊ ၾသဇာ တိုးျခင္း၊ စီးပြားတက္ျခင္း မ်ား ျဖစ္ႏိုင္ပါသည္။

ေတာင္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

ေတာင္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားကို ဗုဒၶဟူးၿဂိဳဟ္မင္း စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ ေလတိုက္လွ်င္တဖ်တ္ဖ်တ္ လႈပ္ေသာ ၾကက္လွ်ာ ကို အိမ္ေရွ႕တြင္ထုိးပါ။ ဘုရား တင္ပါ။ ရြက္လွညြန္႔ လွဴပါ။ သံဃာေတာ္ မ်ား အား ေရ ၊ ယပ္ အစရွိသည္ တို႔ ဒါနျပဳကပ္လွဴပါ။ ေအးခ်မ္းျခင္း ၊ စီးပြားတက္ျခင္း ေရႊေငြ ရတနာ ေပါၾကြယ္၀ျခင္းမ်ား ျဖစ္မည္။

အေနာက္ေတာင္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားတြင္ ေနထိုင္သူမ်ားလာဘ္ပြင့္ေစရန္

အေနာက္ေတာင္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားကို စေနၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ အိမ္ ဘုရားတြင္ ထီးနီ တစ္လက္ တင္ထားပါ။

သံဃာေတာ္ မ်ားကို ထီး ဒါနျပဳပါ။ နာနတ္ယို လွဴဒါန္း ဆက္ကပ္ေပးပါ။ ဘုန္းတန္ခိုးႀကီးျခင္း၊ လာဘ္ပြင့္ျခင္း၊ စီးပြား တိုးတက္ျခင္းမ်ား ျဖစ္ေပၚလာမည္။

အေနာက္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္ မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေနာက္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားကို ၾကာသပေတးၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ ပန္းပြင့္မ်ား ဘုရားစင္ တြင္ မျပတ္ လွဴဒါန္း ဆက္ကပ္ေပးပါ။ ဆီမီး (လွ်ပ္စစ္မီး၊ ဖေယာင္းတိုင္မီး) အလွဴဒါနျပဳေပးပါ။ ေပါက္ေပါက္ပြင့္ ဘုရားတင္ျခင္း ဆြမ္းေတာ္ကပ္ျခင္း မၾကာခဏ ၿပဳပါ။

သံဃာေတာ္ မ်ားကို မုန္႔၊ ပဲ၊ မၾကာခဏ လွဴေပးပါ။ ဘုန္းကံႀကီးမားျခင္း ဥစၥာစီးပြား တိုးတက္ျခင္းမ်ား ရရွိ ခံစားရမည္။

အေနာက္ေျမာက္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေနာက္ေျမာက္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္ မ်ားကို ရာဟုၿဂိဳဟ္မင္း က စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ အိမ္ေရွ႕တြင္ ေရအိုးစင္ လွဴဒါန္းေပးပါ။ အိမ္ေရွ႕တြင္ မၾကာခန ေရျဖန္း ပက္ေပးပါ။ ရဲယိုညြန္႔ ဘုရားလွဴပါ။ ေရႊသကၤန္း မၾကာခဏ ဆက္ကပ္လွဴဒါန္းေပးပါ။ ေရွာက္ယို ၊ ေရွာက္သီး သုပ္ ဆက္ကပ္လွဴဒါန္ေပးပါ။

သံဃာေတာ္ မ်ားကိုလည္း ဆက္ကပ္ လွဴဒါန္းႏိုင္ပါသည္။ စီးပြားဥစၥာ တိုးတက္ျခင္း ၊ ကံဇာတာျမင့္မားျခင္း၊ အလိုျပည့္စံုျခင္း မ်ား ျဖစ္မည္။

ေျမာက္ အရပ္ ကို မ်က္ႏွာ လွည့္ေသာေနအိမ္ မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

ေျမာက္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ား ကို ေသာၾကာၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ အိမ္ဘုရားတြင္ သစ္သီး မျပတ္တင္ပါ။ သီဟိုဠ္ညြန္႔ ဒါနျပဳပါ။

သံဃာေတာ္ မ်ားကို သတ္သတ္လြတ္ ဟင္းမ်ား မၾကာခဏ ေလာင္းလွဴ ပါ။ ေနအိမ္ တြင္ ေနထိုင္ သူမ်ားလည္း မၾကာခဏ သတ္သတ္လြတ္ စားေပးပါ။ က်က္သေရ တိုးပြားျခင္း၊ ကံဇာတာျမင့္မားျခင္းမ်ား ျဖစ္မည္။

အေရွေျမာက္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေရွ႕ေျမာက္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ား ကို တနဂၤေႏြၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္းခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။

အိမ္ေရွ႕တြင္ အုန္းခြံ စာကေလး အိမ္ခ်ိတ္ဆြဲထားျခင္း၊ အိမ္ဘုရား အား အုန္းသီးကပ္လွဴျခင္း၊ အုန္းဆြမ္း၊ အုန္းႏို႔ေခါက္ဆြဲ လွဴဒါန္းေပးျခင္း သံဃာေတာ္မ်ားအား လည္း ကပ္ လွဴဒါန္းေပးျခင္း ၊ ေအာင္အိုး တစ္လံုးတြင္ အုန္းညြန္ ႔(၆) ညြန္႔ထိုးထား ၍ အိမ္ေရွ႕တြင္ ထားျခင္း ေဆာင္ ရြက္ႏိုင္ပါသည္။ က်က္သေရ တိုးပြားျခင္း၊ ကံဇာတာျမင့္မားျခင္းမ်ား ျဖစ္မည္။

 

Credit: မင္းခေယာက်္ား

 

#Unicode#

 

လာဘ်ပွင့်စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာ နည်းများစွာတွင် လူတစ်ဦး တစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ် များကို အဓိကထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။

အခုပြောမှာ ကတော့ မိမိနေအိမ် ၏ မျက်နှာလှည့်ရာ အရပ် ကို အဓိကထား၍ လာဘ်ပွင့်အောင် လာဘ်လာဘ ရွှင်လန်းအောင်ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။

အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာအကျိုးကျေးဇူးတွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသားအားလုံး မိမိ တို့၏ လုပ်ငန်းဆောင်တာ များမှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊ အေးအေး ချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေး များ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင် မပြေမှု့တွေ အတိုက်အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။

မိမိတို့နေအိမ် သယာစေရန် တိုးတက်စေရန် အကျိုးပြုစေပါတယ်။ ဒီနည်း ကို ဆောင်ရွက်မယ့် သူတွေ က မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိ ကျကျ သိစရာ မလိုပါဘူး။ မိမိနေအိမ် က ဘယ်ဘက် ကို မျက်နှာ မူသလဲ။ အဲဒီ မျက်နှာမူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။

အရှေ့အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ တွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့ အရပ် ကို မျက်နှာ လှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်း က စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ် သည်။ ထို အိမ်တွင် နေထိုင်သူ အပေါင်း တို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော် များကို ကြံရည် ကပ်လှူနိုင်သည်။

ကြံချောင်း ကို ကိုးဆစ်ဖြတ်၍ အိမ် တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရား တစ်ဆူဆူ ၏ တနင်္လာဒေါင့် တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင် တို့ ကြံသကာ တို့ လှူဒါန်းနိုင်ပါသည်။

အရှေ့တောင် အရပ် ကို မျက်နှာလှည့်သော နေအိမ် များတွင် နေထိုင် သူများလာဘ်ပွင့်စေရန်

အရှေ့တောင် အရပ် ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ဘုရားတွင် စံပယ်ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူး လှူ၍လည်း ရပါသည်။ ဆီးယိုလည်း မကြာခန ဒါနပြုနိုင်ပါသည်။

သံဃာတော်များ အား ဆပ်ပြာ အလှူ ဒါနပြုနိုင်ပါသည်။ ထို ယတြာ ကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ် တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်း များ ဖြစ်နိုင်ပါသည်။

တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင်တဖျတ်ဖျတ် လှုပ်သော ကြက်လျှာ ကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရား တင်ပါ။ ရွက်လှညွန့် လှူပါ။ သံဃာတော် များ အား ရေ ၊ ယပ် အစရှိသည် တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။

အနောက်တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

အနောက်တောင် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို စနေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။

သံဃာတော် များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။

အနောက် အရပ်ကို မျက်နှာလှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ကြာသပတေးဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ပန်းပွင့်များ ဘုရားစင် တွင် မပြတ် လှူဒါန်း ဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခဏ ပြုပါ။

သံဃာတော် များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွား တိုးတက်ခြင်းများ ရရှိ ခံစားရမည်။

အနောက်မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်မြောက် အရပ် ကို မျက်နှာလှည့်သော နေအိမ် များကို ရာဟုဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီး သုပ် ဆက်ကပ်လှူဒါန်ပေးပါ။

သံဃာတော် များကိုလည်း ဆက်ကပ် လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်း များ ဖြစ်မည်။

မြောက် အရပ် ကို မျက်နှာ လှည့်သောနေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

မြောက် အရပ် ကို မျက်နှာလှည့်သော နေအိမ်များ ကို သောကြာဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။

သံဃာတော် များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူ ပါ။ နေအိမ် တွင် နေထိုင် သူများလည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

အရှေမြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့မြောက် အရပ် ကို မျက်နှာလှည့်သော နေအိမ်များ ကို တနင်္ဂနွေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ် ဟု သတ်မှတ်ပါသည်။

အိမ်ရှေ့တွင် အုန်းခွံ စာကလေး အိမ်ချိတ်ဆွဲထားခြင်း၊ အိမ်ဘုရား အား အုန်းသီးကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအား လည်း ကပ် လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်းညွန့်(၆) ညွန့်ထိုးထား ၍ အိမ်ရှေ့တွင် ထားခြင်း ဆောင် ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

 

Credit: မင်းခယောကျ်ား

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
kt
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service