အိမ်ပိုင် မြေပိုင် ဖြစ်လိုသူများအတွက်.. သစ်တံခါးဆရာတော် ၏ ” မြေ” ပိုင်ရှင် ” အိမ်” ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
22794 Views
အိမ်ပိုင် မြေပိုင် ဖြစ်လိုသူများအတွက်.. သစ်တံခါးဆရာတော် ၏ ” မြေ” ပိုင်ရှင် ” အိမ်” ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း
Knowledge | Posted by Zarni Kyaw
#Zawgyi#
ကပ် လှုထားသော ပန်းကန် (၂) ခုထဲတွင် အချို ပွဲပါ စု့ ပုံပြီးကပ်လှုပါ။
#Unicode#
သစ်တံခါးဆရာတော် ၏ ” မြေ” ပိုင်ရှင် ” အိမ်” ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း …မြန်မာ ဂမ္ဘီရ လောကီဝိဇ္ဇာ ဓရ ပညာဖြင့် ” မြေ” ပိုင်ရှင် ” အိမ်” ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း …သစ်တံခါးဆရာတော် ၏ ရေးသား ဖော်ပြချက် အား အဓိဋ္ဌာန် ကျင့်ဆောင်ပုံ တင်ပြပေးခြင်းပါ ။
မိမိ မှာ အိမ်ပိုင်ရှင် မြေပိုင်ရှင် ဖြစ်လိုပါက ....
နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ မိမိစားသုံးနေသော စားပွဲ မှ ၎င်း .. တစ်နေရာ တွင် သီးသန့် ထား၍ သော်၎င်း .. တစ်ယောက်စာ တစ်ပန်းကန်စာ ကိုဟင်းအား လုံး စု့ပုံ ထည့်ကာ ခက်ရင်း ဇွန်း တပ်ပြီး လက်နှင့် ကိုင်မြှောက်ကာ .. ” ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူ ပြီး ကြသောမြတ်ဗုဒ္ဓအဆူဆူ တို့အား တစ်ပွဲ ရဟန္တာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်များ နှင့် သံဃာတော် အပေါင်း အရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရပ်လမ်း စရောက်တော် မူ ကြသော ဝိဇ္ဇာထိုရ်သူတော်ကောင်း အပေါင်းအရှင်ကောင်း တို့အား ကိုယ်တိုင် ကြွရောက် ၍ ဘုန်းပေးတော် မူကြပါ။ သုံးဆောင်တော်မူ ကြပါဟု ” … ပင့်ဖိတ် ၍ အလှုဒါန ပြု့ပေးပါ။ သောက်တော်ရေ (သို့) ရေနွေး ကြမ်းတစ်ခွက်စီ ချ၍ ကပ်လှုပေးပါ ။
ကပ် လှုထားသော ပန်းကန် (၂) ခုထဲတွင် အချိူ ပွဲပါ စု့ ပုံပြီးကပ်လှုပါ။
မိမိ ထမင်းစား ပြီး ဆုံးပါက .. မြတ်ဗုဒ္ဓ နှင့်ရဟန္တာ များ အရိယာ ဝိဇ္ဇာ ဓမ္မဝိဇ္ဇာ တို့အတွက် အလှုဒါန ပြု့ထားသော ပန်းကန်များကို ကိုင်ပြီး မြေကြီး အလွတ်တစ်နေရာ .. မြေပြင်ပေါ် တွင် ဘာမှမခင်းရပါ ။ ” သစ္စာ ” ပြု့ကာ တပည့်တော် တစ်ခါမှ မလှူဒါန်းဖူးသော အလှုဒါနကို လှုဒါန်းပါ၏ ။
ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေ မြေကြီး ပေါ်မှာ စား၊ မြေကြီး ပေါ်မှာ ကျင်ကြီး ကျင်ငယ်စွန့်ကာ နေထိုင်သည့် အတွက် ” အသင်” မြေကြီးသည် ကျေးဇူး ကြီးမားလှပါသည် ။
ဤကဲ့ သို့ ကျေးဇူး ကြီးမားလှသောကြောင့် ” ဤ မြေကြီးကို စောင့်ရှောက်နေပါသော ” ဝသုန္ဒရေ ” မြေစောင့်နတ်မင်း နှင့် မြေကြီး ပေါ်တွင်ရှိကြကုန်သော ” ပုရွတ်ဆိတ်” တီကောင် ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါ မှန်သမျှတို့သည် ဘုရားတပည့်တော် စားသလိုစားနိုင်ပါစေ ။
ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ။ အေးချမ်းကြပါစေ ။ သာယာကြပါစေ ။ ကျန်းမာ ကြပါစေ ။ ချမ်းချမ်းသာသာ စားသောက် နိုင်ကြပါစေ ဟု့ “သစ္စာ ပြု့ ဆု့တောင်း ကာ ”
အရင် ကပ်လှုထားသောထမင်းဟင်း ၂ ပွဲ ရေ တို့ကို တဝက်စီ ခွဲ၍ မြေကြီးပေါ်ပုံ ပါ ။ အလှုဒါန ပြု့ပါ ။ ဆွေတော် မျိူးတော် အပေါင်း နှင့် မြင်အပ်သော ပုဂ္ဂိုလ် မမြင်အပ်သော ပုဂ္ဂိုလ် ” ဝသုန္ဒရေ ” နတ်မင်း နှင့် (၃၁) ဘုံသား သတ္တဝါများ စားသုံးတော်မူကြပါ။ သုံးဆောင်တော်မူကြပါ ။
ဤကဲ့သို့ ကုသိုလ် ကောင်းမှု့ထူး ကို ပြု့လုပ်ရပါသောကောင်းကျိူး များကြောင့် “ဘုရားတပည့်တော်( …နာမည်..) သည် ” မြေပိုင်ရှင်ကြီး အိမ်ပိုင်ရှင်” သူဋ္ဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ ။ အမြန်ဖြစ်၍ ဘာသာအကျိူး သာသနာအကျိူး သာသနာပြု့နိုင်ပါစေသား” ဟု ဆု့တောင်း သစ္စာ ပြု့ပါ။ ကျန်တစ်ဝက် ကို မိမိစားပါ။ ရောဂါ ပျောက်ပါစေ ။ ကျန်းမာပါစေ ။ လာဘ်လာဘ ပွင့်ပါစေ ။ ဝင်ငွေ တိုးပါစေ ဟု ပြော၍ လက်တွေ့ဆောင်ရွက် လက်တွေ့အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန် လုပ်ကြည့်ကြပါ အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။
Credit – baydinwartanaroh
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Upcoming Property Events
From 05 Jul To 06 Jul
Mingalar Market
From 05 Jul To 06 Jul
Golden City Condo
From 09 Jun To 09 Jul
The Vista Luxury Residence
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service