ဘဏ်ချေးငွေလား၊ ပွဲစားကို အားမကိုးပါနဲ့ ကိုယ်တိုင်သာလာပါ - Property News in Myanmar from iMyanmarHouse.com
20067 Views

ဘဏ်ချေးငွေလား၊ ပွဲစားကို အားမကိုးပါနဲ့ ကိုယ်တိုင်သာလာပါ

ဘဏ်က ချေးငွေချေးရာမှာ ဘယ်ပွဲစားတွေနဲ့မှ မချိတ်ဆက်ဘဲ ဘဏ်ကိုပဲ တိုက်ရိုက်သွားရောက်ဆွေးနွေး ချေးယူကြဖို့ မြန်မာ့စီးပွားရေးဘဏ် လက်ထောက်အထွေထွေမန်နေဂျာ ဘဏ်(၃)က ဦးအောင်မျိုးထွန်းက ပြောပါတယ်။

 

ပွဲစားတွေ ကြားခံဝင်လာပါက ငွေကုန်ကြေးကျများတဲ့အပြင် အလိမ်အညာခံရတာတွေ လုပ်ငန်းရှင်တွေကြားမှာ ဖြစ်ပွားနေကြတာကြောင့် ဖြစ်ပါတယ်။ ဦးအောင်မျိုးထွန်းက ‘ တစ်ခါက တော်သေးတယ်၊ Customer က ကျွန်တော့ကို လာပြီး နှုတ်ဆက်ရင်းနဲ့ မရဲတရဲလေးနဲ့ ဆရာတဲ့ ကျွန်တော် အမြန်ကြေးပေးခဲ့တယ်နော်တဲ့၊ ကျွန်တော်လဲ ‘ဟင်’ ဆိုဖြစ်သွားပြီးတော့ ဘယ်လောက်ပေးခဲ့လဲဆိုတော့ သိန်း(၅၀)ပေးခဲ့တယ်တဲ့၊ ကျွန်တော်လဲ အဲဒီကြား ပွဲစားကို ဖုန်းဆက်ခေါ်ပြီးတော့ တော်တော်ကို အကြီးအကျယ် ပြဿနာတက်ခဲ့ဖူးတယ် ‘ လို့ သူ့အတွေ့အကြုံကို ပြောပြတယ်။

 

လုပ်ငန်းရှင်တွေကို လုပ်ငန်းစနစ်တကျပြုလုပ်နိုင်အောင် ဆွေးနွေးပွဲ သင်တန်းတွေ အက်စ်အမ်အီး ဌာနတွေက ပြုလုပ်ပေးနေပေမဲ့လည်း လာရောက်တက်ရောက် သင်ယူမှု အားနည်းနေတဲ့အတွက် ချေးငွေအပိုင်းမှာလည်း လုပ်ငန်းရှင်တွေအနေနဲ့ သိရှိနိုင်မှု အားနည်းနေတယ်လို့ မန္တလေးတိုင်းဒေသကြီး အက်စ်အမ်အီး တိုင်းဦးစီးမှူး ဦးမျိုးထွဋ္ဋ်ဆွေက ဆိုပါတယ်။

 

ချေးငွေချေးယူမယ့်သူတွေအနေနဲ့ စနစ်တကျချေးယူနိုင်ဖို့နဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်သင့်ကြောင်းကိုလည်း ‘ ချေးယူမယ့်သူတွေက လုပ်ငန်းအတွက်ချေးပြီးတော့မှ စနစ်တကျချေးတာမျိုး စက်ဘီးအစားဆိုင်ကယ်ကို ဝယ်ပြီးတော့ ဘယ်လိုရောင်းမယ် ဝယ်မယ်ဆိုတဲ့ အစီအစဉ်မျိုးလေးတွေက ကျွန်တော်တို့ ပြောနိုင်ရမှာ ဖြစ်ပါတယ်၊ အင်ဂျင်နဲ့ လည်နေရတဲ့ စက်မှာမော်တာတပ်မယ်၊ မော်တာလည်မယ်၊ ဒီလိုမျိုးလေးတွေ၊ ပလန်လေးတွေကို လွယ်လွယ်လေးဖြစ်နိုင်မယ့်ဟာကို တစ်ရက်ကို (၁)နာရီ၊ (၂)နာရီလောက် အချိန်ပေးပြီးတော့ ဆွေးနွေးပွဲတွေ တက်ရပေမဲ့ တက်လာလို့ရနိုင်ပေမဲ့၊ မိမိကိုယ်တိုင်လေ့လာရမယ် Learning Planning ကို မသင်ယူဘဲနဲ့ ပွဲစားတွေခိုင်းလိုက်လို့ မဖြစ်ဘူးလားဆိုတဲ့ မလိုအားအပ်တဲ့ စရိတ်တွေ ကုန်ကျသွားတာရယ်၊ ရည်ရွယ်ချက် အထမမြောက်တာတွေရယ်၊ ဖြစ်နေတယ် ‘ လို့ ကုန်သည်များနဲ့ စက်မလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်က ပြောပါတယ်။

 

ငွေချေးချင်တဲ့အခါမှာ သက်ဆိုင်ရာဘဏ်တွေကို ရောက်အောင်သွားပြီး ဥပဒေနဲ့ညီညွတ်တယ်ဆိုရင် ဘဏ်တွေက ထုတ်ချေးပေးမှာဖြစ်ပြီးတော့ လုပ်ငန်းရှင်တွေအားလုံးက လုံးဝကြောက်စရာမလိုကြောင်း သက်ဆိုင်ရာ ဘဏ်တွေကို တိုက်ရိုက်ဆွေးနွေးကြဖို့လိုပြီး ကြားကနေ ဆောင်ရွက်ပေးမယ်ဆိုတဲ့ ဘယ်ပွဲစားကိုမှ မယုံကြည်ကြဖို့ တိုက်ရိုက်သာလာခဲ့ဖို့ ဦးအောင်မျိုးထွန်းက ပြောပါတယ်။

 

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service