နေအိမ်ဝယ်ယူခြင်းနှင့်ထိမ်းမြားမင်္ဂလာပြု ခြင်းတို့၏ တူညီချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1154 Views

နေအိမ်ဝယ်ယူခြင်းနှင့်ထိမ်းမြားမင်္ဂလာပြု ခြင်းတို့၏ တူညီချက်များ

Knowledge | Posted by Aye Myat Thu

အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမည်ရည်စုတ်ထိုး၊ ဤသုံးမျိုးမပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုးဟူသည့် မြန်မာစကားပုံရှိသည်။နေအိမ်ဝယ်ယူခြင်းသည် ထိမ်းမြားမင်္ဂလာပြုခြင်းနှင့် များစွာအလားတူ၏။ဘ၀လက်တွဲဖော်နည်းတူ သင်၏ နေအိမ်သည်လည်း ဘဝ၏ ကျန်ရှိနေသေးသည့် အချိန်ကာလများကို ဆက်လက်ပုံဖော်ပေးမည့်နေရာ ဖြစ်သည်။

ကျေးလက်ဒေသတွင် နေထိုင်လိုပါလား။ သို့မဟုတ် မြို့ ပြကို အပေါ်စီးမှ ရှုမြင်နိုင်မည့် အထပ်မြင့်ကွန်ဒိုခန်းတွင် နေထိုင်မည်လား။ အိမ်နောက်ဘက်(သို့မဟုတ်) အိမ်ရှေ့ မြေကွက်တွင် ပန်းမန်များစိုက်ပျိုးကာ နေထိုင်လိုပါလားနေအိမ်တစ်လုံးဝယ်ယူခြင်းသည် မင်္ဂလာဆောင်ခြင်းနှင့် တူညီ၏။ကစားမည့် ပလေယာအများအပြား ပါဝင်လေ့ရှိသည်။ ပါဝင်သူတိုင်း၏ အခန်းကဏ္ဍမှာလည်း အရေးပါသော အခန်းကဏ္ဍများဖြစ်ကြ၏။အရေးပါသော ပလေယာတို့မှာ..

သတို့သမီး = ဝယ်လက်

သူစိတ်ကျေနပ်နေလျှင် အရာခပ်သိမ်းငြိမ်းချမ်း၏။ ပုံမှန်အားဖြင့်ဆိုလျှင် အလွန်ငြိမ်းချမ်းသည့်၊ စိတ်သဘောကောင်းသည့်သူတစ်ဦးဖြစ်သော်လည်း မင်္ဂလာဆောင်အရေးတွင် ကမ္ဘာပေါ်ရှိလူသားအားလုံး သူ၏စိတ်အလိုကို အားလုံးဖြည့်ဆည်းပေးရမည်ဟူသည့် စိတ်သဘောမျိုးပြောင်းလဲသွားသည်။

သတို့သား = ရွှေ့ပြောင်းလာမည့်ကုမ္ပဏီရုံးခန်း

စာရွက်စာတမ်းကိစ္စများလက်မှတ်ရေးထိုးပြီးသည့်အချိန်အထိ အရေးပါသည့် ပလေယာတစ်ဦးမဟုတ်။

သတို့သမီး၏ မိခင်= အိမ်ခြံမြေစုံစမ်းစစ်ဆေးရေးအရာရှိ

ဟင့်အင်း။ ဒီအိမ်ကြီးက စုတ်ပြတ်နေတာပဲ။ ဖြိုပြီးပြန်ဆောက်မှရမယ်။ တခြားအိမ်ကောင်းလေးရှာစမ်းပါ။ ငါက ဟင့်အင်းလို့ ပြောနေတယ်နော်။ ဗူးဆိုဖရုံမသီးဘူး။

ခရစ်ယာန်ဘုန်းတော်ကြီး= အာမခံကိုယ်စားလှယ်သတို့သမီးအရံ (သို့မဟုတ်) သတို့သမီး၏ မိတ်ဆွေသူငယ်ချင်းများ = ဝယ်လက်၏ ကိုယ်စားလှယ် ဤသူများကား ဝတ်စုံ/နေအိမ်ပေါင်းများစွာကို သတို့သမီးနှင့်အတူလက်တွဲကာ ရှာဖွေကြမည့်သူများ ဖြစ်လေသည်။သူတို့သည် ကြည်နူးကြ၊ စိတ်ပျက်ကြဖြစ်ကြလိမ့်မည်ဖြစ်ပြီး သတို့သမီးနှင့်စပ်လျဉ်းသည့်အရာရာအပေါ် သောကဖိစီးနေကြလိမ့်မည် ဖြစ်သည်။

သတို့သမီး၏ဖခင်= ချေးငွေအရာရှိ

အရောင်းအဝယ်တစ်ခုဖြစ်မြောက်ရေးအတွက် ဂိတ်မှူးဟုလည်းဆိုနိုင်သည်။ ဤပုဂ္ဂိုလ်အပေါ် လိမ်ညာခြင်း မပြုပါနှင့်။ သင်၏ ကံကြမ္မာသည် သူ့လက်ထဲတွင် ရှိသည်မဟုတ်လော။

ဓာတ်ပုံဆရာများ

လက်ထပ်မင်္ဂလာနှင့် အိမ်ခြံမြေကဏ္ဍနှစ်ရပ်လုံးတွင် အရေးပါသူများ ဖြစ်သည်။ ပေးရသည့် အဖိုးအခကြီးမား၏။သို့ရာတွင် ပေးလိုက်ရသည့် ငွေတစ်ကျပ်ချင်းအတွက် ထိုက်တန်ပါသည်။အောက်ဖော်ပြပါ နောက်ဆုံးအချက်မှာမူ လူပုဂ္ဂိုလ်မဟုတ်ချေ။ ယင်းသည်လည်း လက်ထပ်မင်္ဂလာနှင့် အိမ်ခြံမြေကဏ္ဍနှစ်ရပ်လုံးအတွက် အရေးပါသည့်အချက်ဖြစ်၏။

စေ့စပ်ကြောင်းလမ်းခြင်း = နေအိမ်ကြည့်ရှုစစ်ဆေးခြင်း (သို့မဟုတ်) စည်းမျဉ်းများ

ယင်းကာလအတွင်းသင်သည် အောက်ပါအချက်များကို စစ်ဆေးသုံးသပ်ရလိမ့်မည် ဖြစ်၏ရေပိုက်ပေါက်နေခြင်းရှိ၊ မရှိ (ယောက္ခမနှင့် ပတ်သက်သည့် အတင်းအဖျင်းများကို လေ့လာပါ)

ခေါင်မိုးအခြေအနေ (ခင်ပွန်းလောင်းထိပ်ပြောင်နေတာ ဘယ်လောက်ကြာပြီလဲစုံစမ်းပါ)

နေအိမ်တိုးချဲ့ဆောက်လုပ်ခွင့် ရှိ၊ မရှိ (လက်ထပ်ပြီးနောက် ဝ,မလာအောင် ထိန်းပါမည်ဟု ကတိပြုရခြင်း)

နေအိမ်ဝန်းကျင်တွင် နောင်အခါ၌ ပြောင်းလဲလာနိုင်သည့်အရာများ (ကလေးရလာနိုင်ခြင်း)

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service