နိုင်ငံသားတစ်ဦး ၀င်ငွေသုံးဆခန့်မြှင့်တင်ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း မန္တလေးတွင် မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
1033 Views

နိုင်ငံသားတစ်ဦး ၀င်ငွေသုံးဆခန့်မြှင့်တင်ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း မန္တလေးတွင် မိတ်ဆက်

နိုင်ငံသားတစ်ဦးချင်းစီ၏ ၀င်ငွေကို လက်ရှိထက် သုံးဆကျော်ပိုမို ရရှိနိုင်ရေး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှစ် ၂၀ စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှစ် ၂၀ စီမံကိန်းရှင်း လင်းပွဲကို မန္တလေးရှိ စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုသိရှိစေရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၊ ဂျာမနီနိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (GIZ)တို့နှင့် ပူးပေါင်းကာ အောက်တိုဘာ ၁၀ ရက်က မန္တလေးကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်ခဲ့သည်။

‘‘၂၀၃၀ မှာ တစ်ဦးချင်းဝင် ငွေအလယ်အလတ်ရှိတဲ့ တိုင်း ပြည်တစ်ခုဖြစ်အောင် လုပ်မယ် လို့ မျှော်မှန်းထားပါတယ်။ နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ ၀င်ငွေ မြင့်တက်လာအောင် ရင်းနှီးမြှုပ်နှံ မှုကနေ ဘယ်လိုကွက်လပ်ဖြည့် မလဲဆိုတာကို ရည်ရွယ်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်’’ဟု မန္တလေးတွင် စီမံကိန်းစာအုပ် မိတ်ဆက်စဉ် ဦးအောင်နိုင်ဦးက ပြောသည်။

၂၀၁၈ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်မှု လွယ်ကူမှု ညွှန်းကိန်းသည် အဆင့် (၁၇၁) ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ တစ်ဦးချင်းဝင်ငွေသည် ၁,၃၃၈ ဒေါ်လာရှိသည်။

ယင်းစီမံကိန်းမျှော်မှန်းချက် တွင် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံသူများ အ တွက် နိုင်ငံရေးအခြေအနေကို စိုးရိမ်ပူပန်ရခြင်း၊ စီးပွားရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကောင်း စွာ မဖွံ့ဖြိုးခြင်း၊ လူသားအရင်းအမြစ်အားနည်းခြင်း၊ ငွေကြေး လုပ်ငန်းကဏ္ဍ အားနည်းခြင်း၊ အခြေခံအဆောက်အအုံအား နည်းချက်များရှိနေခြင်းတို့သည် အားနည်းချက်များဖြစ်သည်ဟု ဆိုထားသည်။

‘‘ထိရောက်တဲ့ ရင်းနှီးမြှုပ်နှံ မှုတွေမှာ ပုဂ္ဂလိကကဏ္ဍရင်းနှီး မြှုပ်နှံမှုက အဓိကကျနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်တဲ့အခါ မှာ ပုဂ္ဂလိကကဏ္ဍများနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတိုးတက်ဝင်ရောက်လာပြီး နိုင်ငံတော်တိုးတက်ရေးအတွက် အထောက်အကူပြုစေမှာ ဖြစ်ပါတယ်’’ဟု မန္တလေးတိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အဆိုပါစီမံကိန်းမိတ်ဆက်ပွဲတွင် ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service