အများပိုင်ကုမ္ပဏီနှစ်ခုကို ရှယ်ယာ ရောင်းချခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
816 Views

အများပိုင်ကုမ္ပဏီနှစ်ခုကို ရှယ်ယာ ရောင်းချခွင့်ပြု

အများပိုင်ကုမ္ပဏီနှစ်ခု ကို ရှယ်ယာရောင်းချခွင့် ပြုခဲ့ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါကုမ္ပဏီများမှာ TMH တယ်လီကွန်းကုမ္ပဏီနှင့် အမတ ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီတို့ ဖြစ်သည်။ ကုမ္ပဏီနှစ်ခုသည် ၂၀၁၈ ဇန်နဝါရီနှင့် သြဂုတ်တွင် မြန်မာနိုင်ငံချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM)၏ ခွင့်ပြု ချက်ဖြင့် အများပြည်သူသို့ ရှယ် ယာများရောင်းချခဲ့သည်။

အများပြည်သူသို့ ရှယ်ယာ ရောင်းချခြင်းကို မြန်မာနိုင်ငံချေး ငွေသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်(SECM) ခွင့်ပြုချက်ရှိမှသာ ရောင်းချခွင့်ရှိသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၇ သြဂုတ်တွင် အများပြည် သူသို့ အစုရှယ်ယာရောင်းချခွင့်ရှိ သော ကုမ္ပဏီ ၅၅ ခုနှင့် ၂၀၁၇ စက်တင်ဘာတွင် ကုမ္ပဏီလေးခုတို့ကို ထုတ်ပြန်ကြေညာထားသည်။

ထို့ကြောင့် ယခုကုမ္ပဏီနှစ် ခုအပါအဝင် စုစုပေါင်းကုမ္ပဏီ ၆၁ ခုသာ အများပြည်သူသို့ ရှယ် ယာရောင်းချခွင့်ရှိသည်ဟု အထက်ပါဌာနက ထုတ်ပြန်ကြေညာသည်။TMH တယ်လီကွန်းကုမ္ပဏီ သည် ၂၀၁၈ ဇန်နဝါရီတွင် ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ထားပြီး ရှယ်ယာများရောင်းချခဲ့ သည်။

လက်ရှိထုတ်ပြန်ထားသည့် ကုမ္ပဏီများသည်လည်း ကုမ္ပဏီ၏ ရှေ့အလားအလာ ညွှန်းတမ်း ကို တင်ပြနိုင်မှသာ ရှယ်ယာရောင်းချခွင့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကုမ္ပဏီအချို့သည် ပြည်သူ လူထုကို မက်လုံးများပေးခြင်း၊ အွန်လိုင်းမီဒီယာများအသုံးပြု၍ ရှယ်ယာရောင်းချခြင်းနှင့် ရှယ်ယာဝယ်ယူရန် ဖိတ်ခေါ်ခြင်းများ ပြုလုပ်နေ၍ ဟန့်တားနိုင်ရန် အ ထက်ပါဌာနက ကြေညာခြင်းဖြစ်သည်။

‘‘ဒီကုမ္ပဏီတွေက အာမခံ ချက်ရှိတယ်လို့ ဆိုလိုချင်တာပါ။ သူတို့က လက်ရှိလည်း ရှယ်ယာ ထုတ်ရောင်းထားတယ်။ ဒါပေမဲ့ သူတို့ရှယ်ယာရောင်းချမယ်ဆိုရင် လည်း ဥပဒေပြဋ္ဌာန်းချက်အရ ချေးငွေသက်သေခံလက်မှတ် ကော်မရှင်ခွင့်ပြုချက်ရမှ ထပ်ရောင်းရမယ်’’ဟု ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးက ပြောသည်။

အထက်ပါကုမ္ပဏီများသည် ဥပဒေအရ အများပိုင်အဖြစ် မှတ်ပုံတင်ထားပြီး ဦးစီးဌာနကိုလည်း ရှယ်ယာရောင်းချရန် တင်ပြထားခြင်းကြောင့် ရှယ်ယာဝယ်ယူရန် အာမခံရှိသည့် ကုမ္ပဏီများဖြစ် သည်ဟု ၎င်းက ပြောကြားသည်။

အများပိုင် ကုမ္ပဏီ တည် ထောင်ရုံဖြင့်အများပြည်သူသို့ ရှယ်ယာရောင်းချခွင့် ရရှိမည်မဟုတ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့ တင်ပြပြီးမှသာ ရောင်းချ ခွင့်ရှိမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

အစိုးရသစ်လက်ထက်တွင် အများပြည်သူသို့ ခွင့်ပြုချက်မရှိဘဲ ရှယ်ယာရောင်းချသည့်ကုမ္ပဏီ နှစ်ခုကို ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က တရားစွဲဆိုရန် ၂၀၁၇ ဇူလိုင်အတွင်း ဆောင်ရွက်ခဲ့သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service