သိမ်းဆည်းခံလယ်မြေများကို ပြန်လည်လျှောက်ထားမည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
1178 Views

သိမ်းဆည်းခံလယ်မြေများကို ပြန်လည်လျှောက်ထားမည်ဆိုလျှင်

Knowledge | Posted by Shwe Zin Win

စာရေးသူသည် ရုံးခန်းထဲ၌စာရေးနေစဉ် “ ကျွန်တော့်ကို မှတ်မိသေးလား ” ဟူသော အမျိုးသားတစ်ဦး၏ အသံကြောင့် မော့ကြည့်လိုက်မိသည် ။

‘ဟာ …. သူငယ်ချင်းကိုဦး ၊ အရေးထဲလာနောက်ပြောင်နေပြန်ပြီ ’ ငယ်သူငယ်ချင်းကိုဦးဖြစ်နေ၍ စာရေးသူမှ ပြန်ဖြေလိုက်ခြင်း ဖြစ်သည် ။

‘ အင်း ၊ မတွေ့တာနှစ်ပေါင်း အတော်ကြာပြီဆိုတော့ အရွယ်တွေကလည်း ပြောင်းလာပြီမဟုတ်လား ’

‘ ငယ်ရုပ်မပျောက်သေးပါဘူးကွာ ။ တိုက်ကြီးမြို့က အမျိုးသမီးတစ်ဦးနဲ့ နောက်အိမ်ထောင်ပြုလိုက်တယ်ဆိုတာ ကြားတယ် ’

‘ သားနှစ်ယောက်လုံးကလည်း နိုင်ငံခြားမှာပဲ အလုပ်လုပ်ကြတယ် ။ဇနီးသည်ကွယ်လွန်သွားတော့ ပြုစုသူရှာမိတဲ့ သဘောပေါ့သူငယ်ချင်းရယ် ’

‘ အင်းပေါ့လေ ။ကိုယ့်ဘဝနဲ့ ကိုယ်ရှိကြတာပါပဲ ။အခုဘယ်လိုသတိရပြီး ရောက်လာတာလဲ ’

‘ ကိစ္စရှိမှ ရောက်လာတယ်ဆိုပါတော့ ။ဇနီးသည်ဘက်က ဆွေမျိုးမကင်းဘူး ၊ သူတို့ကဘိုးစဉ်ဘောင်ဆက်လယ်ယာမြေပိုင်ခဲ့တယ် ။တိုတိုပြောရရင် တပ်မတော်အစိုးရလက်ထက်မှာ အသိမ်းခံရတယ်ပေါ့ ။နောက်ပိုင်း ယခင်အစိုးရလက်ထက်က လယ်ယာမြေတွေ ပြန်ပေးမယ်ကြားတော့ ၊ သူတို့ လယ်မြေထဲမှာ ပြန်ဝင်နေကြတယ် ။အချို့အကွက်တွေက နိုင်ငံတော်အစိုးရက မြေကွက်ဖော်ပြီး ရောင်းထားတဲ့ မြေကွက်တွေဖြစ်နေတယ် ’

‘ ဒီတော့ တရားစွဲခံရတာတွေ ဖြစ်လာတယ် ’

‘ အမှုကလည်းရှုံးပြီး ဖယ်ပေးရမယ့်သဘောဖြစ်နေတယ် ။ဘယ်လိုများ ဆောင်ရွက်ရမလဲ ’

‘ ဟုတ်တယ် တချို့နေရာတွေမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေက ဥပဒေမဲ့ မြေကွက်များကို အကွက်ရိုက်ပြီး ရောင်းချတာတွေရှိနေတယ်လို့သိရတယ် ’

‘ သက်ဆိုင်ရာအဖွဲ့အစည်းကို တင်ပြမယ့်အကြောင်းမထူးဖြစ်နေတယ် ’

‘အချိ့ကလည်း မိမိမြေကွက်ထင်ပြီး ဝင်နေကြရာက မြေနေရာမှားနေတာလည်းရှိတတ်တယ် ။ဒါကြောင့် အမှုအခင်းမှာ ရှုံးနိမ့်တာလည်း အများကြီးပဲ ’

‘အခုကိစ္စမှာလည်း တရားရုံးက အထောက်အထားများအရ မြေနေရာမှားပြီး ဝင်ရောက်နေထိုင်တယ်လို့ သုံးသပ်ထားတယ် ။နစ်နာကြေးလည်း ဘာမှမရတော့ ဘယ်လိုတင်ပြလျှောက်ထားရမယ်ဆိုတာ သိချင်လို့ ’

‘ ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်နေ့က လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဌ ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပဲခူးတိုင်းဒေသကြီး ၊ အနောက်ဘက်ခြမ်း ၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ် အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ စွန့်လွှတ်ခဲ့သည့် ၄၈၁ ဒသမ ၉၃ဧက ကို မူလလယ်ပိုင်ရှင် ၁၂၃ဦး သို့ ယာယီလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ ၃ များပေးအပ်ခြင်းအခမ်းအနားဖြင့် လွှဲအပ်ကြောင်း နေ့စဉ်ထုတ်သတင်းစားထဲမှာ ဖတ်လိုက်ရတယ် ’

‘ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်ရှိ ကာကွယ်ရေး ဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်တဲ့ လယ်ယာမြေတွေကို လယ်သမားများထံ ပြန်လည်ပေးအပ်ခဲ့တဲ့ သတင်းတွေလည်းဖတ်ရပါတယ် ’

‘ အချို့နေရာတွေမှာ လယ်သမားများကို နစ်နာကြေးထုတ်ပေးတားလည် ရှိနေပါတယ် သူငယ်ချင်း ’

‘ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာ သိမ်းဆည်းခံလယ်ယာမြေများကို တစ်နှစ်အတွင်းရရှိအောင် ကြိုးပမ်းပေးမည်ဖြစ်သလို စွန့်လွှတ်ပြီးသော သိမ်းဆည်းခံလယ်ယာမြေများကို မူလလယ်သမားများထံ အမြန်ဆုံးပြန်လည်အပ်နှံပေးရန်နှင့် မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းခံလယ်သမားများကိုလည်း ပြန်လည်ပေးအပ်နိုင်ရန် အမြန်ဆုံး ကြိုးပမ်းပေးမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့တာရှိတော့ နစ်နာသူတွေက တင်ပြတောင်းဆိုးလိုတဲ့ ဆန္ဒတွေရှိလာတာပေါ့ ။ဒါပေမဲ့ တင်ပြလျှောက်ထားမှုက မှန်ကန်ဖို့လိုတယ်မဟုတ်လား  ။’

‘ ဒါကတော့ မှန်တယ်သူငယ်ချင်း။ နိုင်ငံတော်အစိုးရအနေနဲ့ လယ်သမားများ လယ်ယာမြေပိုင်ဆိုင်မှုကို အရေးပေးဆောင်ရွက်ရာမှာ အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ဖို့တော့ လိုတယ်သူငယ်ချင် ’

‘ သက်ဆိုင်ရာဌာနမှားယွင်းလျှောက်ထားမိရင်လည်း လွဲမှားသွားနိုင်တယ် မဟုတ်လား ။ ဒါကြောင့် သူငယ်ချင်းအနေနဲ့ လမ်းညွှန်ပေးနိုင်မလားလို့ လာခဲ့တာ ’

‘ ဟုတ်ပါတယ် ။အချို့လည်း စာတွေအမျိုးမျိုးတင်ပြီးထိရောက်မှုမရှိတာတွေ ဖြစ်တတ်ပါတယ် ’

‘ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က လယ်မြေသိမ်းဆည်းခံကိစ္စနဲ့ မသက်ဆိုင်ဘူး ။လယ်ယာမြေပေါ်မှာ စိုက်ပျိုးခွင့်ရရန် တစ်နည်းအားဖြင့် လုပ်ပိုင်ခွင့်ရရန် လျှောက်ထားချက်မျာအပေါ် စိစစ်ခွင့်ပြုပေးတာဖြစ်တယ် ’

‘အချို့က ပြောတာတော့ သူတို့ရဲ့စားကျက်မြေတွေကိုလည်း သိမ်းခံထားရတယ်လို့ ပြောတယ်’

‘ ပြီးခဲ့တဲ့ အမျိုးသာလွှတ်တော် အစည်းအဝေးမှာ မှော်ဘီမြို့နယ်က အုန်းခြံစားကျက်မြေကို လူနေထိုင်လျက်ရှိလို့ စားကျက်မြေစာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ရှင်းပြတာ သိလိုက်ရတယ် ’

‘ဒါဆို စားကျက်မြေလည်း ပြန်ရနိုင်တာပေါ့နော်’

‘ မှန်ပါတယ် စားကျက်မြေကတော့ မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေနဲ့ သက်ဆိုင်ပါတယ် ’

‘ သိထားသလောက် အကြံပေးဆွေးနွေးရမယ်ဆိုရင် ။ သက်ဆိုင်ရာ လယ်သမားများအနေနဲ့ တိုင်ကြားစာမှာ တင်ပြသူရဲ့ နိုင်ငံသားမှတ်ပုံတင်ဓာတ်ပုံမိတ္တူ ၊ သိမ်းဆည်းခံမြေယာများ၏ မြေပြင်ဓာတ်ပုံမှတ်တမ်း ။ လယ်မြေခွန်ကောက်ခံမြေစာဟောင်း၏ ဓာတ်ပုံမိတ္တူရနိုင်လျှင် သိမ်းဆည်းခံမြေယာ၏ မြေပုံကြမ်း ၊ မြေအခွန်ထမ်းဆောင်သူ အမည်ပေါက်နှင့် ဆက်စပ်သည့်အထောက်အထားများ၏ ဓာတ်ပုံမိတ္တူကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ် ’

‘ လိပ်စာက ဘယ်အဖွဲ့အစည်းကို တင်ပြရမှာလဲ ’

‘ လက်ရှိအခြေအနေကတော့ ဦးဟင်နရီဗန်ထီးယူ ၊ ဒုတိယသမ္မတလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ၊ နေပြည်တော်နဲ့ ပြည်ထောင်စုကာကွယ်ရေးဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ လိပ်မူပြီး ပေးပို့ရမှာဖြစ်ပါတယ် ’

‘ လျှောက်လွှာမိတ္တူကို အခြားဘယ်ဌာနမှာ ပေးပို့ရဦးမလဲ ’

‘ မိတ္တူကို  ဘယ်ဌာနမှ ပို့ဖို့မလိုဘူး ။ အစောကပြောတဲ့ ပြန်လည်စိစစ်ရေး  ဗဟိုကော်မတီ ၊ နေပြည်တော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန နေပြည်တော်ထဲကိုတော့ မူရင်းတစ်စောင်စီပေးဖို့လိုပါတယ် ။ဖြစ်နိုင်ရင် တိုင်ကြားစာထိပ်မှာ အခွန်တော်တံဆိပ်ခေါင်းကပ်ပေးရင် ဥပဒေနဲ့အညီ လျှောက်လွှာဖြစ်သွားပါတယ် ။

‘ အခွန်တံဆိပ်ခေါင်းက ဘယ်လောက်ကပ်ရသလဲ ’

‘ အနည်ဆုံးတော့ တစ်ထောင်ကျပ်ကပ်ပြီးလျှောက်ထားပါ ’ ဟု အကြုံပြုဆွေးနွေးလိုက်ပါသည် ။

 

Credit:  Shwesathtagan

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service