မြန်မာ့ငွေတန်ဖိုး၂၅ ရာခိုင်နှုန်းခန့် ကျဆင်းနေ၊ လုပ်ငန်းရှင်များ၏ အသံကိုနားထောင်ပြီး အချိန်မီ ပြုပြင်ပြောင်းလဲနိုင်ပါက တိုင်းပြည်စီးပွားရေး ပြန်လည်ကောင်းမွန်လာမည် - Property News in Myanmar from iMyanmarHouse.com
1632 Views

မြန်မာ့ငွေတန်ဖိုး၂၅ ရာခိုင်နှုန်းခန့် ကျဆင်းနေ၊ လုပ်ငန်းရှင်များ၏ အသံကိုနားထောင်ပြီး အချိန်မီ ပြုပြင်ပြောင်းလဲနိုင်ပါက တိုင်းပြည်စီးပွားရေး ပြန်လည်ကောင်းမွန်လာမည်

မြန်မာ့ ငွေတန်ဖိုး ၂၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာနေပြီဖြစ်၍ လုပ်ငန်း ရှင်တို့၏အသံများကိုနားထောင် ကာ ပြုပြင်ပြောင်းလဲမှုများအချိန် မီလုပ်ဆောင်ပေးနိုင်ပါက တိုင်း ပြည်စီးပွားရေးပြန်လည် ကောင်း မွန်လာနိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုး ထွန်းကပြောသည်။

တရုတ်-အမေရိကန်ကုန် သွယ်ရေးစစ်ပွဲကြောင့် တရုတ်တွင် ငွေတန်ဖိုးကျဆင်းမှုမှာ ၆ ရာခိုင်နှုန်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား နိုင်ငံတို့တွင် ၆/၇ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ တွင် ၁ ရာခိုင်နှုန်းသာကျဆင်း နေကြောင်း သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံမှာ ပို့ကုန်များခြင်းကြောင့် ငွေတန်ဖိုးကျဆင်းမှုမရှိဘဲ မာနေ ကြောင်း မြန်မာနိုင်ငံမှာမူ ၂၅ ရာ ခိုင်နှုန်းခန့်အထိ ကျဆင်းနေခြင်း ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်း ရှင်များကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်ထက်သွင်းကုန်ပမာဏပိုခြင်း ကြောင့် ငွေတန်ဖိုးကျဆင်းမှုမှာ အိမ်နီးချင်းနိုင်ငံများထက်ပိုနေပြီး ထိုသို့ ငွေတန်ဖိုး ကျခြင်းကြောင့်လုပ်ငန်းအချို့ ရပ်ဆိုင်းရမည့်အနေ အထားအထိ ဖြစ်ပေါ်နေကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် မြန်မာ့စီးပွားရေး ဘာ လဲ၊ ဘယ်လဲခေါင်းစဉ်ဖြင့် ဟော ပြောဆွေးနွေးပွဲတွင် ဒေါက်တာ စိုးထွန်းက မီဒီယာများကိုပြောသည်။ " လက်ရှိလုပ်နေတဲ့သူတွေရဲ့ အခြေအနေတွေကို ပြောပြခြင်း အားဖြင့် မူဝါဒရေးဆွဲချမှတ်သူ တွေသိလာမယ်။သိလာတဲ့ အခါကျရင် သူတို့အနေနဲ့လိုအပ် တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အချိန် မီလုပ်ပေးနိုင်မယ်ဆိုရင်တော့ တိုင်း ပြည်စီးပွားရေးပြန်ကောင်းမွန် လာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီနေ့ဆွေးနွေးပွဲကို ဆွေးနွေးတာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ပြောတဲ့ဟာကို မူဝါဒရေးဆွဲ၊ ချမှတ်သူတွေ စဉ်းစားတာက ဒီလူ တွေက ငပွကြီးတွေပေါ့။ လုပ်ငန်းကောင်းလျက်သားနဲ့ လိမ်ပြောနေတဲ့ပုံစံဖြစ်နေတယ်။ အဲဒါက မှား နေတာ။

အဲဒါကိုလက်ခံသွားမှ နောက်တစ်ဆင့်သွားလို့ရမယ်ဆို တာ စဉ်းစားလို့ရမယ်။ မြန်မာ့စီး ပွားရေးနဲ့ပတ်သက်လို့ ကြိုးနီစနစ် တွေလျှော့ဖို့လိုတယ်။ ဘဏ်နဲ့ငွေ ကြေးစီမံခန့်ခွဲမှုအပိုင်းက အား နည်းတယ်။ တင်ပြထားတာရှိတယ် တင်ပြထားတာရှိပေမယ့် ဝန်ထမ်း တွေအများစုကလည်း အပြောင်း အလဲမလုပ်ချင်ကြဘူး။ ရှိတဲ့ဟာ လေးကိုပဲ မလှုပ်မရှုပ်မပြုတ်နဲ့ သွားတယ်။ ပေါ်လစီမိတ်ကာဆို တဲ့သူတွေကလည်း အတွေ့အကြုံ အားနည်းတော့ ဒီဟာကို အ ပြောင်းအလဲမလုပ်ချင်ဘူး""ဟု ၄င်းက ဝေဖန်သည်။ထို့အပြင် နိုင်ငံတော်အစိုးရ အနေဖြင့် အာဏာစက်ကိုအသုံး ပြုပြီး မြန်မာ့စီးပွားရေးကို ဆွဲတင်နိုင်ပါက အစိုးရ၏ပုံရိပ်လည်း တက်လာမည်ဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်ကသုံး သပ်သည်။ ငွေတန်ဖိုးကျဆင်းနေသည့် အတွက် မြန်မာနိုင်ငံသားများအား လုံးအတွက်ထိခိုက်မှုများရှိပြီး လာ မည့်ပွင့်လင်းရာသီတွင် ပို့ကုန်များ များစွာတင်ပို့နိုင်မှသာ ငွေတန် ဖိုးကျဆင်းမှု ပြန်လည်တည်ငြိမ် နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဒေါက်တာစိုးထွန်းက ဆက်လက် ပြောသည်။

ဒေါ်လာငွေလဲလှယ်နှုန်းကြီး မြင့်သည့်အတွက် မြန်မာ့ငွေတန် ဖိုးကျဆင်းနေခြင်းကြောင့် ပြည်တွင်းသို့ ဒေါ်လာငွေစီးဝင်မှုများပြားလာစေရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများစွာ ဖိတ်ခေါ်ရန်လိုအပ်ပြီး ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများမထွက် စေရန်ဆွဲ ဆောင်ထားနိုင်ရမည် ဖြစ်ကြောင်း ယင်းအပြင် နိုင်ငံရပ် ခြားတွင် ရွှေ့ပြောင်းလုပ်သားများ အဖြစ် သွားရောက်လုပ်ကိုင်နေ သူများက မြန်မာနိုင်ငံသို့ငွေများ ပြန်ပို့လျှင် အခွန်သက်သာခွင့်ပေးခြင်း၊ နိုင်ငံခြားသားများကို ကွန် ဒိုများဝယ်ယူခွင့်ပြုခြင်းနှင့် အရှုံး ပေါ်နေသော အစိုးရစီးပွားရေး လုပ်ငန်းများအားလုံးကို ပေါင်းစပ် ဆောင်ရွက်ခြင်းတို့ကို ဆောင် ရွက်သင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်ဦးကျော်ကျော်လှိုင်က ပြောသည်။

 

Credit:  Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service