မူဝါဒအပြောင်းအလဲတွေကြား အသက်ရှူကျပ်နေတဲ့ ကန်ထရိုက်တာများ - Property News in Myanmar from iMyanmarHouse.com
2584 Views

မူဝါဒအပြောင်းအလဲတွေကြား အသက်ရှူကျပ်နေတဲ့ ကန်ထရိုက်တာများ

အစိုးရသည် မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ မချမှတ်မီ လူထုကို အသိပေးရန် လိုအပ်ပြီး ကြိုတင်အသိပေးခြင်းမရှိဘဲ မူဝါများ ရုတ်တရက်ချမှတ်ခြင်းသည် အဆိုပါကဏ္ဍအတွင်း လုပ်ကိုင်နေကြသူများအတွက် ဟန်ချက်ပျက်ကာ ထိခိုက်မှုများစွာဖြစ်စေကြောင်း မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမျိုးမြင့်က ပြောသည်။

"အထပ်မြင့်တုန်းကလည်း တစ်ခါလုပ်ပြီးပြီ၊ အခုလည်းထပ်ပြီး ဘာမှအသိမပေးဘဲ ရုတ်တရက်ပိတ်ပင်လိုက်တော့ ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်ကုန်တာပေါ့"ဟု ဦးမျိုးမြင့်က ဆိုသည်။

အဆောက်အအုံတစ်ခု ဆောက်လုပ်သည့်အခါ မြေရှင်နှင့် စာချုပ်ချုပ်ပြီးပြီးချင်း စတင်ဆောက်လုပ်ရခြင်း မဟုတ်ဘဲ ဆောက်လုပ်ရန် လိုအပ်သည့် အဆောက်အအုံဒီဇိုင်းရေးဆွဲခြင်း၊ မြေတိုင်းမြေပုံထုတ်ခြင်း စသည့်အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ဆောက်လုပ်ခွင့်တင်ရခြင်းဖြစ်သည်။

ယင်းသို့ ဆောက်လုပ်ခွင့်ပါမစ်တင်ရန် ခြောက်လမှ တစ်နှစ်ခန့် ကြာမြင့်လေ့ရှိသောကြောင့် အစိုးရက မူဝါဒ တစ်ခုခု အပြောင်းအလဲလုပ်လိုပါက ခြောက်လ သို့မဟုတ် တစ်နှစ်ခန့် ကြိုတင်အသိပေးသင့်ကြောင်းလည်း ဦးမျိုးမြင့် က ဆိုသည်။"မြေညီထပ် အမြင့်နည်းနည်းလျှော့တာကို နောက်တစ်နှစ်လောက်မှ ကန့်သတ်လိုက်လည်း ရန်ကုန်မြို့ကြီး ဘာမှ ပြောင်းလဲသွားမှာမဟုတ်ဘူး"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် လိုင်စင်ရ ကန်ထရိုက်တာများအသင်းတို့ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်ဝန်တို့နှင့်တွေ့ဆုံကာ အစိုးရ၏မူဝါဒများကြောင့်ဆောက်လုပ်ရေးကဏ္ဍတွင် ဖြစ်ပေါ်နေသော အခက်အခဲများကို တင်ပြဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။

ယခုနှစ်ပိုင်းတွင် ဆောက်လုပ်ရေးကဏ္ဍ ဈေးကွက်များ ကျဆင်းလျက်ရှိပြီး ယခင်စာချုပ် ချုပ်ထားပြီးသောသူများသာ ဆက်လက်ဆောက်လုပ်နေခြင်းဖြစ်ကာ အသစ်ဆောက်လုပ်မှုများ နည်းပါးနေကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ဆောက်လုပ်ရေးကဏ္ဍကျဆင်းနေချိန်တွင် ပြန်လည်ဦးမော့လာစေရန် ဖြေလျှော့ပေးသင့်သည်များကို ဖြေလျှော့ ပေးပြီး ဈေးကွက်တစ်ခု ပုံမှန်လည်ပတ် ကောင်းမွန်လာမှသာ တင်းကျပ်သင့်သည့် အရာများကို တင်းကျပ်ရန် လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးစိုင်းခွန် နောင်က ပြောသည်။

"နဂိုကတည်းကမှ အလုပ်မဖြစ်တာလေ၊ ကန့်သတ်မှုတွေ ထပ်ထွက်လာတော့ ပိုပြီးလုပ်ရကိုင်ရ ကျပ်တည်းတယ်၊ အခက်အခဲတွေလည်း အများကြီးကြုံရတယ်"ဟု ဦးစိုင်းခွန်နောင်က ဆိုသည်။

မြေညီထပ်တွင် ထပ်ခိုးထည့်သွင်း တည်ဆောက်ခြင်းဖြင့် ရောင်းပန်းလှကာ ဈေးပိုရပြီး ဝယ်ယူနေထိုင်သူများ အတွက်လည်း စီးပွားရေးလုပ်လိုသူများ၊ မိသားစုများသောသူများအတွက်လည်း နေထိုင်ရန် အဆင်ပြေသည့်အတွက်ဝယ်လိုအားအများဆုံးဖြစ်ကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းအထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

"ထပ်ခိုးပါတော့ နေထိုင်တဲ့သူရော ရောင်းတဲ့သူရော အဆင်ပြေတယ်။ ၁၂ ပေနဲ့ဆောက်လိုက်ရင် ရောင်းရတာ လည်း ဈေးမရတော့သလို နေတဲ့သူတွေအတွက်လည်းအဆင်မပြေတော့ဘူး"ဟု ဦးရန်အောင်က ဆိုသည်။

အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်အတွက် အဆင့်ဆင့် ခွင့်ပြုချက်များရရန် အချိန်ကြာမြင့်ခြင်း၊ နိုင်ငံစီးပွားရေးအခြေအနေကြောင့် ဝယ်လိုအားများ ကျဆင်းနေချိန်တွင် ဆောက်လုပ်ရေးကဏ္ဍအပေါ် အခက်အခဲဖြစ်စေမည့် ကန့်သတ်ချက်များ မပြုလုပ်သင့်ကြောင်းလည်း ဦးရန်အောင်က ဆိုသည်။

တိုက်ခန်းအရောင်းဈေးကွက်တွင်သာမက အငှားဈေး ကွက်တွင်လည်း မြေညီထပ်နှင့် အပေါ်ဆုံးထပ်၊ ဒါဘာ များမှာ အငှားများသည့်အတွက် အားထားနေရကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။

စုပေါင်းငှားရမ်းနေထိုင်သူအများစုမှာ အပေါ်ဆုံးထပ်နှင့် ဒါဘာများကိုသာ ဈေးသက်သာသည့်အတွက် ငှားရမ်း နေထိုင်လေ့ရှိပြီး မိသားစုများပြီး စီးပွားရေးပူးတွဲလုပ်ကိုင်လိုသူများမှာ မြေညီထပ်များကို ဦးစားပေးငှားရမ်းလာကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

၂၀ဝ၄•ဝ၅ ခုနှစ်ခန့်က စည်ပင်သာယာက သုံးထပ်ခွဲဆောက်လုပ်ရန် ခွင့်ပြုလိုက်သော်လည်း စည်ပင်နှင့် ကန်ထရိုက်များ ညှိနှိုင်းပြီး မြေညီထပ်တွင် ထပ်ခိုးပါ နှစ်ထပ်နှင့် အပေါ်ဆုံးထပ်တွင် ဒါဘာခန်း တစ်ခန်း စုစုပေါင်း ငါးခန်း စသဖြင့် ဆောက်လုပ်ရောင်းချမှုများ ရှိခဲ့ပြီး အိမ်ရှင်နှင့် ကန်ထရိုက် အဆင်ပြေခဲ့သည်များလည်း ရှိခဲ့သည်။

အစိုးရအနေဖြင့် မူဝါဒများ ပြောင်းလဲသတ်မှတ်ရန် လိုအပ်လာပါက မြေပြင်အခြေအနေကို သိရှိနိုင်ရန် သက်ဆိုင်ရာအသင်း၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံညှိနှိုင်းကာ ဖြစ်သင့်ဖြစ်ထိုက်သောစည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်သင့်ကြောင်းလည်း ဦးရန်အောင်က မှတ်ချက်ပြုသည်။

"မူတွေ၊ စည်းကမ်းတွေ ခဏခဏပြောင်းနေတာက နောက်ဆုံးပြည်သူတွေ၊ အသုံးပြုသူတွေဆီမှာပဲ အများဆုံးထိခိုက်တာဖြစ်တယ်၊ ဒါကြောင့် သေချာစဉ်းစားဖို့လိုအပ် ပါတယ်"ဟု ဦးရန်အောင်က ဆိုသည်။

ယခုကဲ့သို့အခြေအနေများကြောင့် ဆောက်လုပ်ရေးကို အခြေခံကာစီးပွားရေးလုပ်ကိုင်နေသော ကန်ထရိုက်တာများ၏ စီးပွားရေးထိခိုက်သည့်အပြင် အိမ်ရှင်နှင့် မူလချုပ်ဆိုထားသည့် စာချုပ်ပါပုံစံအတိုင်း ဆောက်လုပ်ခွင့်မရတော့သဖြင့် အိမ်ရှင်နှင့် ကန်ထရိုက်အကြား ယုံကြည်မှုများလည်း လျော့ကျလာနိုင်ကြောင်း ဦးရန်အောင်က ထောက်ပြပြောဆိုသည်။

အစိုးရက စီးပွားရေးကျဆင်းနေချိန်တွင် မသင့်လျော်သော မူဝါဒများကို ချင့်ချိန်ထုတ်ပြန်ရန် လိုအပ်ကြောင်း၊ ပညာရှင်များ၏ အမြင်တစ်ခုတည်းမဟုတ်ဘဲ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို အဘက်ဘက်မှ သုံးသပ်ထုတ်ပြန်သင့်ကြောင်း ဦးမျိုးမြင့်က သူ၏အမြင်ကို သုံးသပ်ပြောဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ်ကောင်းခဲ့သည့် ၂၀၁၃ မှ ၂၀၁၅ ခုနှစ်များတွင် ကွန်ဒိုများ၊ တိုက်ခန်းသစ် များ ရန်ကုန်မြို့နယ် နေရာအနှံ့အပြားတွင် အပြိုင်အဆိုင်ပေါ်ပေါက်လာခဲ့သည်။ အလားတူပင် မြေရှင်များနှင့် အကျိုးတူပူးပေါင်းကာ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချကာ တည်ဆောက်သည့်လုပ်ငန်းများလည်း ခေတ်စားခဲ့သည်။

၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် တိုက်ခန်းဈေးကွက်အေးစက်လာပြီး ကြိုပွိုင့်ရောင်းချရမှု နည်းသွားခြင်း၊ ဘဏ်ချေးငွေများ မရရှိတော့ခြင်းကြောင့် အချို့ကန်ထရိုက်များ ဆောက်လက်စတိုက်များကိုပစ်၍ ထွက်ပြေးသူများ ရှိခဲ့သဖြင့် မြေရှင်နှင့် ကန်ထရိုက်အကြား ယုံကြည်မှုများ ပျောက်ဆုံးသည်အထိဖြစ်ခဲ့သည်။

ကြိုပွိုင့်ရောင်းချထားသော ကန်ထရိုက်တာများ အနေဖြင့် အစိုးရ၏မူဝါဒ ရုတ်တရက်ပြောင်းလဲမှုများ ကြောင့် နစ်နာမှုများရှိသကဲ့သို့ ကြိုပွိုင့်ဝယ်ယူသူများ၊ အိမ်ရှင်များအနေဖြင့်လည်း နစ်နာမှုများစွာ ဖြစ်ပေါ်နေကြရသည်။ 

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service