မင်္ဂလာဈေး အရည်အသွေး ကြီးကြပ်စစ်ဆေးခ ကျပ်သန်း ၆၆၀ တောင်းခံထား - Property News in Myanmar from iMyanmarHouse.com
1460 Views

မင်္ဂလာဈေး အရည်အသွေး ကြီးကြပ်စစ်ဆေးခ ကျပ်သန်း ၆၆၀ တောင်းခံထား

ယခုနှစ် ဘတ်ဂျက်တွင် မင်္ဂလာဈေး ပြန်လည်တည်ဆောက်မှု အရည်အသွေး ကြီးကြပ်စစ်ဆေးခ အနေဖြင့် ကျပ် သန်း ၆၆၀ အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က တောင်းခံထားခြင်း အပေါ် ရန်ကုန်တိုင်းလွှတ်တော် ၌ မေးခွန်းထုတ်သည်။

၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို စက်တင်ဘာ ၂၆ ရက်နေ့က ဆွေးနွေးရာတွင် ကျောက်တံတားမြို့နယ် မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မေးခွန်းထုတ်ခြင်း ဖြစ်သည်။

YCDC ဈေးများဌာန၏ ဘတ်ဂျက် ယခင်လျာထားမှုတွင် ကျပ်သန်း ၂၅၅၀ ဖြစ်သော်လည်း ယခုပြန်လည် တင်ပြချက်တွင် ကျပ် သန်း ၃၂၁၀ ဖြစ်လာကာ မင်္ဂလာဈေးပြန်လည် တည်ဆောက်ခြင်း အရည်အသွေး ကြီးကြပ်စစ်ဆေးခ ပါဝင်လာခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ထောက်ပြခဲ့သည်။

ဒေါ်ကြည်ပြာက“ဈေးများဌာနမှာတော့ ယခင်လျာထားတာက ၂၅၅၀ သန်းပဲရှိပါတယ်။ အခု ၃၂၁၀ သန်း ဖြစ်သွားပါတယ်။ အဲဒါကို ပြန်ကြည့်လိုက်တဲ့အခါ မင်္ဂလာဈေး ပြန်လည်တည်ဆောက်ခြင်း အရည်အသွေး ကြီးကြပ်စစ်ဆေးခကို သန်း ၆၆၀ ထည့်ထားတာ တွေ့ရပါတယ် (သိန်းပေါင်း ၆၆၀၀) ပါ။ သိန်းပေါင်း ၆၆၀၀ ကုန်သလားဆိုတာ ကျမတို့ သိလိုပါတယ်”ဟု ပြောသည်။

ထို့ပြင် YCDC အနေဖြင့် လမ်းခင်းခြင်းများနှင့် ပတ်သက်ပြီး နဂို လျာထားချက်တွင် ကျပ်သန်း ၄ သောင်းကျော် ဖြစ်သော် လည်း ယခု အတည်ပြုမည့် စာရင်းတွင် ကျပ်သန်း ၁ သောင်း နီးပါး တိုးလာတာကိုလည်း တွေ့ရကြောင်း ဒေါ်ကြည်ပြာက ဆိုသည်။

မင်္ဂလာဈေးကို ၁၉၉၈ ခုနှစ် ဇူလိုင် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် မေလတွင် ပထမအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင် ကျွမ်းခဲ့ရာ စုစုပေါင်း ကျပ် သိန်းပေါင်း ၃၆၀၆၀၂ ပျက်စီး ဆုံးရှုံးခဲ့သည်။

ထိုသို့ မီးလောင် သွားသော မင်္ဂလာဈေး အသစ် ပြန်လည် ဆောက်လုပ်ရန် အတွက် ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း အစိုးရ တာဝန်ရှိသူများက ပန္နက်တင် မင်္ဂလာ ပြုလုပ်ခဲ့သည်။

 

Credit: The irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service