ရန်ကုန်တိုင်းကြီးအစိုးရကရောင်းသည့် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရသော်လည်း လာရောက်မဝယ်ယူသူ ၁၄၂ ဦးရှိ - Property News in Myanmar from iMyanmarHouse.com
2185 Views

ရန်ကုန်တိုင်းကြီးအစိုးရကရောင်းသည့် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရသော်လည်း လာရောက်မဝယ်ယူသူ ၁၄၂ ဦးရှိ

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မဲနှိုက်ရောင်းချသည့်တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ ဝယ်ယူခွင့်ရရှိသော်လည်း လာရောက်ဝယ်ယူခြင်းမရှိသူ ၁၄၂ ဦးခန့်ရှိကြောင်း အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

တိုင်းအစိုးရက တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း ၈၆၄ ခန်းကို ဇူလိုင်လက မဲနှိုက်ရောင်းချပေးခဲ့ပြီး လာရောက် ဆက်သွယ်ဝယ်ယူခြင်းမရှိပါက တိုက်ခန်းများကို မဲနှိုက်စဉ်က အမှတ်စဉ်အလိုက် အရန်တန်းစီဇယားများမှ မဲမပေါက်သည့်သူများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ကော်မတီဝင်ဖြစ်သူ ဦးညီညီက ပြောကြားသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဝယ်ယူခွင့်ရရှိသူများအနေနှင့် ကနဦး၂၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး လက်ရှိတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် လျှောက်ထားသူအချို့မှာ မှားယွင်းလျှောက်ထားမှုများကြောင့် ငွေသွင်းရန် အခက်အခဲများရှိနေပြီး မဆက်သွယ်သူများလည်း ရှိနေကြောင်း တိုက်ခန်းမဲပေါက်သူများထံမှ သိရသည်။

ဝယ်ယူခွင့်ရရှိသူများ အနေနှင့် တိုက်ခန်းဈေးနှုန်းများမှာ တန်ဖိုးနည်း တိုက်ခန်းများကို ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ်သိန်း ၁၃၀ ဝန်းကျင်ဖြင့်လည်းကောင်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၆၀၀ အထိလည်းကောင်း ငွေပေးသွင်းရမည်ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရ မဲနှိုက်ရောင်းချပေးခဲ့သည့် အိမ်ရာများမှာ ဒဂုံမြို့သစ် တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း (၁၊ ၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House များနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့ဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service