အစိုးရကိုယ်တိုင်ဝင်ရောက်ကိုင်တွယ်ရတော့မဲ့ အိမ်ရာမူဝါဒ - Property News in Myanmar from iMyanmarHouse.com
14959 Views

အစိုးရကိုယ်တိုင်ဝင်ရောက်ကိုင်တွယ်ရတော့မဲ့ အိမ်ရာမူဝါဒ

မြန်မာနိုင်ငံအစိုးရ အဆက်ဆက်သည် အိမ်ရာကဏ္ဍ ကို ရေရှည်တည်တံ့ဖွံ့ဖြိုးမှု (Sustainable Development) ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ပေ။ အထူးသဖြင့် ပုဂ္ဂလိက အိမ်ရာကဏ္ဍအား အလိုအလျောက်တည်ငြိမ်စွာ လည်ပတ်နိုင်ရန် ထိန်းသိမ်းပေးမှုတွင်လွန်စွာအားနည်းနေပြီ ဖြစ်သည်။

အစိုးရ၏ အိမ်ရာမူဝါဒဟူ၍ တိတိပပ မရှိခဲ့သည့်အပြင် ခေတ်စနစ်နှင့်အညီ လိုအပ်သည့်စည်း မျဉ်း၊ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေများကိုလည်း ကြိုကြိုတင်တင်ပြင် ဆင်ချမှတ်နိုင်ခြင်း မရှိသေး ပေ။

ထို့ကြောင့် ပုဂ္ဂလိကအိမ်ရာကဏ္ဍ တွင် ၊ ငွေရှိလျှင် ကန်ထရိုက်ထလုပ်ခြင်း၊ အိမ်ရာအရည် အသွေးညံ့ဖျင်းခြင်း၊ စတုဒိသာအိမ်ရာထုတ်လုပ်မှုစနစ် ပေါ်ပေါက်ခြင်း၊ ခွင့်ပြုချက်မယူဘဲ တိုက်လုံး ရေ ထောင်ချီဆောက်လုပ်ခြင်း၊ စနစ်တကျအခွန်ကောက်ခံမှုကို လာဘ်ပေးလာဘ်ယူမှု ရေစီးဖြင့်ရိုက်ချိုးခြင်း၊ အိမ်ရာမြေဈေး ကစားရန် သိုလှောင်ခြင်း၊ မြေဈေး မြင့်တက်ခြင်း၊ ၂၀၁၂ လယ်ယာ မြေဥပဒေအရ မြို့ပြဝန်းကျင် လယ်မြေများကို အခြားနည်းအကြောင်းပြ၍ လှောင်ရန်၊ ရောင်းရန် အလားအလာကောင်းများ ပေါ်ပေါက်လာခြင်း၊ ကြိုပွိုင့် ရောင်းဝယ်မှုများအပေါ် ပြည်သူတို့၏ ယုံကြည်မှု ပျက်ယွင်းခြင်း စသည့်စသည့် အကျိုးဆက်များ ဖြစ်ပေါ်ပြီး အိမ်ရာကဏ္ဍကျဆင်း လာကြောင်း တွေ့ရှိရ၏။

မြန်မာနိုင်ငံ၌ မြို့ပြစီးပွား ရေးသည် ဗြုန်းခနဲ ကျဆင်းလာ ခြင်းမဟုတ်ပေ။ အိမ်ရာကဏ္ဍကျ ဆင်းမှုနှင့်အတူ ၂၀၁၄ အလွန်မှ စ၍ တဖြည်းဖြည်းကျဆင်းလာ ခြင်းဖြစ်ကြောင်း၊ အိမ်ရာတွင် မြစ် ဖျားခံလာခြင်းဖြစ်သည်။

သစ်၊ သစ်အချောထည်မှ အစ အုတ်၊ သဲ၊ ကျောက်စရစ် စသော ပြည်တွင်းဆောက်လုပ် ရေးပစ္စည်းထုတ်လုပ်မှုများ တစ် ရှိန်ထိုးကျဆင်းခဲ့၏။အလုပ်ကြမ်းသမား၊ ပန်းရန်၊ လက်သမား၊ သံချည်သံကွေး၊ အဝီစိတွင်းတူး၊ ပိုက်ဆက်၊ ဆေးသုတ်နှင့် သံပန်းတံခါးစသောအလုပ်သမားများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

မြို့ပြ၊ လျှပ် စစ်၊ စက်မှု၊ အင်ဂျင်နီယာနှင့် ဗိသုကာတို့အတွက် လုပ်ကွက်ပျောက်ကုန်၏။ ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်မှု၊ သယ်ယူပို့ ဆောင်မှုများ ကျဆင်းလာ၏။

တိုင်းရင်းသားလုပ်ငန်းရှင် ငယ်၊ လတ်၊ ကြီးများလည်း ရင်းနှီးမြှုပ်နှံ မှု အကျပ်အတည်း၊ ဘဏ်ချေးငွေ စနစ်နှင့် အတိုးမြင့်မားမှု အကျပ် အတည်းနှင့် အခွန်အခအမျိုးမျိုး ပေးဆပ်ရန် အခက်အခဲ များဖြစ်ပေါ်လာခဲ့သည်။

သို့သော် လက်ရှိမြန်မာနိုင်ငံတွင် အိမ်ရာကဏ္ဍသည် ဝယ်လိုအား လုံးဝပျောက်ဆုံးနေသော ကဏ္ဍမဟုတ်ပေ။ ဝင်ငွေနည်းပြည်သူများ လက်လှမ်းမီသော အိမ်ရာများအတွက် ဘဏ်ချေးငွေစနစ် ဖြင့် ဝယ်လိုအား အလုံးအရင်းဖြင့် ရှိနေ၏။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၎င်းနယ်ပယ်အတွက် အဓိကတာဝန်ယူ ဖြည့်ဆည်းပေးရမည့်သူမှာ အစိုးရကိုယ်တိုင်ဖြစ်၏။

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာများ အား ဝင်ငွေနှင့် လက်လှမ်းမီစေရန် တာဝန်ယူဆောက်လုပ်ပြီး ဘဏ်ချေးငွေစနစ်ဖြင့် တံတားထိုး ပေးကြ၏။ ထောက်ပံ့မှုများလည်း ပေးကြရ၏။ ၎င်းအိမ်ရာများ ဝယ်လိုအားကြီးမားလျက်ရှိသည်။

မကြာမီက ရန်ကုန် မြို့၌ အခန်း ၈၀၀ ကျော် မဲနှိုက် ရောင်းချခဲ့ရာ၌ လျှောက်ထားသူ ၆,၀၀၀ ခန့်ရှိကြောင်း သိရ၏။ ဝယ်လိုအား၏ ၁၄ ရာခိုင်နှုန်းမျှကို သာ ဖြည့်ဆည်းပေးနိုင်ခဲ့၏။ မန္တလေးမြို့ မြရည်နန္ဒာစီမံကိန်းတွင် တန်ဖိုးမျှတအိမ်ရာ ၆၇၂ ခန်းကို ဩဂုတ် ၂၆ ရက်နေ့၌ ရောင်းချ ရာတွင် လျှောက်ထားသူ အငြိမ်း စား ၂,၅၈၂ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၈,၆၂၂ ဦးရှိရာ စုစုပေါင်း ၁၁,၂၀၄ ဦးရှိ၏။ ဝယ်လိုအားအပေါ် ဖြည့်ဆည်းနိုင်မှု ၆ ရာခိုင်နှုန်းမျှသာ ရှိပေသည်။

ထို့ကြောင့်အိမ်ရာလိုအပ်ချက်နှင့်ဝယ်လိုအားကို သိလျက်နှင့်အမြန်ဆုံးအကောင်အထည်ဖော်ရန် အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြရေးသားလိုက်ရပါသည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service