ရန်ကုန်မြို့သစ်စီမံကိန်း Urban Master Plan ရေးဆွဲရန် AECOM Singapore ကုမ္ပဏီကိုရွေးချယ်လိုက်ပြီး လာမည့်နှစ်လအတွင်း ပထမအဆင့်ထွက်မည် - Property News in Myanmar from iMyanmarHouse.com
4813 Views

ရန်ကုန်မြို့သစ်စီမံကိန်း Urban Master Plan ရေးဆွဲရန် AECOM Singapore ကုမ္ပဏီကိုရွေးချယ်လိုက်ပြီး လာမည့်နှစ်လအတွင်း ပထမအဆင့်ထွက်မည်

ရန်ကုန်မြို့သစ်စီမံကိန်း Urban Master Plan ရေးဆွဲရန် AECOM Singapore ကုမ္ပဏီကို ရွေးချယ် လိုက်ပြီဖြစ်ပြီး လာမည့်နှစ်လအတွင်း ပထမအဆင့်ထွက်ရန်မျှော်မှန်းထား ကြောင်း NYDC ၏ ဒုတိယဥက္ကဋ္ဌ ဦးသိမ်းဝေကပြောသည်။

" ကျွန်တော်တို့အနေနဲ့ urban master planning and design ရေးဆွဲခြင်းကို အခုစတင်တော့မှာဖြစ်ပြီး လာမယ့် နှစ်လအတွင်းမှာ ပထမအဆင့်ထွက်လာဖို့မျှော်လင့်ပါတယ် ဟု "  ဦးသိမ်း ဝေက ပြောသည်။ ရန်ကုန်မြို့သစ်အတွက် Urban Master Plan ရေးဆွဲရန် ဇူလိုင်လအတွင်း EOI ခေါ်ယူခဲ့ရာ အဖွဲ့ အစည်းပေါင်း ၁၄ခုမှ EOI ကိုတင်သွင်းခဲ့ ကြောင်းသိရသည်။

ယင်းတို့အတွင်းမှ အရည်အချင်းနှင့်အတွေ့ အကြုံအပေါ်မူ တည်ပြီး ဆန်ခါတင်ခြောက်ဖွဲ့ကို တိကျခိုင်မာသော အကဲဖြတ်မှုများ အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး Urban Master Plan ရေးဆွဲခွင့်အတွက်AECOM Singapore ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြို့သစ်စီမံကိန်းကို အကောင်အ ထည်ဖော်ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးအတွက် လမ်းညွှန် ချက်အ နေဖြင့် ရပ်တည်သွားမည့် လူမှု-စီးပွား ပင်မစီမံချက်ကိုလည်း ရေးဆွဲခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအ တွက် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ လီမိတက်(NYDC)ကို ဖွဲ့စည်းခဲ့ပြီး အ လုပ်အကိုင်အခွင့်အလမ်း နှစ်သန်းခန့်ပေါ် ထွန်းလာစေမည့် စီးပွားရေးနယ်မြေတစ် ရပ်ကို အဆင့်(၁) အဖြစ် ရန်ကုန်မြို့ ကြည့်မြင်တိုင် အနောက်ဘက်ကမ်းရှိ ဧက ၂၀၀၀၀ ခန့်တွင် တာဝန်ယူဆောင်ရွက်နေ ခြင်းဖြစ် ကြောင်းသိရသည်။

ရန်ကုန်မြို့ သစ်၏အဓိကခံယူချက်သည် လုံခြုံစိတ်ချ ရခြင်း၊ သတင်းအချက်အလက်နည်း ပညာများပြည့်ဝခြင်း၊ သန့်ရှင်းသာယာလှပ ခြင်းအစရှိသည့် အင်္ဂါရပ်တို့ဖြင့် ပြည့်စုံ သည့် မြို့ဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရသည်။ အဆင့်(၁) လုပ်ဆောင်မှုတွင် ရွာငါးရွာ၊ မြို့သစ်သို့ သွားလာနိုင်ရန် အတွက် တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာအရှည်ပင်မလမ်းကြောင်းများ၊ ၁၀ စတု ရန်းကီလိုမီတာ ကျယ်ဝန်းသည့် စက်မှုဇုန် နယ်မြေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် မှုနှင့် ဖြန့်ဖြူးရေးအဆောက်အအုံများ (၂၂၃ မဂ္ဂါဝပ်)၊ ရေသန့်နှင့် ရေဆိုးထုတ် စက်ရုံများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service