မရမ်းကုန်းဗီလာအပါအဝင် အိမ်ရာစီမံကိန်းများသည် စွန့်စားမှုများသောလုပ်ငန်းဖြစ် မမျှော်မှန်းနိုင်သည့်ပြဿနာများရှိလာပါက တိုင်းပြည်ဘဏ္ဍာဆုံးရှုံးနိုင် - Property News in Myanmar from iMyanmarHouse.com
1244 Views

မရမ်းကုန်းဗီလာအပါအဝင် အိမ်ရာစီမံကိန်းများသည် စွန့်စားမှုများသောလုပ်ငန်းဖြစ် မမျှော်မှန်းနိုင်သည့်ပြဿနာများရှိလာပါက တိုင်းပြည်ဘဏ္ဍာဆုံးရှုံးနိုင်

မရမ်း ကုန်းဗီလာအပါအဝင် အိမ်ရာစီမံကိန်းများသည်စွန့်စားမှုများစွာ ဖြင့် ဆောင်ရွက်ရသည့်လုပ်ငန်းများ ဖြစ်သဖြင့် မမျှော်မှန်းနိုင်သော ပြဿနာများဖြစ်ပေါ်လာပါက နိုင်ငံတော်ဘဏ္ဍာများဆုံးရှုံးနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဒေါ်ခင်သန်းလှက ပြောသည်။

ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ် ချုပ်၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေး နှစ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံ စာ (အကျဉ်းချုပ်)အား တင်ပြရာ တွင် အထက်ပါအတိုင်းပါဝင်သည်။

အများနှင့်သက်ဆိုင်သောကုမ္ပဏီတစ်ခုဖြင့် မဟာရန်ကုန်မြို့တော်သစ်တည်ဆောက်ရေးစီမံကိန်းကို ဆောင်ရွက်နိုင်ရန်ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ၅၁ ရာခိုင် နှုန်းနှင့်ပုဂ္ဂလိကကဏ္ဍကိုယ်စားပြု မြန်မာ့ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MCD) မှ ၄၉ ရာခိုင်နှုန်းထည့်ဝင် ၍ Metropolition Develop-ment Public Co., Ltd (YMD) ကို ဖွဲ့စည်းခဲ့သည်။ ယင်းကုမ္ပဏီက မရမ်းကုန်းဗီလာအဆင့်မြင့်အိမ်ရာ စီမံကိန်း၊ ပါရမီအိမ်ရာစီမံကိန်း၊ နိုင်ငံ့ ဝန်ထမ်းအငှားအိမ်ရာ၊ အရောင်း အိမ်ရာနှင့် Mixed Use စီမံကိန်း၊ ငွေပင်လယ် Dry Post စီမံကိန်း၊ ပြည်သူ့ဘဝမြှင့်တင်ရေးအိမ်ရာ (တွံတေး)(Project X) နှင့်ဒဂုံအ ရှေ့ခေတ်မီစက်မှုဇုန်နှင့်စက်မှုဇုန် အထောက်အကူပြုအိမ်ရာစီမံ ကိန်း(မြောက်ပိုင်း)တို့ကိုဆောင် ရွက်ရန်ကျပ် ၅၄ ဘီလီယံရင်းနှီး မြှုပ်နှံထားကြောင်းသိရသည်။

ယင်းအိမ်ရာစီမံကိန်းများ သည် ကြီးမားကျယ်ပြန့်စွာဆောင် ရွက်ရသည့်လုပ်ငန်းများပါဝင်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီးစာ ရင်းစစ်ချုပ်ဒေါ်ခင်သန်းလှက အစီ ရင်ခံစာကိုဖတ်ကြားတင်ပြခဲ့သည်။ ''မမျှော်မှန်းနိုင်တဲ့ပြဿနာ များဖြစ်ပေါ်လာပါက နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေများဆုံးရှုံးသွားနိုင် သဖြင့် နိုင်ငံတော်ဘက်မှအကာအ ကွယ်အစီအမံများပြုလုပ်ဆောင် ရွက်ထားရန်လိုအပ်ပြီးဆောင်ရွက် မည့်လုပ်ငန်းစီမံကိန်းများအတွက် မာစတာပလန်များရေးဆွဲအတည် ပြုထားပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရန် တာဝန်ရှိသူအ ဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်လုပ် ကိုင်ရန်လိုအပ်ကြောင်းတွေ့ရှိရ ပါတယ်''ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လွှဲပြောင်းရယူထားသည့် နိုင်ငံပိုင် မရမ်းကုန်းဗီလာမြေ (၁၁ ဒသမ ၈၉) ဧကနှင့်အဆောက်အအုံ ခြောက်လုံးအား ကုမ္ပဏီပိုင်ငွေများ ဖြင့် ပေးချေထားခြင်းနှင့် ဆူးလေဘုရားလမ်းရှိ နိုင်ငံပိုင်အဆောက် အအံအား ကုမ္ပဏီမှပြင်ဆင်ဆောင် ရွက်ခြင်းများ ပြုလုပ်ထားသဖြင့် နောင်တွင် ပိုင်ဆိုင်မှုများ ရှုပ်ထွေးလာစေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာ (အကျဉ်းချုပ်)တွင်ဖော် ပြပါရှိသည်။

ယင်းစီမံကိန်းခြောက်ခုအနက် လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်နိုင်ငံ့ဝန်ထမ်း အိမ်ရာစီမံကိန်း၊ မရမ်းကုန်းဗီလာစီမံကိန်းမြေတိုင်းတာခြင်းနှင့် ငွေပင်လယ်စက်မှုဇုန်မြေတိုင်းတာ ခြင်းနှင့်ရေတိုင်းတာခြင်းလုပ်ငန်း များကိုဆောင်ရွက်ခဲ့ကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

YMD ကုမ္ပဏီ၏ ၂ဝ၁၇ ခုနှစ်မတ် ၃ ရက်မှ မတ် ၃၁ ရက် အထိ စာရင်းများကိုဦးဝင်းသင်နှင့် စာရင်းစစ်အဖွဲ့ကစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုမရှိသေးသော် လည်း လုပ်ငန်းနှင့်စီမံခန့်ခွဲရေးစ ရိတ်များကြောင့် ကျပ် ၁၁ ဒသမ ၄၆ဝ သန်းအရှုံးပေါ်ခဲ့ကြောင်း သိရသည်။၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်းနှင့်စာရင်းများကို ပြင်ပစာရင်းစစ်အဖွဲ့ဖြင့် ဆောင်ရွက် နိုင်ခြင်းမရှိသော်လည်း ကုမ္ပဏီမှ ရေးဆွဲထားသောစာရင်းမှတ်တမ်း များအရဘဏ်တိုးရရှိသဖြင့်အ သားတင်အမြတ်ကျပ် ၂၂၈၉ ဒသမ ဝ၂၈ သန်းရရှိခဲ့ကြောင်းအဆိုပါ အစီရင်ခံစာ၌ဖော်ပြထားသည်။

 

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service