သမဝါယမဦးစီးဌာန၏ ပြည်သူပိုင်အခန်းများ ကာလပေါက်ဈေးနှင့် ငှားရမ်းခနှိုင်းယှဉ်ပါက တစ်နှစ်လျှင် ကျပ်သန်း ၅၀၀ ကျော် နစ်နာနေဟုဆို - Property News in Myanmar from iMyanmarHouse.com
1004 Views

သမဝါယမဦးစီးဌာန၏ ပြည်သူပိုင်အခန်းများ ကာလပေါက်ဈေးနှင့် ငှားရမ်းခနှိုင်းယှဉ်ပါက တစ်နှစ်လျှင် ကျပ်သန်း ၅၀၀ ကျော် နစ်နာနေဟုဆို

သမဝါယမဦးစီးဌာနက စီမံခန့်ခွဲနေသော ပြည်သူပိုင်အခန်းများ ငှားရမ်းရရှိငွေသည် ကာ လပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက တစ်နှစ်လျှင် ကျပ်သန်း ၅၀၀ ကျော် နစ်နာနေကြောင်း ရန်ကုန် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။

လက်ရှိသမဝါယမဦးစီးဌာန က ငှားရမ်းထားသော ပြည်သူပိုင် အခန်း ၃၄ ခန်းရှိ၍ ပုဂ္ဂလိကနှင့် သမဝါယမအသင်းများသို့ ငှားရမ်းထားပြီး ခန့်မှန်းကာလပေါက် ဈေးနှင့် နှိုင်းယှဉ်စိစစ်ရာ လစဉ် ကျပ် ၄၄ သန်း၊ တစ်နှစ်လျှင် ကျပ်သန်း ၅၀၀ ကျော် နစ်နာနေ ကြောင်း ရန်ကုန်တိုင်းစာရင်းစစ် ချုပ် ဒေါ်ခင်သန်းလှက ပြော သည်။

စက်တင်ဘာ ၁၄ ရက်က ပြု လုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်သို့ ရန်ကုန်တိုင်းစာရင်းစစ် ချုပ်က ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ တင်ပြရာ၌ ထိုသို့ပြောကြားခြင်း ဖြစ်သည်။

‘‘ဒီလိုနစ်နာနေတဲ့အတွက် နိုင်ငံတော်ရငွေတွေ ပြည့်ဝမှန်ကန်စွာ ရရှိရေးအတွက် ပြန်လည် စိစစ်ရန် လိုအပ်တယ်’’ ဟု ဒေါ် ခင်သန်းလှက ပြောသည်။

သမဝါယမဦးစီးဌာနက စီမံ ခန့်ခွဲနေသော ပြည်သူပိုင်အခန်း ၁၁၆ ခန်းရှိသည့်အနက် လက်ရှိ အသုံးပြုနေသည့် အခန်း ၃၄ ခန်း၊ သော့ပိတ်ထားမှု ၆၉ ခန်းနှင့် အန္တရာယ်ရှိအဆောက်အအုံအ ဖြစ် သတ်မှတ်ထားသော အခန်း ၁၃ ခန်းရှိကြောင်း အစီရင်ခံစာ တွင် ဖော်ပြသည်။

အဆိုပါပိတ်ထားသည့်ပြည် သူပိုင်အခန်းများကို စနစ်တကျစီ မံခန့်ခွဲ၍ ရန်ကုန်တိုင်း၏ ဝင်ငွေ တိုးတက်ရေးအတွက် အသုံးပြုသင့်သော အခန်းများကို အသုံးပြု ရန် အစီအစဉ်ရှိ၊ မရှိ  ပြီးခဲ့သည့် နှစ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင်  ကျောက်တံတားမြို့နယ် တိုင်းလွှတ်တော် အမတ်ဒေါ်ကြည်ပြာက မေးမြန်းခဲ့သည်။

‘‘သမဝါယမအခန်းတွေဆို တာက လခကထောင်ဂဏန်းပဲရှိ ပါတယ်။ လခနည်းနည်းလေး သွင်းပြီး ငှားရမ်းလုပ်ကိုင်နေတဲ့ သမဝါယမ အခန်းတွေက တကယ်ပဲ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာလား၊ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းတွေလုပ်နေတာလား၊ ဒါမှမဟုတ် အခန်းတွေ ကို ထပ်ဆင့်ငှားစားနေတာလား၊ ဒါတွေကို စနစ်တကျစိစစ်ပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာငွေမှန်မှန် ကန်ကန်ရရှိဖို့ လိုအပ်တဲ့အတွက် မေးတာပါ’’ ဟု ဒေါ်ကြည်ပြာက ပြောသည်။

၎င်း၏မေးခွန်းနှင့်ပတ်သက် ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန် ထွန်းက သမဝါယမဦးစီးဌာနက စီမံခန့်ခွဲနေသော ပြည်သူပိုင်အခန်းများမှ ရရှိသည့် နိုင်ငံတော်ဝင် ငွေ ကွာခြားနေခြင်းကို ပြန်လည် စိစစ်ဆောင်ရွက်မည်ဟု ဖြေကြား သည်။

  Credit:  7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

Magical World
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service