ပြန်လည်အပ်နှံလာသော တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို မဲပြန်ဖောက်မည် - Property News in Myanmar from iMyanmarHouse.com
1505 Views

ပြန်လည်အပ်နှံလာသော တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို မဲပြန်ဖောက်မည်

ရန်ကုန်တိုင်းအစိုးရအစီအစဉ်ဖြင့်ရောင်းချသည့် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းမလိုချင် ၍ ပြန်လည်အပ်နှံမှုများရှိသဖြင့် ယင်းတိုက်ခန်းများကို ဒုတိယအကြိမ် ပြန်လည်မဲဖောက်မည်ဟု ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးသာအောင်က ပြော ကြားသည်။

‘‘တချို့က ကိုယ်လိုချင်တဲ့ အခန်း၊ လိုချင်တဲ့အထပ်မရလို့မ ယူတော့ဘူးဆိုပြီး ပြန်အပ်တာ တွေရှိတယ်။ နောက်ပြီးလက်ကျန် တိုက်ခန်းတွေလည်း ကျန်ရှိနေ သေးတယ်။ ဒါတွေစုပေါင်းပြီး တန်းစီဇယားမှာ ကျန်တဲ့သူတွေ ကို ဒုတိယအကြိမ်မဲပြန်နှိုက်ပေးသွားမယ်’’ ဟု ဦးသာအောင်ကပြောသည်။တန်ဖိုးနည်းအိမ်ရာဝယ်ယူ ခွင့်ရရှိသူ ၈၆၄ ဦးကို ပထမအသုတ်အဖြစ်ရွှေပေါက်ကံ၊ ရွှေ လင်ဗန်း၊ ယုဇနနှင့် ကနောင်တန်ဖိုးနည်းအိမ်ရာတို့ကို ပြီးခဲ့သည့်   ဇူလိုင်က မဲဖောက်ပေးခဲ့သည်။

မဲဖောက်ပေးသည့် တိုက်ခန်းနေရာနှင့် ၀ယ်ယူသူများလိုချင်သည့် အထပ်မြင့်သည် ခန့်မှန်းချက်များနှင့် ကွဲလွဲရာတိုက်ခန်းအလိုက် ဈေးအနည်းအများအပေါ်မူတည်၍ ပေးသွင်းရခြင်း ကြောင့် ငွေကြေးအခက်အခဲများ  ရှိကြောင်း ယင်းတိုက်ခန်းဝယ်သူများက ပြောသည်။

‘‘လက်ရှိတော့ စာရင်းအ ရေအတွက်လုပ်နေတုန်းပဲရှိသေး တယ်။ တိုက်ခန်းပြန်အပ်တဲ့အ ရေအတွက်ဘယ်လောက်ရှိတယ် ဆိုတာမသိရသေးဘူး။ အရေအတွက်သိတာနဲ့ အိုးအိမ်မှာစာရင်း ထုတ်ပြန်ပေးမယ်။ ဒုတိယအ သုတ်မဲနှိုက်မယ့်ရက်ကိုလည်း မသတ်မှတ်ရသေးပါဘူး။ ရက်သေချာတာနဲ့ထုတ်ပြန်ပေးမယ်’’ ဟု ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဦးခင်ဇော်ကပြောသည်။

တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူ မိသားစုဝင်ငွေသည် တစ်လကျပ်သုံးသိန်းမှ ငါးသိန်းကြား ရှိရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာအတွက် ကျပ်ငါးသိန်းမှ ၁၂ သိန်း ကြားရှိရမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ဝယ်ယူလိုသူသည် ပထမအဆင့်ငွေသွင်းရာ၌ ကုမ္ပဏီဝန် ထမ်းဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင်နှုန်း၊ အစိုးရ၀န်ထမ်းဖြစ်ပါ က ၁၅ ရာခိုင်နှုန်းသွင်းရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက  သတ်မှတ်ထားသည်။

လက်ရှိတွင် ကနောင်အိမ်ရာမှ ၆၉ ခန်းနှင့် ရွှေလင်ဗန်းအိမ်ရာမှ ၂၃ ခန်းရောင်းချရန် ကျန်ရှိ နေပြီး အခြားမြေနေရာများ၌ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရန်ပြည်သူ့အိမ်ရာ ရောင်းချရေး  ကော်မတီက စီစဉ်နေသည်။

 

Credit:  7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service