ကွန်ဒိုတိုက်ခန်းဈေးကွက်နဲ့ ကြိုက်နှစ်သက်မှု အပြောင်းအလဲ - Property News in Myanmar from iMyanmarHouse.com
2110 Views

ကွန်ဒိုတိုက်ခန်းဈေးကွက်နဲ့ ကြိုက်နှစ်သက်မှု အပြောင်းအလဲ

ပြီးခဲ့တဲ့ ၂၀ဝ၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်းက Master Bedroom လို့ခေါ်တဲ့ အခန်းကျယ် သုံးခန်းပါပြီး အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၂ဝ၀ဝကနေ ၂၅၀ဝ ရှိတဲ့ အခန်းတွေကိုသာ ကွန်ဒိုတိုက်ခန်းတွေအဖြစ် အကြမ်းဖျင်း သတ်မှတ်ခဲ့ကြပါတယ်။

ကွန်ဒိုမီနီယမ်တွေမှာ ဈေးကွက်လိုအပ်ချက်အရ အိပ်ခန်းအရေအတွက် ပါဝင်မှုနဲ့ စတုရန်းပေအကျယ်အဝန်းပေါ်မှာ တည်မီပြီး အမျိုးအစားတွေ ခွဲခြား ထားပါတယ်။ ကွန်ဒိုတိုက်ခန်းတွေက ယေဘုယျအားဖြင့် အိပ်ခန်းတစ်ခန်းကနေ လေးခန်းအထိပါဝင်တဲ့ အမျိုးအစားတွေရှိပြီး အကျယ်အဝန်းအနေနဲ့ ကတော့ စတုရန်းပေ ၄၀ဝ ကနေ ၃ဝ၀ဝ ကျော်အထိ ရှိပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ကွန်ဒိုမီနီယမ်တွေမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုပြုလုပ်သူတွေက အိပ်ခန်းတစ်ခန်း ဒါမှမဟုတ် နှစ်ခန်းပါဝင်တဲ့ ကွန်ဒိုအခန်းငယ်တွေကို ပိုမိုရင်းနှီးမြှုပ်နှံမှုများလာတယ်လို့ ကွန်ဒိုမီနီယမ် အကောင် အထည်ဖော်သူတွေက ပြောပါတယ်။ ဒီလိုကွန်ဒိုအခန်းငယ်တွေက နိုင်ငံခြား သားတွေနဲ့ ပြည်တွင်းငှားရမ်းသူတွေအတွက် သင့်တော်ပြီး လူကြိုက်များတာကြောင့် ရင်းနှီးမြှုပ်နှံမှု ပိုလုပ်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ လူဦးရေနည်းတဲ့ မိသားစုတွေအတွက်လည်း ကွန်ဒိုအခန်းငယ်တွေက သင့်တော်တာကြောင့် ရွေးချယ်မှု ပိုများလာတယ်လို့ သိရပါတယ်။ ဒါ့ပြင် အားသာချက်ကတော့ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာပြီး အလုပ်လုပ်ကြတဲ့အခါ တစ်ယောက်တည်း ဒါမှမဟုတ် ဇနီးမောင်နှံနှစ်ယောက်တည်း နေမယ်ဆိုရင် ငှားရမ်းခအပြင် ပြင်ဆင်ခသက်သာတဲ့ အချက်တွေလည်း ရှိနေပါတယ်။

"တစ်ယောက်တည်းဖြစ်ဖြစ်၊ စုံတွဲဖြစ်ဖြစ်လာတဲ့အခါ မလိုအပ်ဘဲနဲ့ အခန်းအကြီးကြီးတွေ ဝယ်ထားတော့ ကုန်ကျစရိတ်လည်းများတယ်၊ ဈေးနှုန်းလည်းများတယ်။ အိပ်ခန်းနှစ်ခန်းပါ အခန်းတွေက ပိုကောင်းတယ်။ Golden Cityဆိုရင် အိပ်ခန်းနှစ်ခန်းပါ အခန်းတွေက ကုန်သွားပြီ။ မရှိတော့ဘူး။ ပြောချင်တာက အခန်းသေးတွေက -ဝယ်လိုအား ပိုများတယ်"ဟု Golden Land Real Estate Development ကုမ္ပဏီက Property Sale Director ဦးကျော်စည်သူက ပြောပါတယ်။

အရင်က ရန်ကုန်မြို့မှာ အထပ်မြင့် ကွန်ဒိုတွေ ရှားပါးခဲ့ပေမဲ့ လွန်ခဲ့တဲ့ လေးငါးနှစ်အတွင်းမှာ အထပ်မြင့်ကွန်ဒိုဆောက်လုပ်မှုတွေ တဖြည်းဖြည်းများလာပြီးတော့ ဈေးနှုန်းတွေလည်း တည်ငြိမ်လာတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်ထဲမှာပါတဲ့ ရန်ကင်းမြို့မှာဆိုရင် ကွန်ဒိုအခန်းတွေပါဝင်တဲ့ စီမံကိန်း ၁၅ ခုခန့်တည်ဆောက်နေပြီး ကွန်ဒိုမီနီယမ် အဆောက်အအုံတွေ တိုးပွားလာတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

Golden City စီမံကိန်းဟာဆိုရင်လည်း ရန်ကင်းမြို့နယ်ထဲမှာရှိပြီးတော့ ကွန်ဒိုတိုက်ခန်းတွေ၊ အဆင့်မြင့်တိုက်ခန်းတွေ၊ ကုမ္ပဏီရုံးခန်း၊ ဈေးဝယ်စင်တာ နဲ့ ဟိုတယ်တွေပါဝင်တဲ့ Mixed used စီမံကိန်းဖြစ်ပါတယ်။ အခုဆို အဲဒီက ကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူပြီး လာရောက်နေထိုင်တဲ့နှုန်းက ၆၀ ရာခိုင်နှုန်းလောက်ထိရှိနေပြီလို့ Golden Land Real Estate Development ကုမ္ပဏီက Vice General Manager မစ္စတာ အဲလက်စ်လီက ပြောပါတယ်။

ကွန်ဒိုမီနီယမ်တွေမှာ အများအားဖြင့် စတုရန်းပေနည်းတဲ့ ကွန်ဒိုအခန်း များများစားစား ထည့်သွင်းလေ့မရှိကြပါဘူး။ ကွန်ဒိုအခန်းငယ်နှင့် အခန်းကျယ်အချိုးအစားကိုကြည့်မယ်ဆိုရင် အထပ်မြင့်ကွန်ဒိုတွေမှာ အခန်းငယ်တွေကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်အထိပဲ ထည့်သွင်းလေ့ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးကွက်လိုအပ်ချက်အရ ကျစ်ကျစ်လျစ်လျစ်နဲ့ နေထိုင်မယ့်သူတွေ အဆင်ပြေနိုင်မယ့် တိုက်ခန်းငယ်တွေ လိုအပ်လာတာကြောင့် ပုံစံပြောင်းလဲတည်ဆောက်လာကြပါတယ်။ အကြမ်းဖျင်းအားဖြင့် အိပ်ခန်းနှစ်ခန်းပါဝင်တဲ့ စတုရန်းပေ ၈၀ဝ နဲ့ ၁ဝ၀ဝ ကြား၊ အိပ်ခန်းတစ်ခန်းပါ ကွန်ဒိုအခန်းတွေကိုတော့ စတုရန်းပေ ၅၀ဝ နဲ့ ၄၀ဝ ကြား အသီးသီး ခွဲခြားတည်ဆောက်လာကြပါတယ်။

ကံဘဲ့တာဝါဟာလည်း ရန်ကင်းမြို့နယ်မှာ အကောင်အထည်ဖော်နေတာ ဖြစ်ပြီး လူနေထိုင်မှုအတွက် ရည်ရွယ်ထားတဲ့ သီးသန့်အဆောက်အအုံစီမံကိန်း ဖြစ်ပြီးတော့ ရုံးခန်း၊ ရှော့ပင်းစင်တာ စတာတွေ ထည့်သွင်းဆောက်လုပ်ထား ခြင်းမရှိပါဘူး။

၂၀၁၆ ခုနှစ် မတ်လမှာ ကံဘဲ့တာဝါ စီမံကိန်းရောင်းချမှုကို စတင်ဖွင့်လှစ် ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းက အခန်းပေါင်း ၁၂၀ ခန့်အထိ ရောင်းချထားပြီးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ ကွန်ဒိုတိုက်ခန်း ၆၀ လောက် ရောင်းချထားပြီး နှစ်ကုန်ပိုင်းမှာ အခန်း ၁၃၀ အထိ ရောင်းချဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ကွန်ဒိုအခန်းဈေးနှုန်းတွေကတော့ အခန်းအမျိုးအစားနဲ့ အထပ်မြင့်ပေါ်မူတည်လို့ ကွာခြားမှုတွေရှိပြီး ကံဘဲ့တာဝါမှာဆိုရင် တစ်ပေပတ်လည်ကို ကျပ် ၂၄၀ဝ၀ဝ ကနေ ကျပ် ၂၇၀ဝ၀ဝ အထိရှိပါတယ်။ ကံဘဲ့တာဝါက အခန်းနှစ်ခန်းပါ ကွန်ဒိုအခန်းတွေကတော့ ကျပ်သိန်း ၂၁၀ဝ ကနေ ၂၃ဝ၀ဝ နဲ့ အခန်းသုံးခန်းပါ အခန်းတွေကတော့ ကျပ်သိန်း ၂၇၀ဝ ကနေ ၂၉၀ဝ အထိရှိပါတယ်။

"အထပ်မြင့်ကွန်ဒိုတွေ အများကြီးပေါ်လာတဲ့အတွက်ကြောင့် အိမ်ခြံမြေရဲ့ ဈေးနှုန်းတွေဟာ တဖြည်းဖြည်းချင်း ငြိမ်ပြီးတော့မှ တက်မယ်ဆိုတာ မှန်းဆလို့ ရပါတယ်"လို့ ဦးကျော်စည်သူက ပြောပါတယ်။

ငှားရမ်းတဲ့ နှုန်းထားတွေကတော့ ဒေါ်လာ ၁၈၀ဝ နဲ့ ၂ဝ၀ဝ ကြားမှာဈေးကွက်ရှိတာကြောင့် ငွေကြေးပိုလျှံသူတွေက ကွန်ဒိုတိုက်ခန်းတွေဝယ်ယူပြီး ပြန်လည်ငှားရမ်းမှုတွေလည်း လုပ်ကြပါတယ်။ ဒီလိုဝယ်ယူတဲ့နေရာမှာ ပြည်တွင်းပိုင်ရှင်တွေတင်မကဘဲ တရုတ်နဲ့ ကိုရီးယားနိုင်ငံသားတွေလည်း ဝယ်ယူကြပြီး အနောက်ဥရောပနိုင်ငံသားတွေကို ငှားရမ်းကြတယ်လို့ မစ္စတာ အဲလက်စ်လီက ပြောပါတယ်။

ဈေးကွက်ဝယ်လိုအားမှာဆိုရင်တော့ နိုင်ငံခြားသားထက် ပြည်တွင်းဝယ်သူတွေကိုသာ အားထားနေရသေးတဲ့ အနေအထား ဖြစ်ပါတယ်။

"အခုလက်ရှိ နိုင်ငံခြားသားတွေရဲ့ ဝယ်လိုအားကိုကြည့်ရင် အရမ်းကြီးတော့ တိုးတက်လာတာ မတွေ့ရသေးဘူး။ တရုတ်နဲ့ ကိုရီးယားဈေးကွက်က ပုံမှန်ဝယ်တဲ့အတိုင်းအတာအတိုင်း ဝယ်နေတယ်။ ဂျပန်နဲ့ အီးယူဈေးကွက်က အင်နဲ့အားနဲ့ အိမ်ခြံမြေထဲကို ရောက်မလာသေးဘူး။ ပြည်ပဝယ်လိုအားက ၁၀ ရာခိုင်နှုန်းတောင်မရှိလို့ ပြည်ပကို အများကြီးမှီပြီး ရောင်းလို့မရဘူး။ နိုင်ငံခြားမှာအလုပ်သွားလုပ်နေတဲ့သူတွေ၊ မြန်မာနိုင်ငံမှာ ပြန်အခြေချချင်တဲ့အခါနဲ့ ဝင်ငွေ အရင် ထက်များလာလို့ ပိုကောင်းတဲ့အခန်းလိုချင်တဲ့သူတွေ ဝယ်လေ့ရှိကြတယ်"လို့  Success Property Consultant ကုမ္ပဏီက Sales Manager ဦးရဲထွန်းမော်က ပြောပါတယ်။

တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ရန်ကုန်မြို့မှာ ကွန်ဒိုဝယ်တဲ့သူတွေကတော့ တည်နေရာကို အဓိကဦးစားပေးပြီး ဝယ်ယူကြတယ်လို့ သိရပါတယ်။ ဥပမာ_ မန္တလေးကနေ ရန်ကုန်မှာ ကျောင်း၊ သင်တန်း စတာတွေတက်မယ့် သားသမီးတွေအတွက် သူတို့တက်မယ့်နေရာနဲ့နီးတဲ့ ကွန်ဒိုတွေကိုသာ မိဘတွေက ရွေးချယ်ဝယ်ယူလေ့ရှိကြတယ်လို့ ကွန်ဒိုရောင်းချသူတွေက ပြောပါတယ်။

လက်ရှိမှာ ကွန်ဒိုမီနီယမ် ဥပဒေ၊ နည်းဥပဒေတွေ ထွက်ရှိထားပေမဲ့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကွန်ဒိုစီမံခန့်ခွဲရေးကော်မတီရုံးလိုမျိုးမရှိသေးတာကြောင့် ဈေးကွက်က လှုပ်ခတ်သင့်သလောက် မလှုပ်ခတ်တာဖြစ် ကြောင်းနဲ့ တချို့ဝယ်ယူသူတွေက ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

"တခြားနိုင်ငံနဲ့ ယှဉ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကွန်ဒိုဈေးကွက်က အသစ်လိုဖြစ်နေတယ်။ ဥပဒေပိုင်းမှာလည်း အများကြီး မရင့်ကျက်သေးတဲ့အတွက် စိန်ခေါ်မှုတော့ရှိတယ်။ ကွန်ဒိုဥပဒေက ၂၀၁၆ ကတည်းက ထွက်ခဲ့တယ်။ ၂၀၁၇ မှာ အသေးစိတ်အချက်အလက်တွေ ထွက်တယ်။ ကွန်ဒိုဝယ်ယူသူတွေကြားမှာ ယုံကြည်မှုနဲ့ အာမခံချက်ပြည့်ဝလာတဲ့အခြေအနေ တွေ့ရတယ်။ လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ကွန်ဒိုဥပဒေကလည်း အကျိုးသက်ရောက် မှုရှိလာပြီး အိမ်ခြံမြေဈေးကွက် အလားအလာကောင်းမယ်လို့ ယူဆပါတယ်" လို့ မစ္စတာ အဲလက်စ်လီက ပြောပါတယ်။

ကွန်ဒိုမီနီယမ်တွေကို ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ရာမှာ ကွန်ဒိုနည်းဥပဒေ အတိုင်း မှတ်ပုံတင်တာ၊ အချိုးကျမြေယာပိုင်ဆိုင်မှု ရရှိအောင် ဆောင်ရွက်ပေးတာ၊ မြေအမျိုးအစား အာမခံမှုရှိတာနဲ့ နှစ်ရှည်ငွေပေးချေမှုစနစ်နဲ့ ရောင်းချပေးတာတွေနဲ့လည်း ဝယ်သူတွေကို ဆွဲဆောင်လာကြပါတယ်။

ကွန်ဒိုရောင်းချမှုမှာတော့ တချို့ကွန်ဒိုမီနီယမ်တွေက မြန်မာကျပ်ငွေနဲ့ ရောင်းချပေးတာလည်းရှိသလို ဒေါ်လာနဲ့ ရောင်းချတဲ့သူတွေကလည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ စီစဉ်လာကြတယ်လို့ ဆိုပါတယ်။

ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ ငါးနှစ်ကနေ ၁၀ နှစ်အထိ အရစ်ကျပေးချေနိုင်တဲ့စနစ်၊ နေထိုင်ခွင့်ဘီစီစီ ရရှိပြီးတဲ့ ကွန်ဒိုတွေကို ဝယ်ယူသူတွေက သက်ဆိုင်ရာဘဏ်တွေက ငွေချေးပြီး ကွန်ဒိုမီနီယမ်စီမံကိန်း အကောင်အထည်ဖော်သူတွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်တဲ့ Home Lona စနစ် စတာတွေလည်းရှိပါတယ်။

"အခုဆိုရင် အိမ်ခြံမြေဈေးကွက်မှာပဲဖြစ်ဖြစ်၊ မြန်မာ့စီးပွားရေးမှာပဲဖြစ်ဖြစ် ကြည့်မယ်ဆိုရင် ပြည်တွင်းဘဏ်တွေသာမကဘဲ နိုင်ငံခြားဘဏ် ၁၀ ခု ကနေ၁၅ ခုလောက် ဝင်နေပါပြီ။ အဓိက ငွေကြေးစနစ်ပိုင်းမှာ အများကြီး အထောက် အပံ့ပေးတယ်။ ပြည်တွင်းဘဏ်အနေနဲ့လည်းံသာနူသညေ တွေ စပြီးတော့ လုပ်ဆောင်လို့ ရပြီ။ ဒါက ကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Home lona ကို လျှောက်တာ သိပ်မမြန်ဆန်သေးပေမဲ့ မြန်မာပြည်သူတွေအတွက် ကွန်ဒိုတွေပိုင်ဆိုင်ဖို့ ပိုပြီးနီးစပ်လာပါပြီ"လို့ မစ္စတာ အဲလက်စ်လီက ပြော ပါတယ်။

"တကယ်လိုအပ်တဲ့အချက်က ဆောက်လုပ်ဆဲ ပရောဂျက်တွေကို ဘဏ်တွေအနေနဲ့ Home loan လို ပုံစံမျိုးနဲ့ ရောင်းလို့ရမယ်ဆိုရင်ဈေးကွက်က တော်တော်ထောင်တက်လာနိုင်တ"လို့ ဦးရဲထွန်းမော်က ပြောပါတယ်။

 

Credit:   The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service