အိမ်ရာဝယ်ယူလိုသူများ ချေးငွေရရှိနိုင်ရေး မြန်မာ့အာမခံလုပ်ငန်း၌ အာမခံထားရှိရန်လိုအပ် - Property News in Myanmar from iMyanmarHouse.com
1289 Views

အိမ်ရာဝယ်ယူလိုသူများ ချေးငွေရရှိနိုင်ရေး မြန်မာ့အာမခံလုပ်ငန်း၌ အာမခံထားရှိရန်လိုအပ်

နိုင်ငံတော်က ၂၀၃၀ ပြည့်နှစ်အတွင်း အိမ်ရာတစ်သန်းဆောက်လုပ်ရန် ရည်ရွယ် ထားပြီး ယင်းအိမ်ရာဝယ်ယူလိုသူများကို ဂျပန် နိုင်ငံမှ DI Tokyo ကုမ္ပဏီက ငွေချေးပေးမည် ဖြစ်သော်လည်း ဝယ်ယူလိုသူများအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိရန် လိုအပ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

လက်မှတ်ထိုးဆောက်လုပ်ရေးဝန်ကြီးဌာန၏ အိမ်ရာ တစ်သန်း စီမံကိန်းအတွက် လိုအပ်သောအာမခံ ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန် သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြု နိုင်ငံတကာအာမခံလုပ်ငန်း များနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်းရုံးတွင် သြဂုတ် ၂၈ ရက်က နားလည်မှုစာချွန်လွှာ MoU ရေးထိုး ခဲ့သည်။

ရည်ရွယ်ထား

"နိုင်ငံတော်က ၂၀၃၀ ပြည့်နှစ်အထိကို အိမ်ရာတစ်သန်းဆောက်လုပ်ဖို့ ရည်ရွယ်ထား ပါတယ်။ အဲဒီအတွက် နိုင်ငံပိုင်ဖြစ်တဲ့ မြန်မာ့ အာမခံလုပ်ငန်းကနေ အိမ်ရာဝယ်ချင်တဲ့သူတွေ အတွက် အာမခံပေါ့။ အိမ်ရာဝယ်ယူဖို့အတွက် အရစ်ကျနဲ့ ငွေသွင်းသွားတဲ့အချိန်မှာ အိမ်ထောင် ဦးစီးက အကြောင်းမလှလို့ သေဆုံးတာတို့၊ ထာဝစဉ်မသန်စွမ်းဖြစ်မယ်ဆိုရင် မြန်မာ့အာမခံ ကနေ အာမခံထားတဲ့ကုမ္ပဏီကို ငွေဆက်ပြီး သွင်းပေးသွားမယ်။ ကျန်ဆက်ပေးသွင်းရမယ့် ငွေကို ပေးသွင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ နားလည်မှုစာချွန်လွှာချုပ်ဆိုတာ ကတော့ ငွေချေးမယ့်ကုမ္ပဏီပါတယ်" ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဒေါက်တာစန္ဒာဦးက ပြောဆိုသည်။

အကောင်အထည်ဖော်

အိမ်ရာဝယ်လိုသူများကို DI Tokyo ကုမ္ပဏီက ချေးငွေထုတ်ပေးသွားမည်ဖြစ်သော် လည်း ဆောက်လုပ်ရေးနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် ချေးယူရမည်ဖြစ်သည်။ ယင်း ကဲ့သို့ ချေးယူပြီးပါက မြန်မာ့အာမခံတွင်အာမခံ ဝယ်ယူထားရှိနိုင်မည်ဖြစ်ပြီး မလေးရှားနိုင်ငံရှိ Hannover Rusk SE ကုမ္ပဏီက ယင်း ပရောဂျက်အတွက် စွန့်စားမှုအန္တရာယ်အား တွက်ချက်ပေးမည်ဖြစ်သည်။ ထိုသို့တွက်ချက် ပြီးမှသာ ယင်းပရောဂျက်ကို အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"အန်တီတို့ကလည်း အိမ်ရာတစ်သန်းဆို တော့ ကိုယ်ယူရမယ့်အန္တရာယ်က နည်းနည်း များတော့ ဒါကို နိုင်ငံခြားတစ်ဆင့် အာမခံ ဈေးကွက် Hannover Rusk SE မှာ ပြန်ပြီး တော့ တစ်ဆင့်အာမခံပြန်ထားမယ်။ အရစ်ကျ သွင်းရင်းနဲ့မှ အကြောင်းမညီညွတ်လို့ အိမ် ထောင်ဦးစီးတစ်ခုခုဖြစ်သွားခဲ့ရင် အာမခံ ကုမ္ပဏီက ဆက်ပြီးတော့ သူသွင်းဖို့လိုတဲ့ငွေကို ဆပ်ပေးမယ်။ နိုင်ငံမှာ အိုးအိမ်မရှိသေးတဲ့ သူတွေ အိုးအိမ်ရှိသွားအောင်၊ ဘဏ်တွေမှာ ငွေချေးချင်ပေမယ့် သူတို့မှာ ငွေကြေးအရင်း အမြစ်ကမရှိဘူး။ အခုဆို DI Tokyo ကလိုအပ် တဲ့ငွေအရင်းအနှီး ပံ့ပိုးပေးမယ်။ အခု အိမ်ရာ တစ်သန်းဆိုတာက ထပ်ဆောက်မယ့်အိမ်တွေ အတွက်ပါ" ဟု ဒေါက်တာစန္ဒာဦးက ပြောဆို သည်။

ဆွေးနွေးမည်

ယင်းအာမခံအမျိုးအစားသည် မြန်မာ့ အာမခံလုပ်ငန်းက ပထမဆုံးဆောင်ရွက်သည့် အာမခံအမျိုးအစားဖြစ်ပြီး အာမခံကြေးပရီမီယံ နှုန်းထားနှင့်ပတ်သက်၍ မည်မျှထားရှိမည်ကို လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေး နွေးသွားမည်ဖြစ်သည်။

 

Credit:  The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service