ကိုရီးယား-မြန်မာစီမံကိန်းအတွက် ကိုရီးယားမှချေးငွေရယူရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ - Property News in Myanmar from iMyanmarHouse.com
1769 Views

ကိုရီးယား-မြန်မာစီမံကိန်းအတွက် ကိုရီးယားမှချေးငွေရယူရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်ကူးမြို့နယ် ၊ ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၅၅၈ ဧကပေါ်တွင် လုပ်ဆောင်မည့် ကိုရီးယား-မြန်မာ (Industrial Complex) စီမံကိန်းအတွက် ကိုရီးယားမှ ကန်ဒေါ်လာ ၆၁.၈၁၆ သန်း ချေးငွေရယူရေး အတည်ပြုပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးကျော်လင်းက ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ Eximbank ထံမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး EDCF ချေးငွေဖြင့် နှစ်နိုင်ငံအစိုးရ ပူးပေါင်းကာ လုပ်ဆောင်မည့် စီမံကိန်းဖြစ်ပြီး လူဦးရေ ၅ သောင်းမှ ၁ သိန်းအထိ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဟု သိရသည်။

“အလုပ်အကိုင် အခွင့်အလမ်း (၅၀၀၀၀) မှ (၁၀၀၀၀၀) ခန့်အထိ ဖန်တီးပေးနိုင်ခြင်း၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေနိုင်ခြင်း၊ နိုင်ငံခြားပို့ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ခြင်းနှင့် စီမံကိန်း တွင် ပါဝင်သည့် စက်ရုံ ၂၀၀ ခန့်မှ နှစ်စဉ် အခွန်အခရငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် တိုးမြှင့်ရရှိနိုင်ခြင်း စသည့် လူမှုရေး၊ စီးပွားရေး အကျိုးအမြတ်များ ရရှိနိုင်သော စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း”ကို ဦးကျော်လင်းက ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် စက်မှုဇုန်အတွင်း ပိုင်းအတွက် လိုအပ်သည့် လမ်း၊ ရေ၊ မီး ၊ အခြေခံ အဆောက်အအုံများကု ဖက်စပ်ကုမ္ပဏီဖြစ်သည့် Land and Housing Corporation (LH) မှ ဆောင်ရွက်မည်ဖြစ်ပြီး စက်မှုဇုန်ဧရိယာ ပြင်ပသို့ အရောက် လမ်း၊ရေ ၊မီး စသည့် အခြေခံအဆောက်အအုံ များကိုတော့ ယခုကိုရီးယားနိုင်ငံမှ ချေးယူမည့် EDCF ချေးငွေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

“စက်မှုဇုန် ဧရိယာပြင်ပ အခြေခံအဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းစီမံကိန်းတွင် ရေရရှိရေးအတွက် ကလီထော်ဆည်မှတဆင့် ရေပိုက်လိုင်း ဆက်သွယ်ခြင်း၊ ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ်မီး ရရှိရေးအတွက် မြောင်းတကာ-ကမာနက် Transmission Line မှတဆင့် ဓာတ်အားလိုင်းဆက်သွယ်ခြင်း ၊ ဓာတ်အားခွဲရုံနှင့် Transformer တည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် ငါးဆူတောင် လမ်း အရှည် (၉.၄၅) ကီလိုမီတာအား ၄ လမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ ပါဝင်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁.၈၁၆သန်း ကုန်ကျမှာ ဖြစ်ပါတယ်”ဟု ဒုဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ကိုရီးယားနိုင်ငံမှ ချေးယူမည့် EDCF ချေးငွေသည် ချေးငွေဆိုင်ရာစည်းကမ်းချက်အရ ဆိုင်းငံ့ကာလ ၁၅ နှစ်နှင့် ပြန်ဆပ်ရမည့်ကာလ ၂၅ စုစုပေါင်း နှစ် ၄၀ ဖြစ်ကာ အတိုးနှုန်းတန်ဖိုးမှာ ၀.၀၁ ရာခိုင်နှုန်းဖြစ်သည်။

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက စီမံကိန်းနှင့် ပတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ပြောကြားရာတွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်မှုများအရ လူမှုရေး ၊ စီးပွားရေး တို့ အတွက် အကျိုးအမြတ်များရနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်ပချေးငွေစုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၁၄၀၃.၁၇၁ သန်းရှိကာ ကြွေးမြီပေးဆပ်ရန် လက်ကျန်သည် ၁၄၂.၂၂၄ သန်းသာ ရှိသည်။

လက်ရှိပြည်ပကြွေးမြီအခြေအနေအရ ခံနိုင်ရည်ရှိမှု အတိုင်းအတာအတွင်း ရှိကြောင်း စီမံဘဏ္ဍာ ဒုဝန်ကြီးက ဆိုသည်။

“နိုင်ငံတော်ရဲ့ ပြည်ပ ကြွေးမြီလက်ကျန် အခြေအနေ မှာ ၃၁.၃.၂၀၁၈ ရက်နေ့ စာရင်းအရ အမေရိကန် ဒေါ်လာ ဖြင့် ၁၃.၉၇၄ ဘီလီယံခန့်ဖြစ်ပြီး ပြည်ပ ကြွေးမြီနဲ့ GDP အချိုးဟာ ၁၅.၄၅ ရာခိုင်နှုန်းခန့် ရှိပါသဖြင့် Debt Substantively Analysis အရ ကြွေးမြီ ခံနိုင်ရည်ရှိမှု အတိုင်းအတာအတွင်း ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်ပြည်ထောင်စု ၏ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေ ၊ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေ၊ ၂၀၁၇ ခုနှစ် ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာများနဲ့လည်း ညီညွှတ်မှု ရှိပြီးတော့၊ နိုင်ငံတော်က ချမှတ်ထားတဲ့ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒများနဲ့လည်း ကိုက်ညီမှုရှိသည် ” ဟု စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အထက်ပါ ကိစ္စကို လာမည့် စက်တင်ဘာလ ၄ ရက်၊ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန် လျာထားချက်ထည့်ထားသောကြောင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များသည် စက်တင်ဘာလ ၃ ရက် မွန်းလွဲ တစ်နာရီ နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းရမည် ဟု ပြောကြားခဲ့သည်။

Credit: Mizzima Burmese

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service