နေအိမ်ဝယ်ယူရန် ပျင်းရိသောကြောင့် ဟိုတယ်တွင်သာ နေထိုင်လျက်ရှိသူ မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး မော်ရင်ဟို - Property News in Myanmar from iMyanmarHouse.com
1531 Views

နေအိမ်ဝယ်ယူရန် ပျင်းရိသောကြောင့် ဟိုတယ်တွင်သာ နေထိုင်လျက်ရှိသူ မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး မော်ရင်ဟို

ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်း မန်ချက် စတာ ယူနိုက်တက်၏ နည်းပြဖြစ်သူ မော်ရင် ဟိုက နေအိမ်တစ်လုံးဝယ်ရန် အလွန်ပျင်းရိကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

သူ၏ မိသားစုမှာ လန်ဒန်တွင် နေထိုင်လျက်ရှိသော် လည်း ၎င်းကိုယ်တိုင်မှာမူ မန်ချက်စတာမြို့ရှိ ဟိုတယ်တစ်လုံး တွင် တည်းခို၍သာ နေထိုင်လျက်ရှိသည်မှာ တစ်နှစ်ခန့်ရှိခဲ့ သည်။

မော်ရင်ဟိုသည် လာမည့်ရာသီအကုန်တွင် စာချုပ်သက် တမ်းပြည့်ပါက အိုးထရက်ဖို့ဒ်ကို ကျောခိုင်းဖွယ်ရာရှိနေပြီး ပြင်သစ် ထိပ်သီးကလပ်ဖြစ်သော ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့မည်ဟူသော သတင်းများစွာ ထွက်ပေါ်နေသည်။

မော်ရင်ဟိုသည် မန်ချက်စတာမြို့တွင် နေအိမ်အတည် တကျ ၀ယ်ယူနေထိုင်ခြင်းမရှိသောကြောင့်လည်း ယခုကဲ့သို့ ခန့်မှန်းချက်များ ပိုမိုအားကောင်းလာခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက ပြန်လည်ဖြေရှင်းခဲ့ရာတွင်မူ မိမိနေအိမ် ၀ယ်ယူရန် ပျင်းရိမှုအပေါ် ထင်ကြေးဖြင့်ခန့်မှန်းခြင်းများ မပြု လုပ်ကြရန် ပရိသတ်များကို ပြောကြားခဲ့သည်ဟု ဆိုသည်။

မန်ချက်စတာယူနိုက်တက်၏ ပြိုင်ဖက်များတွင် အပါ အ၀င်ဖြစ်သော ချယ်လ်ဆီးအသင်းကို အောင်မြင်အောင်စွမ်း ဆောင်နိုင်ခဲ့သော မော်ရင်ဟိုသည် မန်ချက်စတာယူနိုက်တက် တွင် နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ချိန်မှ စတင်ကာ Lowry Hotel အမည်ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွင် နေထိုင်ခဲ့ သည်။

လန်ဒန်တွင် နေထိုင်လျက်ရှိသော ဇနီးနှင့် မိသားစု မှာ မန်ချက်စတာသို့ လာရောက်နေထိုင်ကြရန် အစီအစဉ်မရှိ ကြောင်းလည်း မော်ရင်ဟိုက ပြောထားသည်။ မော်ရင်ဟိုသည် ယင်းဟိုတယ်ခန်းကို တစ်ညလျှင် ပေါင် ၇၀၀ နှုန်းဖြင့် ငှားရမ်းနေထိုင်လျက်ရှိခြင်းဖြစ်သည်ဟု ဆိုသည်။ Lowry Hotel က ဟိုတယ်ခန်းများနှင့် စပ်လျဉ်း၍ ၎င်း၏၀က်ဘ်ဆိုက်တွင် ဖော်ပြထားရာ၌ ကြီးမားသည့် အိပ်ခန်း တစ်ခန်း (သို့မဟုတ်) နှစ်ခန်း ပါဝင်ပြီး သီးခြားအိပ်ခန်းတစ်ခန်း ပါဝင်သေးသည့်အပြင် ညစာစားခန်းနှင့် မီးဖိုဆောင်အခန်း ငယ်တို့လည်း ပါဝင်သေးကြောင်း ဖော်ပြထားသည်။ “ရေချိုးခန်းများကို အီတလီဖြစ် ကြွေပြားများ ခင်းပေး ထားပြီး ဆေးရေးရောင်စုံမှန်များ တပ်ဆင်ထားသည်။ အခန်း အားလုံးတွင် ရေချိုးခန်း ပါဝင်ပြီး မှန်လုံရေချိုးခန်းများ၊ ရေချိုး ခန်းသုံးပစ္စည်းများ၊ မျက်နှာသုတ်ပုဝါများ ထည့်သွင်းပေးထား သည်” ဟု ဖော်ပြထားသည်။ နေအိမ်တစ်လုံး ၀ယ်ယူရန် အစီအစဉ်မရှိကြောင်း၊ ယင်းသို့ မ၀ယ်ယူဖြစ်မှာ မန်ချက်စတာယူနိုက်တက်တွင် မိမိ ဆက်လက် ရှိ၊ မရှိဟူသည့်အချက်များကြောင့် မဟုတ်ဘဲ နေ အိမ်တစ်လုံးဝယ်ရေးအတွက် ရှာဖွေရခြင်းကို အလွန်ပျင်းရိသော ကြောင့်သာဖြစ်ကြောင်း အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်သော် မော်ရင်ဟိုက ထုတ်ဖော်ပြောကြားသည်။

“ကျွန်တော်က အရမ်းပျင်းတတ်တယ်။ ဟိုတယ်မှာ နေရတာကို ကျွန်တော်က သဘောကျတယ်။ ကျွန်တော့်အတွက် ဘယ်သူမှ စိတ်မပူစေချင်ဘူး။ ဟိုတယ်တစ်ခုထဲမှာရှိတဲ့ အခန်း တစ်ခန်းထဲမှာ ကျွန်တော်နေထိုင်ပါတယ်။ အိမ်မှာနေသလိုမျိုး သက်သောင့်သက်သာဖြစ်မှု၊ ကူညီပံ့ပိုးမှု အားလုံးရပါတယ်။ ကျွန်တော်လိုချင်တာ ဘာမဆိုရနိုင်ပါတယ်။ ကျွန်တော်နဲ့ပတ်သက် ပြီး ဟိုတယ်မှာနေရတာ သက်သောင့်သက်သာဖြစ်ပါမလား၊ ပျော်ပါ့မလားစိုးရိမ်နေကြသူတွေကို ကျွန်တော်အဆင်ပြေပါ တယ်လို့ ပြောချင်ပါတယ်”။

“ကျွန်တော် မကြိုက်တဲ့အိမ်၊ မကြိုက်တဲ့နေရာ၊ ကျွန်တော့်ကို ကူညီပေးမယ့်သူတွေနဲ့ ဝေးကွာပြီး အထီးကျန် နေမယ့်နေရာမျိုးက နေအိမ်မျိုးမှာ နေရမယ်ဆိုရင် ကျွန်တော် ဟာ အမြဲဝမ်းနည်းနေရမယ့်သူ၊ အလုပ်ကောင်းကောင်း မလုပ် နိုင်သူ ဖြစ်လာပါလိမ့်မယ်”ဟုလည်း မော်ရင်ဟိုက ဆက်လက် ပြောကြားသည်။

 

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service