မြို့ဟောင်းကိုလည်း ကောင်းအောင်ပြင်ပါ - Property News in Myanmar from iMyanmarHouse.com
1406 Views

မြို့ဟောင်းကိုလည်း ကောင်းအောင်ပြင်ပါ

အသစ်ကို လူတိုင်းနှစ်သက်ကြသည်။ အသစ် အသစ်တို့ ဖန်တီးကာ လူတိုင်း၏လိုချင်စိတ်ကို နှိုးဆွပြီး စီးပွားရှာနေကြသည်။ အသစ်ကိုခုံမင်ကြခြင်း၏ ပြယုဂ်တစ်ခုအနေနှင့် လူကြီးလူငယ်အရွယ်မရွေး နှစ်သက် ကြသည့် မိုဘိုင်းဖုန်းသုံးစွဲမှုကိုကြည့်လျှင် တွေ့နိုင်ပါသည်။ အ၀တ်အစားဆိုလျှင်လည်း ဒီဇိုင်းအမျိုးမျိုး အသားအမျိုးမျိုး ဖြင့် နေ့စဉ်နှင့်အမျှ တီထွင်ဆန်းသစ်ရောင်းချနေကြသည်။ အသစ်အသစ်တို့က ယခင်နှင့်မတူ အလျင်အမြန်ပြောင်းနေ သည်က လိုက်မမီလောက်အောင်ပင် ဖြစ်နေသည်။ သစ်နိုင် သမျှသစ်နေကြသည်။ ရှည်နေသောစကတ်တို့ တဖြည်းဖြည်း တိုလာမည်။ တိုနေသောစကတ်တို့ တဖြည်းဖြည်းပြန်ရှည်လာ မည်။ အသစ်တို့သည် တစ်ချိန်တွင် ဟောင်းရမည်။ ဓမ္မတာပင်။

လက်ရှိကာလတွင် မျှော်လင့်ခြင်းကြီးစွာဖြင့် ရန်ကုန် မြို့သစ်ကြီးတစ်ခုဖန်တီးဖို့ ပြည်သူလူထု၏ တစ်ခဲနက်အားပေး ထောက်ခံခြင်းဖြင့် တက်လာသော အစိုးရထဲမှ ရန်ကုန်တိုင်း အစိုးရက ကုမ္ပဏီဖွဲ့စည်းပြီး ဖန်တီးကြပေတော့မည်။ အသစ်ကို ခုံမင်သော လူ့စိတ်၏အလိုအရဆိုလျှင် ကောင်းတာပေါ့ဟု၍ သာ ပြောရမည်။

သို့ပေသော်လည်း မြို့သစ်ကြီးဖော်ဆောင်ဖန်တီးမှာ မို့ မြို့ဟောင်းကြီးကို လျစ်လျူရှုစရာတော့မလိုပေ။ ကိစ္စတစ်ခု နှင့် အပြင်သို့သွားဖြစ်ခဲ့သည်။ မိုးသားတို့ ရိပ်ရိပ်ပြေးနေသော ကောင်းကင်ကိုကြည့်ပြီး အပူဒဏ်လျော့ပါး၍ နှစ်ခြိုက်မိသည်။ အတွေးက မိုးရိပ်တိမ်လိပ်တို့နှင့်အတူ လွင့်မျောမိသည်။ စီးလာ သော ကား၏ ခုန်ထွက်လှုပ်ရမ်းမှုကြောင့်အသိတို့ ပြန်ကပ် သည်။

လေကာမှန်ရှေ့ ကတ်္တရာလမ်းတို့ကြည့်လိုက်ရာ အပေါက်အပြဲချိုင့်ခွက်တို့ များပြားလှသဖြင့် ကားဘီးချိုင့်ထဲ ကျပြီး ခုန်သွားခြင်းဖြစ်သည်။ လမ်းတို့သည် ဆိုးရွားလှချေ သည်။ ဒီနေရာလေးမှာပဲ ဖြစ်တာဖြစ်မှာပါလေဟု စိတ်က သတ်မှတ်လိုက်သည်။ ဒါကလည်း ခိုင်းထားသည့်ကာလက နှစ်ပေါင်းမြောက်မြားစွာ မကြာလှသေးသောကြောင့်ဖြစ်သည်။ ပန်းဘဲတန်း၊ ကမ်းနားလမ်းဘက်တွင်ဖြစ်သည်။ ကျွန်တော် အတွေးနှင့်တက်တက်စင်ကိုလွဲသည်။ ညောင်ပင်လေးဈေး လမ်းဆုံနေရာသည်လည်း လမ်းတို့ကြည့်မကောင်း ရှုမကောင်း အောင်ဖြစ်နေသည်။ ချိုင့်ခွက်ကြီးများကို သဲအိတ်များဖြင့်ဖို့ ထားသည်။ ကြည့်ရဆိုးဘိသည်။ ထိုမှဆက်လာခဲ့ရာ ကမ်းနား လမ်းနှင့် ကုန်သည်လမ်းဆုံရာ မော်တင်မှတ်တိုင်တွင် လမ်းတို့ ပေါက်ပြဲနေသည်ကို တွေ့ရသည်။ ထိုကမ်းနားလမ်းကို ကတ်္တရာ ခင်းထားသည့် သက်တမ်းသည် လက်ရှိအစိုးရတက်ပြီး နောက်မှ ခင်းခြင်းဖြစ်သည်။

မိုးသားတိမ်လိပ်တို့အပေါ် အာရုံကပျောက်သွားခဲ့ သည်။ ရှေ့ရှုရာလမ်းတို့၏ အခြေအနေဆိုးကိုသာ သတိထားနေ မိတော့သည်။ ဘေးမှကားဆရာကို မပြတ်သတိပေးနေရသည်။ ၀ါးတန်းလမ်းမှတက်ပြီး ကြည့်မြင်တိုင်အောက်လမ်းအတိုင်း မောင်းလာရာတွင်လည်း ပေါက်ပြဲနေသော ချိုင့်ခွက်တို့ကို တွေ့နေရသည်။

ထိုနေ့က ကျွန်တော်သွားခဲ့ရာ စမ်းချောင်း၊ လှိုင်၊ အင်းစိန်၊ ကမာရွတ်နှင့် မြောက်ဒဂုံတို့သို့ရောက်ခဲ့သည်။ ကား အောက်က လမ်းတို့သည် ကားကိုအချိန်မရွေးအန်္တရာယ်ပေး နိုင်သည့် အခြေအနေတွင်ရှိနေသည်။ လမ်းမီးတို့ကောင်းစွာ မရသောနေရာတို့တွင် မိုးညမှောင်မှောင်မှာ ထိုလမ်းချိုင့်ခွက် တို့သည် စက်ဘီး၊ ဆိုင်ကယ်တို့ကို အချိန်မရွေး ဒုက်္ခပေးနိုင် သော သေမင်းချောက်များဖြစ်သည်။ ထိုနေ့က ရန်ကုန်မြို့၏ အစိတ်အပိုင်းတစ်ချို့သွားခဲ့စဉ်အတွင်း မြင်တွေ့ခဲ့ရသည်။ မြင်ကွင်းမှ အားနည်းချက်တစ်စိတ်တစ်ပိုင်းကို ဖော်ပြခြင်းဖြစ် သည်။

မဟာရန်ကုန်မြို့သစ်ကြီးကို ဖော်ဆောင်ရန်တာစူနေ ကြပေပြီ။ မြို့ဟောင်းကြီးကတော့ ဒဏ်ရာဗရပွနှင့်ဖြစ်နေသည်။ တိုက်တာ၊ အဆောက်အအုံ၊ လမ်းတံတားတို့သည် လူတို့စိတ် လက်ချမ်းသာကာလရှည်အသုံးပြုခံနိုင်သော အရည်အသွေး ရှိပါရဲ့လားဆိုသော အတွေးဖြစ်မိသည်။

ထိုနေ့ကခရီးစဉ်တွင် မြောက်ဒဂုံ၊ ပါရမီ၊ ဘေလီတံတား ကို ဖြတ်သန်းခဲ့ရသည်။ နောက်မှဆောက်ခဲ့သော ဘေလီတံတား သစ်၏ ဆက်ကြောင်းတို့သည် ဆိုးရွားလှချေသည်။ အင်ဂျင် နီယာနည်းပညာ ညံ့ဖျင်းခဲ့လေသည်လား။ မိမိတို့ တည်ဆောက် ခွင့်ရသော အဆောက်အအုံတို့၏ သေသပ်၊ ခိုင်ခံ့၊ လှပခေတ်မီ မှုစံကို လက်ကိုင်မထားကြတော့ပေဘူးလား။ ဤကဲ့သို့သော ကိစ်္စတိုင်း၊ နေရာဌာနတိုင်းကို ရည်ညွှန်းပါသည်။ တံတားအဆင်း နှင့် လမ်းဆုံမီးပွိုင့်တို့ ဆုံနေသည့်အနေအထားတွင် တံတား များ၊ ဂုံးတံတားများပေါ်တွင် ယာဉ်တန်းရှည်ကြီး အချိန်ကြာမြင့် စွာ ရပ်တန့်စောင့်ဆိုင်းကြရသည်က နေ့စဉ်တိုင်းဖြစ်နေသည်။ လမ်းတံတားတို့ ကြံ့ခိုင်မှုနှင့် အရည်အသွေး စံချိန်စံညွှန်း ချွတ် ယွင်းလျော့နည်းနေခဲ့ပါလျှင် ဖြစ်လာမည့် နောက်ဆက်တွဲသည် လူတို့၏ အသက်အန်္တရာယ်နှင့် ရင်းနှီးရပေတော့မည်။ ကျွန်တော်တို့ နိုင်ငံအနေနှင့် အဂတိလိုက်စားမှုနှင့် တစ်နပ်စားကြံခြင်းများကြောင့် အဖက်ဖက် အရပ်ရပ်ရှိ စိတ်ဓာတ် တို့ နိမ့်ကျလျော့ခဲ့သည်။ နှစ်ပေါင်းမြောက်များစွာ အရိုးစွဲအမူ အကျင့်ဆိုးတို့ကြောင့် အတော်ပြုပြင်ယူကြရမည့် အနေအထား ဖြစ်လာသည်။

နိုင်ငံတစ်နိုင်ငံ၏ အကောင်းဆုံးစံနှုန်းဟု သတ်မှတ် နေကြသည့် ဒီမိုကရေစီစံနှုန်းကို တည်ထောင်ဖို့နေနေသာသာ ကျွန်ုပ်တို့ ရပ်ကျေးအဆင့်တွင်ပင် အတော်လုပ်ယူနေရသည်။ အတိုက်အခိုက်ကလည်း ပြင်းထန်ကြသည်။ ရပ်ကျေးအဆင့်မှာ ပင် အာဏာရလာလျှင် ငါ့အတွက်ဘာဖြစ်ရမယ်ဆိုသည့် စိတ် ဓာတ်တို့ရှိနေကြသေးသည်ကို တွေ့နေရသည်။ အုပ်ချုပ်ဦးဆောင် မည့် လူပုဂ်္ဂိုလ်တို့၏ စိတ်ဓာတ်စံနှုန်းချို့ယွင်းမှုဖြင့် လူအသိုင်း အ၀ိုင်းကြီးကို မည်သို့ထုဆစ်ပုံဖော်ကြမည်နည်း။

ယခုလည်း စီမံကိန်းကြီးများကို ပုံဖော်ဖို့ ကြိုးစားနေ ကြသည်။ မြို့သစ်စီမံကိန်း၊ မြေအောက်လမ်း၊ မိုးပျံလမ်း၊ အိမ်ရာစီမံကိန်း၊ စက်မှုဇုန်စီမံကိန်းကြီးများ ဖြစ်ထွန်းလျှင် ကောင်းပါသည်။ ဖြစ်အောင်လည်း လုပ်နိုင်ကြပါစေလို့ မျှော်လင့် နေမိသည်။ ပုဂ်္ဂိုလ်တစ်ဦးချင်းစီ၏ အကျိုးစီးပွားထက် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက်ကို ရှေ့ရှုစေချင်ပါ သည်။

မြို့သစ်ကြီးများကို နိုင်ငံတကာက တည်ဆောက်နေ သည့် နည်းနာကောင်းတို့ကိုယူ၍ အလေအလွင့်ဆုံးရှုံးမှုနည်း နိုင်သမျှ နည်းအောင်နှင့်ကုန်ကျမှု စရိတ်စက ကွာဟမှုနည်း အောင် ပြုလုပ်တည်ဆောက်ကြရပါမည်။ နိုင်ငံသည် မချမ်းသာ ပါ။ ကြွေးမြီများနှင့်လည်ပတ်နေကြရသည်။ နိုင်ငံတိုးတက် ချမ်းသာဖို့အတွက်ဆိုသော စိတ်ကိုစွဲစွဲမြဲမြဲထားကြရပါမည်။

ရှေ့ကိုတွန်းတက်စေချင်သည့်စိတ်ဖြင့် ကြက်ယက် သလိုလုပ်နေလျှင်လည်း မဖြစ်ပေ။ အဟောင်းကိုလည်း ထိန်း သိမ်းကြရပေမည်။ အဟောင်းမှာလည်း တန်ဖိုးဖြတ်မရသည့် တန်ဖိုးတို့ရှိသေည်။ အသစ်တို့ကို ဖန်တီးရမည်၊ ပုံဖော်ရမည်။ အသစ်တို့ သည် နောင်တစ်ချိန်တွင် ဟောင်းနွမ်းပေမည်။ ဟောင်းနွမ်းမှု တွင်လည်း တန်ဖိုးရှိအောင် ကျွန်တော်တို့ လက်ထက်မှာဖြစ် အောင်လုပ်စေချင်ပါသည်။ ရန်ကုန်မြို့သစ်ကြီးကို ပုံဖော်ကြပေတော့မည်။ ဖော် စေချင်ပါသည်။ စည်းစနစ်မကျသော မြို့ဟောင်းကြီးကို ပမာပြု ၍ မြို့သစ်ကိုပုံဖော်စေချင်သည်။

မြို့ဟောင်းသည် ကျူးကျော်ပျံကျတို့နှင့် ကြည့်ရဆိုး သည်။ ရှုပ်ထွေးပွေလီလှသော လျှပ်စစ်သွယ်တန်းမှုတို့နှင့် အရုပ်ဆိုးသည်။ အဖုံးလွတ်နေသော ရေမြောင်းတို့သည် စွန့်ပစ် အမှိုက်တို့နှင့် အရုပ်ဆိုးသည်။ ဈေးသည်တို့၏ စနစ်မကျသော အမှိုက်စွန့်မှုကြောင့် အရုပ်ဆိုးသည်။ နောက်ဖေးလမ်းကြားတို့ ၀င်ရောက်သန့်ရှင်းရမည့်လမ်းပေါက်ဝတို့တွင် ဈေးဆိုင်တည် ရောင်းချနေမှုတို့ကလည်း အရုပ်ဆိုးသည်။ ရပ်ချင်သလို ရပ် ထားသောကားတို့ကြောင့်လည်း အရုပ်ဆိုးသည်။ အပေါက်အပြဲ တို့ပြည့်ပြီး ရေ၀ပ်နေသော ချိုင့်ခွက်များကြောင့် ရန်ကုန်မြို့ ဟောင်း၏ လမ်းတွေကလည်း အရုပ်ဆိုးသည်။ တိုက်တာ အဆောက်အအုံဟောင်းတို့တွင် တွယ်ပေါက်နေသော ညောင်ပင် တို့ကြောင့်လည်း အရုပ်ဆိုးသည်။

ဒီအရုပ်ဆိုးမှုတွေက ရန်ကုန်မြို့သစ်ကြီးဆီကို ကူး စက်ပါသွားလျှင်ဖြင့် ဆိုသောအတွေးကို ကြံဖန်တွေးမိသည်။ မြို့ဟောင်း၏ချို့ယွင်းချက်ကို မြို့ဟောင်းမှာ ပြင်ခဲ့ကြရမည် ဖြစ်ပါကြောင်း မဟာရန်ကုန်မြို့ကြီးရဲ့ ခရီးလမ်းကြောင်း စေတနာကောင်းတို့နှင့် ဖြောင့်ဖြူးပါစေ။

Photo Credit: Facebook http://tofuphotography.blogspot.com

 

ဦးအောင်ခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service